“ငါပြောတဲ့သုံးချက်ဟာ မင်းညီညွတ်အောင်နေလို့ရှိရင် မဂ်ဖိုလ်ရပါလိမ့်မယ်” လို့ ပြောထားတယ်နော် (မှန်ပါဘုရား) မာဂဏ္ဍီပရိဗိုလ်ကို မဂ်ဖိုလ်ရချင်လို့ရှိရင် ဘုရားက သုံးချက်ဟောတယ် … (မှန်ပါ့) တစ်နံပါတ်က သူတော်ကောင်းကို ဆည်းကပ်ရမယ်။ တစ်နံပါတ်က ဘာပါလိမ့် (သူတော်ကောင်းကို ဆည်းကပ်ရပါမယ်)။
အဲ … မဂ်ဖိုလ်ရချင်လို့ရှိရင် သူတော်ကောင်းဆည်းကပ်ကြပါလို့ ဘုရားကရှေးဦးစွာ တိုက်တွန်းတယ် (မှန်ပါ့)။ သူတော်ကောင်းဆည်းကပ်ရုံနဲ့၊ အနားကပ်ပြီးသကာလ ကြည်ညိုနေရုံနဲ့လဲ ဒါမပြီးသေးပါဘူး … လို့ ဒကာ ဒကာမတွေက မှတ်ရမယ် (မှန်ပါ့) တရားကိုနာရဦးမယ်တဲ့ (မှန်ပါ့) သူတော်ကောင်းနားဆည်းကပ်ပြီး တရားလဲနာရဦးမှာဗျ … (မှန်ပါ့) တရားမနာလို့ရှိရင်လဲ ဒကာ ဒကာမတို့ ထစ်ထစ်ချ မှတ်ပေတော့ မည်သူမျှ သောတာပန် မတည်နိုင်ဘူး (မှန်ပါ့ဘုရား)။
တရားမနာလို့ရှိရင်သောတာပန်မတည်နိုင်ပါ။
သူတစ်ပါးထံမှတရားမနာဘဲ အလိုလိုကိုယ့်ဥာဏ်နဲ့ ဘုရား ပစ္စေကဗုဒ္ဓါကလွဲရင် ဘယ်သူမှ သောတာပန်မတည်နိုင်ဘူးလို့ ဆုံဖြတ်ချက်ချ (မှန်ပါ့) ဘုရားနဲ့ ပစ္စေက ဗုဒ္ဓါကလွဲရင်ကျန်တဲ့ ပုဂ္ဂိုလ်များမှာ ဘယ်အခါကာလမှ သောတာပန်မတည်နိုင်ဘူး … (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီဘုရား)။
ဘုရား ပစ္စေကဗုဒ္ဓါကိုချန်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာဖြင့် တရားမနာဘဲသောတာပန်တည်တဲ့ပုဂ္ဂိုလ် မရှိကို မရှိဘူးလို့ ဆုံးဖြတ်ချက်ချ…(မှန်ပါ့) သဘောကျပလား (ကျပါပြီ)၊ ဘယ်နှစ်ချက်ရှိသွားပလဲ (နှစ်ချက်ပါဘုရား)။
လျော်စွာကျင့်ရမယ် (မှန်ပါ့) လျော်စွာဆိုတဲ့ ဥစ္စာတော်တော်အရေးကြီးတယ်။ ၃-နံပါတ် အချက်ပဲလို့ အားလုံး ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်ပါ့) ဒကာ ဒကာမတို့ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်လို့မှတ်ပါ (မှန်ပါ့ဘုရား)။
တရားနဲ့လျော်အောင်ကျင့်
လျော်စွာအကျင့်ဆိုတာ ဓမ္မာနုဓမ္မကိုဆိုသည် (မှန်ပါ့)၊ ဓမ္မာနုဓမ္မဆိုသည်မှာ တရားနဲ့လျော်အောင် ကျင့်သောအကျင့်ကိုဆိုသည် … (မှန်ပါ့)။
တရားနဲ့ လျော်အောင်ဆို အခု ဒကာ ဒကာမတွေ တရားနာနေတာ ဘယ်သူတွေတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမယ် … (ရုပ်နာမ်တွေပါဘုရား)။
သြော် … ဒါဖြင့် ရုပ်နာမ်တွေဆိုတာ ဒကာဒကာမတွေ သိနေတော့ ရုပ်ကလည်း ဘယ်မှာလမ်းဆုံးပါလိမ့်မတုံးမေးတော့ ဖြစ်ပျက်၊ နာမ်ကလည်း ဘယ်မှာလမ်းဆုံးသလဲ … (ဖြစ်ပျက်ပါပဲဘုရား)၊ အဲဒီတရားနှစ်ခုနဲ့ လျော်အောင်ကျင့်ပါတဲ့ … (မှန်ပါ့ဘုရား)။
ဒီတရားနှစ်ခုက လျော်အောင် ဥာဏ်က ဘာလုပ်ရမလဲ … (လျော်အောင်ကျင့်ရပါမယ်ဘုရား)။ ရုပ်က ဖြစ်ပျက်ဆိုရင် ဥာဏ်ကလည်း ဖြစ်ပျက်လို့သိရမယ် …(မှန်ပါ့)၊ ရုပ်က ဖြစ်ပျက်ဆိုရင် ဥာဏ်က ဘယ်လိုသိရမလဲ (ဖြစ်ပျက်လို့ သိရပါမယ်ဘုရား)။
အဲဒီတော့ တရားနဲ့ မလျော်ဘူလား (လျော်ပါတယ်ဘုရား) နဂိုအရှိ ဖြစ်ပျက်နဲ့ ဥာဏ်ကဖြစ်ပျက်လိုပ သိတာနဲ့တော့ ဦးခင်မောင် လျော်တာပေါ့ … (မှန်ပါ့)။
နာမ်ကပြတာကလဲ နာမ်လို့သာ ဆိုရတယ် ကိုယ်ကြည့်လိုက်တဲ့အချိန်ကျတော့ သူကလဲ ဘာပြသတုံး (ဖြစ်ပျက်ပဲပြပါတယ်ဘုရား) ဥာဏ်က ဘယ်လိုမြင်ရမှာတုံး (ဖြစ်ပျက်ကို မြင်ရမှာပါဘုရား) အဲဒါ လျော်စွာအကျင့်ဆိုတာ ဒါကို ဆိုတာပဲ ဓမ္မာနုဓမ္မဆိုတာ ဒါပါပဲ … (မှန်ပါ့)။
ဓမ္မဿ အနုဓမ္မံ ပဋိပဒံ ဆိုတဲ့အတိုင်း တရားနဲ့ လျော်အောင် ကျင့်တဲ့အကျင့်ပဲလို့ ဆိုသောကြောင့် နာမ်က ဖြစ်ပျက်မို့ ကျင့်တဲ့ဥာဏ်ကလဲ ဖြစ်ပျက်လို့ပဲ သူကဖြစ်ပျက်ပြလို့ သြော် ဒါဟာ ဖြစ်ပျက်ပါလားလို့ ဥာဏ်ကလဲ နှလုံးသွင်းပါ … တဲ့၊ (မှန်ပါ့)။
ဥာဏ်ကဖြစ်ပျက်လို့ သိပေးပါ။
သိပ်ခဲယဉ်းတယ်လို့ ဒကာ ဒကာမတွေ ၀ိပဿနာစခန်းမှာ နောက်မတွန့်ကြပါနဲ့ (မှန်ပါ့) တရားက ဖြစ်ပျက်ပြနေရင် ဥာဏ်က ဘယ်လိုသိရမတုံး (ဖြစ်ပျက်လို့သိရပါမယ်ဘုရား) သဘောကျပလား (ကျပါပြီဘုရား) ရုပ်က ဖြစ်ပျက်ဆိုရင်ကော (ဥာဏ်ကဖြစ်ပျက်လို့ သိပေးရပါမယ်ဘုရား)။
အဲ … ရုပ်နာမ်ဖြစ်ပျက် ပြလို့ရှိရင် ဥာဏ်က သိပေးလိုက်လို့ရှိရင် ဒါဟာ တရားနဲ့ မလျော်ဘူးလား (လျော်ပါတယ်ဘုရား) ရုပ်နာမ်တရား ဖြစ်ပျက်နဲ့လဲ ဥာဏ်လျော်ပြီ နာမ်တရားဖြစ်ပျက်နဲ့လဲ (ဥာဏ်နဲ့လျော်ပါပြီဘုရား) အဲဒါ လျော်စွာအကျင့်ဆိုတဲ့ ၃-နံပါတ်ပဲနော် (မှန်ပါ့)။
ကောင်းပြီ … ဒီလိုကျင့်လို့ရှိရင် ဥာဏ်က သိပေးလိုက်လို့ရှိရင် ဒါဟာ တရားနဲ့ မလျော်ဘူးလား (လျော်ပါတယ်ဘုရား) ရုပ်နာမ်တရား ဖြစ်ပျက်နဲ့လဲ ဥာဏ်လျော်ပြီ နာမ်တရား ဖြစ်ပျက်နဲ့လဲ (ဥာဏ်နဲ့လျော်ပါပြီဘုရား) အဲဒါလျော်စွာကျင့်ဆိုတဲ့ ၃-နံပါတ်ပဲနော် (မှန်ပါ့)။
ကောင်းပြီ … ဒီလိုကျင့်လို့ရှိရင် မာဂဏ္ဍီကို ဒီသုံးချက် ဟောလိုက်တယ်၊ အဲဒါကို မှတ်မိအောင် …
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ …။
ဒကာ ဒကာမတို့ ဒါကလေး နှုတ်ထဲရအောင် ဆောင်ထားလိုက်ကြပါနော် … (မှန်ပါ့)။
အဲဒီ မဂဏ္ဍီပရိဗိုဇ်ကို၊ မင်းသည် သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာသာ ကျင့်စမ်းပါတဲ့၊ မဂ်ဖိုလ်ခွင့်ကတော့ ရလင့်ဧကန်ပါတဲ့၊ သုံးချက်တည်း ဟောတော်မူတာဗျ (မှန်ပါ့)။
ဒီသုံးချက်နဲ့ညီရင် မဂ်ဖိုလ်ရမယ်
နောက်နှစ်ချက်ကတော့ အဖြေပြတာပါ။ စင်စစ်ကတော့ သူတော်ဆည်းကပ်တစ်ချက်ရယ်၊ မြတ်တရားနာတစ်ချက်ရယ်၊ လျော်စွာအကျင့် တစ်ချက်၊ ဤသုံးချက်နဲ့ ညီလို့ရှိရင် မဂ်ဖိုလ်အခွင့်အရေးဟာဖြင့် ဧကန်ရမှာပဲ … တဲ့ (မှန်ပါ့) မာဂဏ္ဍီကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတာ၊ မဇ္စျိမပဏ္ဏသ ပါဠိတော် မာဂဏ္ဍီယသုတ်မှာလို့ မှတ်ရမယ် (မှန်ပါ့)။
၁-နံပါတ်က ဘာတဲ့ (သူတော်ဆည်းကပ်ပါဘုရား) အဲ … သူတော်ကောင်းများ ဆည်းကပ်ပါလို့ ဆိုလိုက်တယ်နော် … (မှန်ပါ့)။
၂-နံပါတ်က ဘာတဲ့ (မြတ်တရားနာပါဘုရား) တရားကတော့ မနာရင် မဖြစ်ဘူး … တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့) ဘယ်နည်းနဲ့မှ တရားမနာရင် မရဘူးဆိုတာ အထင်အရှားပေါ့ဗျာ … (မှန်ပါ့)။
၃-နံပါတ် လျော်စွာအကျင့်ဆိုတာက တရားချည်းနာရုံနာလို့လဲ မပြီသေးဘူး၊ လျော်စွာကျင့်ပုံကို ခုနင်က သေသေချာချာပြောခဲ့တယ် (မှန်ပါ့) လျော်စွာကျင့်ဖို့ကလဲ အရေးမကြီးဘူးလား (ကြီးပါတယ်ဘုရား) ဒီသုံးချကနဲ့သာ ညီပါစေ မဂ်ဖိုလ် အခွင့်အရေးဟာဖြင့် ဧကန်ရပါတယ် (မှန်ပါ့)။
ဒီတော့ ဦးခင်မောင်တို့ ဘယ်နှစ်ချက်လဲ (သုံးချက်တည်းပါဘုရား) သြော် … ဒါဖြင့် မဂ်ဖိုလ်ရချင်လို့ရှိရင် သူတော်ဆည်းကပ်ပြီးတရားနားလို့ လျော်အောင်ကျင့်လိုက်လို့ရှိရင် ပြီးကြစတမ်းပဲဆိုတဲ့ဥစ္စာ ဒကာဒကာမတွေ သေသေချာချာမှတ်ပါတော့ (မှန်ပါ့)။
ပါဠိတော်ဆိုရင် သံသယမရှိနဲ့တော့
ဒါ … ဘယ်သူ့ကို ဟောတာပါလိမ့် (မာဂဏ္ဍီကိုဟောတာပါဘုရား) ဘယ်ပါဠိတော်ပါလိမ့် (မဇ္စျိမပဏ္ဏာသပါဠိတော်ပါဘုရား) ပါဠိတော်ဆိုရင် ဘာမှ သံသယမရှိနဲ့တော့ ကိုယ်တော်တိုင် ဟောတာ (မှန်ပါ့)။
ကိုယ်တော်တိုင် ဟောတာဆိုတော့ ဘုရားက နှစ်ခွန်းမပြောဘူး၊ တစ်ခွန်းနဲ့ အမှန်ပြောတာ (မှန်ပါ့)။
ဒါဖြင့် ဒီသုံးချက်နဲ့ညီရင် ရနိုင်တယ်လို့ တစ်ခွန်းတည်း မပြောဘူးလား (ပြောပါတယ်ဘုရား) အဲဒါ တို့လုပ်ကြည့်တဲ့အခါ မရဘူးလို့ မအောက်မေ့နဲ့ ရမှာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ဘုရားဟာ နှစ်ခွန်းမပြောဘူး (မှန်ပါ့) ဘယ်လိုပြောလေ့ရှိသတုံး (တစ်ခွန်းနဲ့ အမှန်ပြောပါတယ်ဘုရား) … အဲဒါဟာ မြတ်စွာဘုရားတို့ ထုံးတမ်းနော် (မှန်ပါ့) ဘယ်ဘုရားမဆို ဘယ်လိုပြောလေ့ရှိသတုံး (တစ်ခွန်းနဲ့ အမှန်ပြောလေ့ရှိပါတယ်ဘုရား)။
အဲဒီတော့ အခု ဘုရားက မာဂဏ္ဍီကို သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ ဒီသုံးချက်သာညီပါစေ၊ မဂ်ဖိုလ်ရနိုင်ပါတယ်ဆိုတော့ ဒကာ ဒကာမတို့ ကိုယ်တော်ကြီးတစ်ခွန်းတည်း အမှန် ပြောထားတယ် (မှန်ပါ့) အမှန်ပြောတာကို သံသယရှိရှိနဲ့ မကျင့်လိုက်ပါနဲ့ (မှန်ပါ့)။
သံသယရှိရှိနဲ့ မကျင့်ပါနဲ့ ဒကာဒကာမတို့၊ ဆုံးဖြတ်ချက်ချပြီး သကာလ ကျင့်ပါ။ သြော် … ကိုယ်တော်ကြီးပြောခဲ့တဲ့အတိုင်း၊ ဒီသုံးချက်ညီရင်ရမယ်လို့ မာဂဏ္ဍီကို သေသေချာချာဟောတော့၊ ဒကာ ဒကာမတွေကလဲ ဘယ်လို ဆုံးဖြတ်ချက်ချရမတုံး ဆိုလို့ရှိရင်၊ ဘုရားအပေါ်မှာလဲ သံသယမရှိနဲ့၊ တရားအပေးမှာလဲ သံသယမရှိနဲ့၊ ကိုယ့်အပေါ်မှာလဲ သံသယမရှိနဲ့၊ ကိုယ့်အပေါ်မှာလဲ သံသယမရှိနဲ့၊ ကျင့်မဲသာ ကျင့်ရမှာပဲ (မှန်ပါ့)။
ဟုတ်မှဟုတ်ပါ့မလး မလာစေနဲ့
ဒါဖြင့် ဒကာ ဒကာမတွေကို နှိပ်စက်တာက ရမှရပါ့ မလားဆိုတော့ ၀ိစိကိစ္ဆာ (မှန်ပါ့) အဲဒါကလေး ၀င်ပြီး နှိပ်စက်လိမ့်မယ်နော် (မှန်ပါ့) ဘုရားဟောတဲ့အတိုင်း ဆရာဘုန်းကြီးပြောတာလဲ မှန်ပါတယ်၊ ကိုယ့်အခြေအနေက ဟုတ်မှဟုတ်ပါ့မလား၊ ဒါ - မလာစေနဲ့ - (မှန်ပါ့)။
ဘယ်လိုများ တွေးတတ်ပါလိမ့် … (ကိုယ့်အခြေအနေက ဟုတ်မှဟုတ်ပါ့မလားလို့ သံသယဖြစ်တတ်ပါတယ်) သံသယ ၀ိစိကိစ္ဆာ မဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ်ဘုရား)။
အဲဒီတော့ ကိုယ့်အခြေအနေက သံသယ ၀ိစိကိစ္ဆာ ဖြစ်တော့ ကိုယ်ကိုယ်တိုင် ဘုရားပေါ်မှာလဲ မယုံတာသေချာတယ်၊ ဘုရားအပေါ်မှာကော (မယုံတာသေချာပါတယ်ဘုရား) ကိုယ့်အပေါ် စိတ်မချရတာလဲ (သေချာပါတယ်ဘုရား)။
ဒါဖြင့် သူ့ဟာက ဘယ်သူ့အပေါ်မှာ စိတ်ချလက်ချ မရှိတဲ့ ပုဂ္ဂိုလ် ဘာမှမဖြစ်တော့ဘူး (မှန်လှပါ) ဖြစ်စရာမြင်သေးရဲ့လား (မမြင်ပါဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘယ်လို ပြောလေ့ရှိပါသတုံး (တစ်ခွန်းနဲ့ အမှန်ကိုသာ ပြောပါတယ်ဘုရား) တစ်ခွန်းနဲ့ အမှန်ပြောတော့ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်ဆိုတာ မပြောဘူးလား (ပြောပါတယ်ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ သြော် … ဒို့ သူတော်ကောင်းလဲ ဆည်းကပ်နေတယ်၊ တရားလဲနာနေတယ်၊ ဒို့မှာ ဘာလိုနေသေးသတုံးဆိုတော့ လျော်စွာအကျင့်ကလေးလိုလိမ့်မယ် ထင်တယ် (မှန်ပါ့) အဲဒါကလေး ဖြည့်လိုက်ရင် မပြီးသေးဘူးလား (ပြီးပါတယ်ဘုရား)။
ဒါဖြင့်ပြီးမည့်အလုပ်ကလေးကို ဒကာ ဒကာမတို့ ၁-ကပြည့်ပြီ၊ ၂-ကပြည့်ပြီ၊ ၃-ကလေး ကျန်နေတဲ့ ဥစ္စာကိုဖြင့် ဒီဥစ္စာ ကြိုးစားလိုက်ရင် ပြီးသွားမှာပဲ (မှန်ပါ့).
၁ - ရယ်၊ ၂ - ရယ်၊ ၃ - ရယ် ရှိရာတွင် ခင်ဗျားတို့ အတွက်မှာ ဘာကလေး အရေးကြီးနေပါလိမ့် … (၃-အရေးကြီးပါတယ်ဘုရား)။
၃-အရေးကလဲ ဘုန်းကြီးပြောတော့ လွယ်ပါတယ်၊ ရုပ်က ဖြစ်ပျက်ဆိုရင် ဥာဏ်က ဘယ်လိုသိရမယ်(ဖြစ်ပျက်လို့ သိရပါမယ်) ဖြစ်ပျက်လို့ ဥာဏ်ကသိပေးရင် ပြီးတာပဲ (မှန်ပါ့) နာမ်က ဖြစ်ပျက်ဆိုရင်ကော (ဥာဏ်ကဖြစ်ပျက်လို့သိရပါမယ်) ဒီလိုသိပေးတော့ မလျော်ဘူးလားဗျာ … (လျော်ပါတယ်ဘုရား) ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်သိနဲ့ သွားကိုက်တယ် … (မှန်ပါ့)။
ဘာနဲ့ဘာ သွားကိုက်ပါလိမ့် (ဖြစ်ပျက်ရှိနဲ့ ဖြစ်ပျက်အသိနဲ့ သွားကိုက်ပါတယ်ဘုရား) ကျေနပ်ကြပလား (ကျေနပ်ပါပြီဘုရား)။
ဖြစ်ပျက်ရှိနဲ့ ဖြစ်ပျက်သိတာ ကိုက်လို့ရှိရင်ဖြင့် ဘုရား၏ တပည့်သားဖြစ်တဲ့ ဘုန်းကြီးများကလဲ တာဝန်ယူနိုင်ပါတယ်၊ ဘာမှခင်ဗျားတို့ သံသယမရှိနဲ့၊ ဒုက္ခဧကန်သိမ်းမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
နိဗ္ဗာန်ဟာ ဖြစ်ပျက်သိလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဆုတောင်းနေစရာတောင် မလိုဘူး၊ သူ့ဟာသူရောက်သွားတာပဲ … (မှန်ပါ့)။
ဖြစ်ပျက်သိရင် ဆုတောင်းမနေနဲ့တော့
နိဗ္ဗာန်ရောက်ဖို့ ဖြစ်ပျက်သာတွေ့လို့ ဖြစ်ပျက်သိတဲ့ ဒကာ ဒကာမတွေဖြင့် ဘာမှ ဆုတောင်းမနေနဲ့တော့ ရောက်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဖြစ်ပျက်သိတဲ့ ဒကာ ဒကာမတွေ (ဘာဆုမှ မတောင်းရပါ ရောက်ပါတယ်ဘုရား) ဖြစ်ပျက်သိရင် ရောက်ရုံရှိတော့တာပဲဗျ၊ ဖြစ်ပျက်သိတာသည် ယထာဘူတဥာဏ်ရသွားပြီ … (မှန်ပါဘုရား)။
ဒီဖြစ်ပျက်လဲ ဆက်ကြည့်တော့ မုန်းမှာပဲ၊ ဒီဖြစ်ပျက်ပဲနောက်ကို မလိုချင်တာ လာရမှာပဲ (မှန်ပါ့) ဆုတောင်းနေစရာ လိုသေးသလား (မလိုပါဘုရား)။
အဲဒီတော့ ဘုရားဟောတာနဲ့ ဘုန်းကြီးတို့ နဂိုစီစဉ်ထားတာနဲ့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးအောင် ကြည့်ရင် ရမယ်ဆိုတာနဲ့လဲ ဒကာဒကာမတွေ အခု မာဂဏ္ဍီကို ဘုရားဟောတာနဲ့တော့ တစ်ထပ်တည်းပဲ (မှန်ပါ့) တစ်ထပ်တည်း မကျဘူးလား (ကျပါတယ်ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့မှာ ဘုန်းကြီး စိုးရိမ်တဲ့အချက်ကော သိပလား (သိပါပြီဘုရား) ငါက နေရာမှ ကျပါ့မလား (မှန်ပါ့) ဒါကလေးတစ်ခု စိုးရိမ်ရတယ် (မှန်ပါ့)။
ငါက နေရာမှ ကျပါ့မလားဆိုတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်ကို တွေ့နေတဲ့ပုဂ္ဂိုလ်ဟာ၊ ငါနေရာ ကျပါ့မလားလို့ မဆိုပါနဲ့လို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တယ် … (မှန်ပါ့)။
ဖြစ်ပျက်တွေ့ရင်၊ တိဟိတ်လို့ ဆုံးဖြတ်
ဖြစ်ပျက်တွေ့လို့ရှိရင်ဖြင့် တိဟိတ်ပဲလို့ ဆုံးဖြတ်ချက်ချရင်ရပြီ (မှန်ပါ့) ဖြစ်ပျက်တွေ တိဟိတ်မို့ တွေ့တာ (မှန်ပါ့) တခြားသော ပုဂ္ဂိုလ်ဖြစ်ရင် တွေ့ကိုမတွေ့နိုင်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီဘုရား)။
ဒါဖြင့် အခု တရားနာလာကြတဲ့ ဒကာ ဒကာမတွေဟာ၊ သြော် … နိဗ္ဗာန်ရောက်ချင်လို့ရှီရင် ဒီသုံးချက် တည်းပါကလား သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ ဟုတ်ပလား (မှန်ပါ့)။
မဂ်ဖိုလ်အခွင့်၊ ရလင့်ဧကန်သာဆိုတဲ့ဥစ္စာကတော့ လင်္ကာပီအောင်လို့သာ ထည့်တာဦးခင်မောင်ရေ ဒီသုံးချက်ပါပဲ (မှန်ပါ့) ၊ ကျေနပ်ကြပလား (ကျေနပ်ပြီဘုရား)။
၁-အချက်က ဘာပါလိမ့် (သူတော်ဆည်းကပ်ပါဘုရား) အဲ … သူတော်ကောင်းဆီကို ဆည်းကပ်ပါ၊ သူ့ဆီမှာ တရားထူးကရှိတာ၊ သူ့မကပ်ရင်လဲမဖြစ်ပေဘူး-(မှန်ပါ့)ကပ်သာကပ်နေတယ်၊ ကိုယ်ကတရားတော့ မနာဘူး၊ ဝေယျာဝေစ္စကိုသာပြုနေတာဆိုရင်လဲ မဟုတ်သေးဘူး ဒီဥစ္စာ (မှန်ပါ့)။
ဘာလုပ်ရဦးမတုံး (မြတ်တရား နာရပါဦးမယ်) မြတ်တရားနာဆိုတာက မဂ်ရောက်ကြောင်း၊ ဖိုလ်ရောက်ကြောင်း သစ္စာတရားကိုနာရမယ် (မှန်ပါ့)၊ ဒီပြင်သစ္စာ မဆိုက်တဲ့ တရားလဲ မဟုတ်သေးဘူးနော် … (မှန်ပါ့)။
ဝိပဿနာအလုပ်တရားကို ဆိုလိုရင်းပါပဲ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါန၊ သီလကဝေးသောကြောင့်
အလုပ်တရားကိုနာရမှ (မှန်ပါ့ဘုရား) ဒီ့ပြင်ဒါနကထာ၊ သီလကထာတွေမျှကိုသာ နာနေရလို့ရှိရင်လဲ ဝေးသောအကြောင်းဖြစ်နေတယ် (မှန်ပါ့) နီးနိုင်ပါ့မလား (မနီးသေးပါဘုရား)။
မနီးသေးဘူးတဲ့ ဒကာ ဒကာမတို့၊ ဒီတရားကတော့ဖြင့် အခြေပြုတဲ့ တရားပဲရှိတယ် … (မှန်ပါ့) ပြီးဆုံးတဲ့ တရားလို့ တိုက်ရိုက်ဆိုလို့မရသေးဘူး (မှန်ပါ့) အခြေပြုတရားနဲ့ တင်းတိမ်ရောင့်ရဲပြီးသကာလ မနေရပဲနဲ့၊ ပြီးဆုံးအောင် ပို့နိုင်တဲ့ တရားကိုလဲ နာရလိမ့်မယ် (မှန်လှပါပြီဘုရား)
ဦးဘအုန်း ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) တရားနာနည်းကိုလဲ ခင်ဗျားတို့ကို ဘုန်းကြီးသင်ပေးထားတာလဲ ရှင်းနေပါပြီ (မှန်ပါ့) မရှင်းဘူးလား … (ရှင်းပါပြီဘုရား)။
ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့တရားနာပါ။
ဘယ်တရားကို ခင်ဗျားတို့သည် အရေးတကြီး အလိုရှိအပ်တဲ့တရားလဲဆိုတာကို၊ ခင်ဗျားတို့ကို တစ်နေ့က တရားနာတော့ ဘုန်းကြီးချိန်ခွင်ကလေး မပေးဘူးလား (ပေးပါတယ်ဘုရား) ဘယ်လိုပေးထားသတုံး (ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့တရား ဖြစ်ရပါ့မယ်ဘုရား)။
အေး …ဆက်တဲ့တရားဆိုရင် မဟုတ်သေးဘူး (မှန်ပါ့) ဆက်တဲ့တရားဆိုရင် (မဟုတ်သေးပါဘုရား) အဲဒီတော့ တရားနာနည်းလဲ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက ပြသထားတဲ့အတွက်၊ မြတ်တရားဆိုပေမယ့် သြော် … ပြတ်တဲ့တရားနာမှပါကလား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဘယ်တရားနာရမလဲ (ပြတ်တဲ့တရား နာရပါ့မယ်ဘုရား) ပြတ်တဲ့တရားဆိုတော့ ဒကာ ဒကာမတို့၊ ရှင်းရှင်းလင်းလင်းနဲ့ ပြောရလို့ရှိရင်ဖြင့်၊ ရုပ်,နာမ်က ရှေ့ ပိုင်းက ဘယ်လို ပြလေ့ရှိသလဲ (ဖြစ်ပျက်ကိုပြပါတယ်) ရုပ်နာမ်ကဖြင့် ဟေ့ အနိစ္စချည်းပြတာပဲ၊ ဟောတဲ့ ဘုန်းကြီးကဟောပြီး ဒီတရားမျိုးကို နာရမယ် (မှန်ပါ့)။
ဒီတရားမျိုးနာတော့ ခင်ဗျားတို့က ဘယ်လိုလုပ်ရမတုံးဆိုတော့၊ ဟောတဲ့ ဆရာသမားကတော့ ရုပ်နာမ်ကတော့ အနိစ္စချည်းပဲ၊ ဒုက္ခသစ္စာချည်းပဲဟောလို့ရှိရင်၊ ဒါဟာ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့တရားအမှန်ပဲ (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ်ဘုရား)။
ပြီးတော့ ခင်ဗျားတို့က ဒီတရားနာရုံနဲ့ မပြီးတော့ကို ၃-နံပါတ်က ဘာတဲ့တုံး (လျော်စွာကျင့်ရပါ့မယ်) အေး … လျော်စွာအကျင့်ဆိုတော့ ဒီကဖြစ်ပျက်ဆိုရင် ဥာဏ်က … (ဖြစ်ပျက်လို့ သိရပါ့မယ်ဘုရား) ဖြစ်ပျက်ကို မြင်ရမယ် …(မှန်ပါ့) မြင်ရင်ပဲ ခင်ဗျားတို့က မဂ္ဂင်ငါးပါးနဲ့ မြင်တာဗျ (မှန်ပါ့)။
ဖြစ်ပျက်မြင်ရင် ဘာပါလိမ့်
မြင်ရင် ဘာပါလိမ့် (မဂ္ဂင်ငါးပါးနဲ့ မြင်တာပါ) ဒါဖြင့် မဂ်ရမှရပါ့မလားဆိုဖို့ လိုသေးသလား (မလိုပါဘုရား) မြင်တာကိုက ဘာဖြစ်နေသတုံး (မဂ္ဂင်ငါးပါး ဖြစ်နေပါတယ်) မြင်တာကိုက မဂ္ဂင်ဖြစ်နေတော့ ဦးဘတင် သံသယရှိဖို့ လိုသေးသလား (မလိုပါဘုရား) လျော်စွာအကျင့် ဆိုကတည်းကိုက အကျင့်ဆိုတာက ဒါကလျော်စွာ၊ဒါက ကျင့်တာ (မှန်ပါ့ဘုရား)။
ဒီဘက်က (လျော်စွာပါ) ဒါနဲ့ လျော်အောင်၊ ဒါက ဘာလုပ်ရမလဲ (ကျင်ရပါမယ်ဘုရား) ကျင့်တဲ့အခါကျတော့ ကျင့်တဲ့တရားဟာ ဘယ်နှစ်ပါးတုံးမေးလိုက်ရင် (ငါးပါးပါဘုရား) ဒီကတည်းက ငါးပါးဟာ မဂ္ဂင်ပဲ မဟုတ်လား (မှန်လှပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကျင့်နေရင်းမတ္တနဲ့ မဂ္ဂင်တောင်ဆိုက်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော့ ဒကာ ဒကာမတွေ ရထားတဲ့ သံပေါက်နဲ့ သွားကိုက်တယ် (မှန်ပါ့)။
ပုဗ္ဗဘာဂမဂ်ရနေတာ
လျော်စွာအကျင့်မဂ်ဖိုလ်က အခွင့်ဆိုတော့ ဒါဟာ မဂ်ဖိုလ်တွေပဲ … (မှန်ပါ့ဘုရား) ရလင့်ဧကန်သာ ဆိုတာက လုပ်နေကတည်းက ပုဗ္ဗဘာဂမဂ်ကို ရနေတာ (မှန်ပါ့) ဦးဘတင် ဆုတောင်းနေရသေးသလား (မတောင်းရပါဘုရား) ရနေတဲ့ ပုဂ္ဂိုလ်က ဆုတောင်းနေသေးလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်ဟာလဲ ရတာကို ရမှန်းမသိလို့ တောင်းတာပဲ (မှန်ပါ့)။
ဘယ်နှယ့်ဆိုကြမလဲ (ရတာကိုရမှန်းမသိလို့ တောင်းတာပါဘုရား) အဲ … ရမှန်းမသိလို့ သူကတောင်းတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဘယ်လို ပုဂ္ဂိုလ်က တောင်းတာပါလိမ့် … (ရမှန်းမသိတဲ့ ပုဂ္ဂိုလ်က တောင်းတာပါ) ရမှန်းမသိတဲ့ ပုဂ္ဂိုလ်က တောင်းတာဆိုတာသည် အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က တောင်းတာ … (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဘယ်သူက တောင်းတာပါလိမ့် (အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က တောင်းတာပါဘုရား) အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က တောင်းလို့ရှိရင် ဘယ်ပုဂ္ဂိုလ်ထဲသွင်းမတုံး (ရမှန်းမသိတဲ့ ပုဂ္ဂိုလ်ထဲ သွင်းရပါမယ်ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ သူ့မှာရနေပါလျက်သားနဲ့ ထပ်တောင်းနေတယ် … (မှန်ပါ့) သူမှာရတာက ဘယ်နှစ်ပါးရသတုံး (ငါးပါးရပါတယ်ဘုရား) ငါးပါးရနေတဲ့ အထဲကနေပြီး တပည့်တော် မဂ်ရ,ရပါလို၏။ ဖိုလ်ရ,ရပါလို၏ … လို့ တောင်းဖို့မလိုပါဘူး အလုပ်သာဆက်လက်ပြီး လုပ်ဖို့ရှိတော့တာပဲ … (မှန်ပါ့)။
မဂ်စစ်ပေါ်အောင်သာ ဂရုစိုက်လုပ်
ဦးခင်မောင်တို့ အလုပ်,လုပ်ရင်းမဂ်ဖိုလ်ရ, ရပါလို၏လို့ ဆုတောင်းကြဖူးသေးသလား (မတောင်းရပါဘုရား) တောင်းမနေနဲ့တော့ မဂ်စစစ်ပေါ်အောင်သာ ဂရုစိုက်လျက် (မှန်ပါ့) သဘောပါလား (ပါ,ပါပြီဘုရား)။
အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က တောင်းတာကျတော့လဲ ဒကာ ဒကာမတို့ သူမရသေးလို့ တောင်းတာ (မှန်ပါ့) မရသေးလို့တောင်းပေမယ့်လဲ ဒါက တောင်းလို့ရတဲ့ ပစ္စည်းလာ လုပ်ယူမှရတဲ့ ပစ္စည်းလား၊ ဝေဖန်ဦး (လုပ်ယူလို့လဲ ဦးခင်မောင် ဒီဥစ္စာ လူသိရုံပဲရှိမယ် (မှန်ပါ့) နို့ ခင်ဗျားတို့က လူသိအောင် ကျယ်ကျယ်ကလေး တောင်းယူသလား (တောင်းပါတယ်ဘုရား)။
လုပ်ယူမှရတဲ့ ပစ္စည်းတောင်းမယူပါနဲ့
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချကြမတုံးလို့ မေးလို့ရှိရင် လုပ်ယူမှရတဲ့ ပစ္စည်းကို တောင်းမယူပါနဲ့ လုပ်ယူပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။
ဘယ်လို သတိပေးပါလိမ့် (လုပ်ယူမှ ရတဲ့ပစ္စည်းကိုတောင်းမယူချင်ပါနဲ့တော့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဦးခင်မောင်တို့ကို ခဏခဏ မဟောဘူးလား၊ တောင်းယူတဲ့ပစ္စည်းဟာ လူ့ပြည်၊ နတ်ပြည် ဘ၀သမ္ပတ္တိတွေဟေ့ … (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်ဘုရား)။
လုပ်ယူရမှာက ဗြဟ္မာ့ပြည်နဲ့ နိဗ္ဗာန်
လုပ်ယူရမှာက ဗြဟ္မာ့ပြည်နဲ့ နိဗ္ဗာန် (မှန်ပါ့) ဗြဟ္မာ့ပြည်ဆိုတော့လဲ သမထတော့ လုပ်ရဦးမှာ (မှန်ပါ့) နိဗ္ဗာန်ဆိုတော့ ၀ိပဿနာ လုပ်ရမယ် မလုပ်ရပေဘူးလား (မှန်ပါ့လုပ်ရပါတယ်) အဲဒါ ခွဲခြားမသိဘဲနဲ့ တတောင်းတည်း တောင်းရုံတောင်းနေတော့ နားပူရုံပဲရှိမှာပဲ (မှန်ပါ့)။
ခင်ဗျားတို့က ဘုရားပုထိုးကို သွားတိုင်းသွားတိုင်း တောင်းလေ့ရှိကြသလား (ရှိပါတယ်ဘုရား) တောင်းရုံနဲ့ ရမည့်ပစ္စည်းဖြင့် တောင်းယူကြပေါ့ဗျာ (မှန်ပါ့) လုပ်ယူရမည့် ပစ္စည်း တောင်းယူလို့ဖြင့် မရနိုင်တဲ့ ဥစ္စာ လေကုန်ရုံရှိမှာပေါ့ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတွေ သူတော်ဆည်းကပ်ဆိုတာ ၁-နံပါတ်၊ မြတ်တရားနာက (၂-နံပါတ်ပါဘုရား) လျော်စွာအကျင့်က (၃-နံပါတ်ပါ) အရေးအကြီးဆုံး ဘယ်ဟာတုံး (၃-နံပါတ်ပါဘုရား)။
လျော်စွာကျင့်ရမယ်
၃-နံပါတ်သည် ဒကာဒကာမတို့ အလွန်အရေးကြီးတယ်လို့ မှတ်ကြပါ (မှန်ပါ့) လျော်စွာအကျင့်ဆိုတာ ခင်ဗျားတို့ မဂ်မရသေးတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်လို့ မရသေးတာတုံးလို့ မေးလို့ရှိရင်ဖြင့် မလျော်သေးလို့သာ မှတ်ပါ (မှန်ပါ့)။
ဦးဘတင် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မလျော်သေးလို့ မဂ်မရသေးတာပါဘုရား) လျော်စွာ ကျင့်ရမှာကို ဘယ့်နှယ်ဖြစ်နေသတုံး (မလျော်စွာ ကျင့်နေပါတယ်ဘုရား)။
သြော် … ဒါဖြင့် ဒကာဒကာမတို့ ဖြစ်ပျက်နဲ့ မဂ်နဲ့မတည့်ဘူး (မှန်ပါ့) ဒါဖြင့် လျော်ပါ့မလား (မလျော်ပါ ဘုရား) အဲ … ဖြစ်ပျက်နဲ့ မဂ်နဲ့ တည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီကဘာတုံး (မဂ်ပါဘုရား) ဒီလိုတည့်နေရင်လျော်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ လျော်ဖို့အရေးဟာ ဒကာဒကာမတို့ကိုယ်တိုင် လုပ်ရမည့်အရေး (မှန်ပါ့) ကျေနပ်ကြရဲ့ လား (ကျေနပ်ပါတယ်ဘုရား)။
ဦးဘအုန်းရေ … ဒီနေ့ပြောတဲ့ဥစ္စာ လိုရင်းတွေနော် … (မှန်ပါ့) လိုရင်းတွေ၊ လိုရင်းတွေ ဒကာ ဒကာမတွေ သတိထားကြပါ။
ဒုက္ခကို လက်စသတ်ပေးနေတာ
ဒီ အခုပြောနေတဲ့ နာရီပိုင်းကလေးမှာ သြော် … ဒါဟာ ဆရာသမားက ဘာတွေများ ဆုံးဖြတ်ချက် ချနေပါလိမ့်မတုံး၊ ခင်ဗျားတို့၏ ဒုက္ခကို လက်စသတ်ပေးနေတာလို့လဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခ လက်စသတ်ပေးနေတာပါဘုရား) ဟာ - ဒါဖြင့် အလွန်အရေးကြီးတာပေါ့ ဘုရားလို့ ခင်ဗျားတို့ ၀န်ခံဖို့ကောင်းတယ် (မှန်ပါ့)။
ကိုင်း … ဒုက္ခလက်စသတ်ပေးနေတယ်ဆိုတော့ ခင်ဗျားတို့က အပြောဖြစ်နေမှာလဲ စိုးရတယ် (မှန်ပါ့) သတ်တယ် မသတ်တယ် ရှင်းပြမယ်ပေါ့ဗျာ (မှန်ပါ့)။
ဒုက္ခလက်စသတ်ပေးနေတယ်ဆိုတာ ဦးခင်မောင် ယုံကြည်ပလား (ယုံကြည်ပါပြီဘုရား) ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဖြစ်ပျက်ကို မသိတဲ့ အ၀ိဇ္ဇာလာသေးရဲ့လား (မလာပါဘုရား)။
အ၀ိဇ္ဇာမလာတော့ဘူး ဒကာ ဒကာမတို့ အ၀ိဇ္ဇာမလာတော့ သူနောက်က သင်္ခါရကော (မလာပါဘုရား) သူ့နောက်က ပဋိစ္စသမုပ္ပါဒ် ဒုက္ခက္ခန္ဓဿကျအောင် (မလာပါဘုရား)။
ဘာဖြစ်သွားတာတုံး (ချုပ်သွားပါဘုရား) ချုပ်သွားတော့ သြော် … ဒါဟာ သံသရာစခန်းသတ်တာပဲ (မှန်ပါ့) အ၀ိဇ္ဇာက သံသရာအစကိုးဗျ၊ (မှန်ပါ) ဒုက္ခသ္ခန္ဓဿအဆုံး (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကြီး ပေါ်လာသေးရဲ့လား (မပေါ်လာပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာအသစ်အကုန်ြဖစ်တာပဲ (မှန်ပါ့) ခန္ဓာအဟောင်း အကြောင်းတရားတွေ ချုပ်သွားတယ် … (မှန်ပါ့) ခန္ဓာအသစ်ဆိုတာ အကျိုးတရားဖြစ်တယ် (မှန်ပါ့)။
ခန္ဓာအဟောင်းထဲမှာရှိတဲ့ အကြောင်းတရားတွေလဲချုပ်တယ်။ ခန္ဓာသစ် လာမည့်အကျိုးတရားကော (ချုပ်ပါတယ်ဘုရား)။
ဒါနှစ်လုံးကိုပဲ ဦးဘတင် အရေးကြီးကိစ္စ မှတ်ရမယ် … (မှန်ပါ့) မဂ်လိုက်တာ ခန္ဓာသစ်အကြောင်းလဲ ချုပ်တယ်၊ ခန္ဓာသစ်ကို ဖြစ်စေမည့် အကြောင်းလဲ (ချုပ်ပါတယ်) ခန္ဓာအသစ်ကို ဖြစ်စေမည့်အကြောင်း ချုပ်ခြင်းကြောင့် ဒကာ ဒကာမတို့ ခန္ဓာသစ် မလာတော့ဘူး (မှန်ပါ့) လာပါ့မလား (မလာပါဘုရား)
ဒါဖြင့် ခန္ဓာသစ်အကြောင်းလဲ ဦးဘတင် ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ်) လာမည့်ခန္ဓာအသစ် နောက်တပ်တစ်ခုကော (ချုပ်ပါတယ်ဘုရား)အကြောင်းချုပ်တော့ အကျိုးက ဘယ့်နှယ်တုံး (ချုပ်ပါတယ်ဘုရား)
မဂ်ဆိုတာ သမ္မာဒိဋ္ဌိ
အကြောင်းချုပ်တော့ အကျိုးချုပ်တယ်ဆိုတော့ စဉ်းစားပါ … တဲ့၊ သေသေချာချာ ချင်ဗျားတို့ စဉ်းစားရင် ပေါ်ပါတယ်၊ ဒီနာမ်ကလေးက ဖြစ်ပျက်၊ ဒီကနေပြီးဖြစ်ပျက်ကို လျော်အောင် ကျင့်လိုက်တော့ လျော်တာကမဂ်(မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။
မဂ်ဆိုတော့ သမ္မာဒိဋ္ဌိ ဒီထဲမှာ ပါမနေဘူးလား (ပါနေပါတယ်ဘုရား) သမ္မာဒိဋ္ဌိ ဆိုတော့ ၀ိဇ္ဇာလား အ၀ိဇ္ဇာလား (၀ိဇ္ဇာပါဘုရား) ၀ိဇ္ဇာဖြစ်သောကြောင့် အ၀ိဇ္ဇာက ချုပ်တယ် (မှန်ပါ့) ဒီဘက် လာလတ္တံ့ ၀ိညာဏ်တွေက (ချုပ်ပါတယ်ဘုရား)
ပဋိသန္ဓေ၀ိညာဏ်တွေချုပ်တယ်
ကဲ - ပဋိသန္ဓေ၀ိညာဏ်တွေ ချုပ်ပါတယ်ဆိုတော့ ဦးသတင်တို့၊ ဦးခင်မောင်တို့က စဉ်းစား၊ အကြောင်းနှစ်ခုချုပ်လို့ အကျိုးတစ်ခုက ဒီဘက်လာသေးရဲ့ လား (မလာပါဘုရား)။
အ၀ိဇ္ဇာနဲ့ သင်္ခါရအကြောင်းနှစ်ခု (မှန်ပါ့) ၀ိညာဏ်က (အကျိုးတစ်ခုပါဘုရား) ၀ိညာဏ်မှမလာဘဲနဲ့ ဟိုဘက်ကနာမ်ရုပ်တွေက အမြစ်ပေါက်စရာ ရှိသေးရဲ့ လား (မရှိပါဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)။
ဒါဖြင့် လျော်စွာကျင့်တဲ့အလုပ်သည် သံသရာစခန်းသတ်ပါလား (မှန်ပါ့) ဒါဟာ သံသရာအစလဲ ပျောက်ကရော (မှန်ပါ) ဒီဘက်သံသရာကြီးထဲမှာ အရှက်တကွ အကျိုးနည်းဖြစ်ရမှာကြီး လာမှာကော (မလာတော့ပါဘုရား) ဘာဖြစ်လို့တုံး၊ ဒီအကြောင်းနှစ်ခု ချုပ်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါလောက်သိရင်သေပျော်ပြီ
ဦးခင်မောင် ဒါလောက်သိရင်လဲ သေပျော်ပြီဗျ … (မှန်ပါ့) လျော်စွာအကျင့် တစ်လုံးသည် သိပ်မှန်ပါကလား … (မှန်ပါ့) ဒီကဖြတ်ဆိုရင် ဒီက ဘယ်လိုသိရမလဲ (မဂ်ဝင်ရပါ့မယ်) ဖြစ်ပျက်လို့ပဲ သိရမယ် (မှန်ပါ့) အဲဒီလိုသိတာ ဘာခေါ်ကြမလဲ (လျော်စွာကျင့်ပါတယ်) ဒါဖြင့် မလျော်ဘူးလား (လျော်ပါတယ်ဘုရား)။
ဒီကဖြစ်ပျက်နဲ့ဒီက အသိကလည်း ဖြစ်ပျက်လို့သိပေးဥာဏ်က (မှန်ပါ့) မလျော်ဘူးလား (လျော်ပါတယ်) လျော်ရင်ဖြင့် မဂ်ဖြစ်ပြီ၊ မဂ်ဖြစ်ရင်ဖြင့် အ၀ိဇ္ဇာလား ၀ိဇ္ဇာလား (၀ိဇ္ဇာပါဘုရား)။
ဝိဇ္ဇာလာတော့ အ၀ိဇ္ဇာက ချုပ်ရမယ် (မှန်ပါ့) အ၀ိဇ္ဇာချုပ်တော့ သင်္ခါရက (ချုပ်ရပါ့မယ်) ချုပ်တော့ အကြောင်းနှစ်ခုက ချုပ်တယ် (မှန်ပါ့) ဒီဘက်က ပဋိသန္ဓေ ၀ိညာဏ်လာသေးရဲ့ လား (မလာပါဘုရား) မလာတော့ အကျိုးလဲ ချုပ်ပြန်တာပဲ (မှန်ပါ)။
ဒါဖြင့် သံသရာစခန်း သတ်-မသတ် … (သတ်ပါတယ်ဘုရား) သံသရာ့အကျိုးကော (သတ်ပါတယ် ဘုရား)။
သြော် … ဒါဖြင့် လျော်စွာအကျင့်ဆိုတဲ့ တစ်လုံးသည်ကားလို့ ဆိုရင်ဖြင့် ဒိဋ္ဌဓိမ္မနိဗ္ဗာန်ရတဲ့ တရားပါလား(မှန်ပါ့) ဦးဘတင် ဘယ့်နှယ်ဆိုမလဲ (ဓိဋ္ဌဓမ္မ နိဗ္ဇာန်ရတဲ့ တရားပါဘုရား)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကျင့်ကြည့်ပါ။ တစ်ခါကျင့်ရင် သံသရာကိုဆက်မည့် နှစ်ခုပြတ်တယ် … (မှန်ပါ့)၊ နှစ်ခါကျင့်ရင်လည်း နှစ်ခါပြတ်တာပဲ … (မှန်ပါ့)၊ သုံးခါကျင့်ရင်လည်း … (သုံးခါပြတ်ပါတယ်)။ နောက်မဂ္ဂင်ရှစ်ပါး ပြည့်သွားတဲ့အခါ လုံးလုံးပြတ်တယ် … (မှန်ပါ့)၊ မပြတ်ပေဘူးလား … (ပြတ်ပါတယ်ဘုရား)။
ဒါဖြင့်အားလုံး ဒကာ ဒကာမတွေ လုပ်ထိုက် မလုပ်ထိုက် … (လုပ်ထိုက်ပါတယ်ဘုရား)၊ အဲဒီတော့ လုပ်ထိုက်တာကလေးကို ဒကာ ဒကာမတွေသည် ထမင်းမစားရတာ အရေးမကြီးဘူး လုပ်ထိုက်တာကို မလုပ်ဖြစ်မှာ အရေးကြီးတယ် … (မှန်လှပါ)။
ဘာဖြစ်လို့တုံး ထမင်းမစားရတော့ ထမင်းက စားဖူးပါပြီလို့ပြောလိုက် ဟုတ်လား … (မှန်ပါ့)။ ဘယ်လောက် စားဖူးပြီးတုံးမေးမယ် … (မရေမတွက်နိုင်ပါဘုရား)၊ အဲဒါကျတော့ ထမင်းမချက်ရသေးလို့ လုပ်မနေပါနဲ့ … (မှန်ပါ့)၊ စားဖူးတာကြီးကို ခင်ဗျားတို့က အသားယူပြီး ပြောမနေပါနဲ့ … (မှန်ပါဘုရား)။
ဧည့်သည်ကို ယိုးမယ်ဖွဲ့ပြီး ဧည့်သည်ကြောင့်လို့လည်း ပရိယာယ်မရှိပါနဲ့ … (မှန်ပါ့)၊ ကိုယ်ကတော့ မစားဘဲလုပ်မယ်ဆိုလုပ်နိုင်တယ်၊ ဧည့်သည်က ရောက်နေလို့ ဒီလိုလည်း ဆင်ခြေမလဲနဲ့ … (မှန်ပါ့)၊ ထမင်း အတွက် ဆင်ခြေကအလွန်ပေါ့ဗျ၊ ကိုယ်စားချင်တာလည်း ဧည့်သည်နဲ့ပြောချင်ပြော …(မှန်ပါ့ဘုရား)။
တစ်မျိုးက ကလေးလိုလွှဲချလိုချ၊ ဒီလိုကောမနေဘူးလား … (နေပါတယ်)၊ အဲဒီလို ဆင်ခြေတွေ ချနေလိုက်ခြင်းကြောင့် သံသရာဆက်နေပါတယ် … (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါတယ်ဘုရား)။
ဈေးထူသရွေ့ ဟာ ဒုက္ခရောက်ဖို့သာမှတ်
အဲ … ခင်ဗျားတို့ ချေးထူသရွေ့ ဟာဖြင့် ဒုက္ခရောက်ဖို့ချည်းသာမှတ်ပေတော့ … (မှန်ပါ့)၊ ကဲ … ချေးထူတာများ ကောင်းသေးရဲ့ လား … (မကောင်းပါဘုရား)၊ မကောင်းလည်း ခင်ဗျားတို့က ချေးကလေးဆေးပါဆိုရင် … (မဆေးချင်ပါ)၊ အတော်ခက်နေပါကလား … (မှန်ပါဘုရား)။
ဒကာ ဒကာမတွေ အသက်အရွယ်ကြီးတော့ ချေးမဆေးချင်ဆိုတဲ့ဥစ္စာ အသက်အရွယ်ကြီးတော့ ဘာဝတ်ပေးပေး မထူးပါဘူး၊ ရေမချိုးချင်ဘူး၊ ဘာဝတ်ဝတ် တော်ရောပေါ့။ အကုန်တော်အောင်ချည်း ဖြစ်သွားတယ် … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ငယ်ငယ်တုန်းကတော့ သင့်သလိုနေခဲ့တယ်၊ ကြီးတော့ … (တော်အောင်ဖြစ်သွားပါတယ်)၊ ငယ်ငယ်တုန်းက သင့်သလိုငယ်ငယ်တုန်းကလည်း မဟန်ဘူး…(မှန်ပါ့)၊ ကြီးတော့် တော်အောင်နေတော့ကော … (မဟန်ပါဘူး)၊ အရွယ်သုံးပါး ဘယ်အချိန်ဟန်ခဲ့သတုံးမေးရင် … (ဘယ်အချိန်မှ မဟန်ခဲ့ပါဘုရား)။
သြော် - ဘယ်အချိန်မှ မဟန်ခဲ့လို့ရှိရင်ဖြင့် နောက်ဘယ်လိုများတို့ဖြစ်မှာတုံးလို့ တွေးစရာလိုသေးသလား … (မလိုပါဘုရား)၊ ကဲ … ဦးခင်မောင်ရေ မြတ်တရားနာလျော်စွာအကျင့်ဆိုတဲ့ သံသရာပြတ်တဲ့ သံပေါက်ကလေးပဲဆိုတာ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား)။
ဒါဖြင့်အားလုံး ဒကာ ဒကာမတွေ တို့ မဂ်မရ,ဖိုလ်မရဖြစ်နေတာ ဘာတုံးဆိုတဲ့ လက်သည်ပေါ်လာပြီ … (ပေါ်ပါပြီ)၊ သူတော်လည်းမဆည်းကပ်ခဲ့ဘူး၊ ဒါလည်း ချို့ ချင်ချို့ မယ် … (ချို့ မှာပါဘုရား)၊ မြတ်တရားနာဆိုတဲ့ တရားကတော့ … (ချို့ ပါတယ်ဘုရား)၊ ချို့ ချင်ချို့ မယ်၊ နောက်ဆုံးပိတ် ၃-နံပါတ်ကျတော့ ချို့ မယ်ပဲဆိုတော့ … (မှန်ပါ)၊ အားကြီးချို့ တဲ့ဥစ္စာက ဘာပါလိမ့် … (လျှော်စွာအကျင့်ပါဘုရား)။
လျော်စွာအကျင့်ဆိုတဲ့ ဥစ္စာက ဒါကပြီးတဲ့ အလုပ်မဟုတ်လားဗျာ … (မှန်ပါ့)၊ လျော်စွာအကျင့်ဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတို့ လျော်စွာနော်ဒီဘက်က … (အကျင့်ပါ)၊ ဒီက ဘယ်လိုပြလေ့ရှိသတုံး … (ဖြစ်ပျက်ကိုပြလေ့ရှိပါတယ်)၊ ဒီအကျင့်က … (ဖြစ်ပျက်လို့သိရပါမယ်)၊ ဖြစ်ပျက်လို့သိလိုက်ရင် ပြီးနေတာပဲ ဒကာ ဒကာမတို့ ဘာမှ သံသယရှိမနေနဲ့ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒီသုံးခုသာ ညီအောင်လုပ်ပါ
ကဲ … ဦးခင်မောင် ကျေနပ်ပလား … (ကျေနပ်ပါပြီ)၊ ဒါ ဘယ်သူ့ဟောတာတဲ့ဗျာ … (မဂဏ္ဍီကိုဟောတာပါ)၊ ဘယ်သူကဟောတာတုံး … (ဘုရားကဟောတာပါ)၊ မင်းမဂ်ဖိုလ်ရချင်လို့ရှိရင် ဒီသုံးခုသာ ညီအောင်လုပ်ပါလို့ မပြောဘူးလား … (ပြောပါတယ်ဘုရား)။
သံသယရှိနေရင် ဒုက္ခရောက်ဖို့ပဲ
အဲဒီတော့ ဒကာ ဒကာမတွေ ဘုရားဟောဖြစ်နေတာကြောင့်လည်း တစ်ခွန်းနဲ့အမှန်ပြောတဲ့ ကိုယ်တော်ကြီးကိုလည်း ခင်ဗျားတို့ သံသယရှိနေလို့ရှိရင် ခင်ဗျားတို့ ဒုက္ခရောက်ဖို့ပဲ … (မှန်ပါ့)၊ ကိုယ့်ကိုယ်ကို သံသယရှိနေရင်လည်း … (ဒုက္ခရောက်ဖို့ပါ)၊ ဒုက္ခရောက်ဖို့ပဲဆိုတော့ ဒကာ ဒကာမတွေ ကိုယ့်ဒုက္ခတော့ ကိုယ်မရှာတာကောင်းတယ်ထင်တယ် … (မှန်ပါ့)၊ ရှာဖို့များသင့်ကြရဲ့ လား … (မသင့်ပါ) မသင့်ဘူး၊ မသင့်ဘူး ဒကာ ဒကာမတို့ ပေါ့တော့တော့ လုပ်မနေပါနဲ့ ဟုတ်လား … (မှန်ပါ့)။
ခင်ဗျားတို့ မန္တလေးလာလို့ ဘုန်းကြီးဆီရောက်မှ ထမင်းစားလို့ တစ်လုတ်သွပ်ရတာနဲ့ ခေါက်ဆွဲစားလို့ တစ်ဇွန်းဝင်တာရှီသေး၊ သေရတာကရှိတော့ စောနေတယ် … (မှန်ပါ့)၊ မစောကြဘူးလား …(စောပါတယ်ဘုရား)။
ညတုန်းက လည်ပတ်နေတယ်၊ မနက်ကျတော့သေတယ်၊ ဒီလိုဟာတွေကလည်း မမြန်လား … (မြန်ပါတယ်ဘုရား)၊ အဲဒီတော့ ကိုယ့်အတွက်တော့ ဗေဒင်မေးထားတော့ ဘယ်လိုများမေးထားသတုံး … (သေလိမ့်မယ်လို့ ဟောထားပါတယ်)၊ အင်း … သေမယ်ဆိုတာတော့ သေသေချာချာပဲ … (မှန်ပါဘုရား)။
ဗေဒင်ဆရာကရေးလိုက်တာ အသက် ၁၂၀ ရှည်စေသော်တဲ့၊ ဇာတာခွင်များဖတ်ကြည့်တော့ အဲဒီလို မရေးဘူးလား … (ရေးပါတယ်ဘုရား)၊ ဒီထက်ပိုရင်တော့ မင်းမနေရတော့ဘူး၊ မင်းသေရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါမနေဘူးလား … (ပါနေပါတယ်)၊ ဒီထက်ပိုလို့တော့ မင်းအသက် မရှည်နိုင်တော့ဘူး၊ ဒါ အင်မတန်ကံကောင်းဦးမှ ငါက ခြွင်းချက်နဲ့ရေးတာ … (မှန်ပါ့)၊ ဒီအဓိပ္ပါယ်ကော မပြီးဘူးလား … (ပြီးနေပါတယ်ဘုရား)။
စိတ်တစ်ခုဟာတစ်သက်လို့မှတ်
အဲဒီတော့ ၁၂၀ ဆိုတာကလည်း ဒကာ ဒကာမတို့ အသက် ၁၂၀ ဆိုပေမယ့် စိတ်တစ်ခုဟာ တစ်သက်လို့ မှတ်ပါ … (မှန်ပါ့)၊ စိတ်တစ်ခုကို ဘာဆိုကြမယ် … (တစ်သက်ပါဘုရား)၊ ခင်ဗျားတို့က စိတ်တစ်သက်ဆိုတော့ ဦးခင်မောင် ၁၂၀ ကျော်ကုန်ပြီ … (မှန်ပါ့)၊ ဦးဘအုန်း … (ကျော်ကုန်ပါပြီဘုရား)။
ခင်ဗျားတို့က တွက်ကို မတွက်လို့ပါ … (မှန်ပါ့)၊ တွက်ကြည့်ရင် ဘယ့်နှယ်နေကြမလဲ … (ကျော်ကုန်ပါပြီဘုရား)၊ ဟာ … ဇာတာတွေလွန်ကုန်ပြီ ခင်ဗျားတို့ဥစ္စာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် အချိန်ပိုင်းကျန်တော့တယ် (မှန်ပါ့)။
အချိန်ပိုင်းကျန်တဲ့လူဟာ အသက် ၁၂၀ ရှည်စေသတည်းဆိုတော့၊ ဗေဒင်ဆရာရေးတာကတော့ ခင်ဗျားတို့ သင်္ခါရဓမ္မသဘောနဲ့ ရေးတာမဟုတ်ဘူး၊ နားထောင်ကောင်းအောင် မြှောက်ရေးတာ (မှန်ပါ့) ရက်ပေါင်း ၃၅၀ မှာ တစ်နှစ်၊ အဲဒီနှစ်ပေါင်း ၁၂၀-ရှည်စေသတည်းဆိုလိုတာ (မှန်ပါ့) သို့သော် သူ့ဟာက အသက်မပါရင်တော့ သူကဘာပါနေသတုံး (အသက်ပိုင်းခြား ပါနေပါတယ်) အသက်ဆိုတာက စိတ်ကလေး တစ်ခုဟာ အသက်တစ်ခု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
စိတ်ကလဲ ဒကာဒကာမတို့ စိတ်ကလေးတစ်ခါဖြစ်တယ်ဆိုရင်၊ ရှူတဲ့လေကလေး တစ်ခါဖြစ်တာပဲ (မှန်ပါ့) စိတ်ကလေး တစ်ခါချုပ်ရင်ကော (ရှူတဲ့စိတ်ကလေး တစ်ခါချုပ်ပါတယ်) သူကလဲ တစ်သက်ပဲ (မှန်ပါ့) ဒါဖြင့် တစ်နာရီမှာ ခင်ဗျားတို့ ရှူလေရှိုက်လေ ၃၆၀ ပျက်တယ် (မှန်ပါဘုရား)။
တစ်နာရီ ဘယ်လောက်ပါလိမ့် (၃၆၀-ပါ) နှစ်နာရီကျတော့ (၇၂၀-ပါ) ခင်ဗျားတို့ဟာ ဇာတာရေး ထက်ကျော်ကုန်ပြီဗျ (မှန်ပါ့ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် ဘယ်လိုများဆုံးဖြတ်ချက်ချကြမတုံး၊ ပုဏ္ဏာပေးတဲ့ ဆုထက်တောင် တို့ကလွန်ကုန်ပြီ (သိပ်မကြာတော့ပါဘူး) အချိန်ပိုင်းပဲ လိုတော့တယ် … (မှန်ပါ့ဘုရား) သူကတော့မသိရှာလို့ စင်စစ် ၁၂၀ ရှည်စေသတည်းဆိုတဲ့ ဥစ္စာ၊ နှစ်ပေါင်း ၁၂၀ ရှည်စေသတည်း ဆိုရင်လဲ တော်သေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အခုတော့ ရေးထားတာ ဘယ့်နှယ်ရေးထားသတုံး … (အသက် ၁၂၀ လို့ ရေးထားပါတယ်) သွားပြီ ခင်ဗျားတို့လဲ (မှန်ပါဘုရား)။
ခင်ဗျားက သေစေသတည်းက တစ်ခါတည်း မင်းကိုကွာ အသက် ၁၂၀ ပြည့်လို့ရှိရင် သေစေသတည်းဆိုရင် ပုခက်ထဲမရောက်ခင် သေရမလို ဖြစ်နေတယ် (မှန်ပါ့ဘုရား) ရိပ်မိပလား (ရိပိမိပါပြီ) ရုပ်သက်နဲ့ နာမ်သက်ကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ပုဏ္ဏားစကားလမ်းဆုံးနေတယ်
ခင်ဗျားတို့ အသက်က … ဘာတုံး (ရုပ်သက်,နာမ်သက်ပါ) အဲ … ရုပ်သက်၊ နာမ်သက်ပဲ ရှိတာကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ခင်ဗျားတို့ကို ဗေဒင်ဆရာရေးတာက နှစ်တွေဘာတွေပါရဲ့ လား (မပါ,ပါ) အဲ-ရုပ်သက်, နာမ်သက်လို့ ဘုရားဟောထားပါလျက်နဲ့ ခင်ဗျားတို့က ပုဏ္ဏားစကားလမ်းဆုံးနေလို့ ခက်နေတာ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီဘုရား)။
ဒါဖြင့် ဦးဝကြီးတို့များ ဘယ့်နျယ်နေသတုံး (သေခါနီးပါပြီဘုရား) ဒီထဲမှာကော သေမှာချည်းပဲ မပါဘူးလား … (ပါပါတယ်) ၁၂၀-ကျော်ပလား - မကျော်သေးဘူးလား (ကျော်ပါပြီဘုရား) အသက်ဆိုတာ ဘာခေါ်ပါလိမ့် … (ရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတပါ) အဲ … ရုပ်ဇီဝိတကို အသက်ခေါ်တယ် (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
အသက်ဆိုတာရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတ
အသက်ဆိုတာ ဒီ့ပြင်ဟာမှတ်မနေနဲ့၊ ခင်ဗျားတို့ သိမှာမဟုတ်ဘူး၊ အသက်ဆိုတာဟာ ဦးခင်မောင်တို့ သေသေချာချာရေးမှတ်ပါ၊ ရုပ်ဇီဝိတနဲ့ နာမ်ဇီဝိတကိုခေါ်တယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ရုပ်ဇီဝိတဆိုတာ ဇီဝိတရုပ်ကလေးတစ်ခု၊ နာမ်ဇီဝိတလေး နာမ်ကလေးတစ်ခုပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဇီဝိတရုပ်နဲ့ ဇီဝိတလို့အမည်ရတဲ့ နာမ်သဘောကလေးတစ်ခု အဲဒါကို အသက်ခေါ်တာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘုရား)။
အသက်ဆိုတာ ဘာပါလိမ့် (ရုပ်ဇီဝိတနဲ့၊ နာမ် ဇီဝိတကိုခေါ်ပါတယ်ဘုရား) အဲ … ဇီဝိတဆိုတာ သူတို့မှ အစစ်ကိုး၊ (မှန်ပါ့) ဒီ့ပြင်ဟာတွေက အပိုတွေ၊ သူတို့မှ အသက်အစစ် (မှန်ပါ့ဘုရား)။
ကိုင်း … ဒါဖြင့် ၁၂၀ ကျော်ကြပလား … (ကျော်ပါပြီ) ဦးဘအုန်း မကျော်သေးဘူးလား (ကျော်ပါပြီ) ကျော်နေပြီ ဒကာ ဒကာမတို့ဒါဖြင့် ဇာတာအသက်လွန်ကုန်ပြီ၊ ဘယ့်နှယ်များ လုပ်ကြမတုံး၊ တရားတစ်ပွဲလုံး ခက်နေတာ အခုဟာက (မှန်ပါ့) ကဲ … ဒီကရှေ့ ကို ခင်ဗျားတို့ဇာတာက ဒီလိုဆိုထားတယ်၊ ဒီလိုဆိုထားရင် ကျော်သွားပြီ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါဘုရား)။
ဥပမာ ဦးဝခေါ်သော ပုဂ္ဂိုလ်သည်အသက် ၁၂၀ ရှည်စေသတည်း၊ သူ့နေ့သား နံသားကလေးနဲ့ကိုက်ပြီး နာမည်ကလေးတော့ ပေးလိုက်မှာပေါ့ဗျာ၊ အဲဒီနာမည်ရှိတဲ့ ပုဂ္ဂိုလ်ဘာတုံး (အသက် ၁၂၀ ရှည်စေသတည်း) ဟောအသက်တဲ့ဗျ၊ အသက်ဆိုတာ ရုပ်အသက်ပဲ၊ နာမ်ကော …(အသက်ပါဘုရား)။
ရုပ်တစ်ကြိမ်ဖြစ်တာအသက်တစ်ခု
ဒါဖြင့် ရုပ်သက်၊ နာမ်သက်ပဲရှိတော့ ရုပ်ကလေး တစ်ကြိမ်ဖြစ်တာ အသက်တစ်ခု … (မှန်ပါ့)၊ နာမ်ကလေးတစ်ကြိမ်ဖြစ်တာ … (အသက်တစ်ခုပါ)၊ ဒါဖြင့် ဒါမျိုးတွေဟာ အကြိမ်ပေါင်း ဘယ်လောက်ရှိမယ် ထင်ကြသတုံး … (မရေတွက်နိုင်ပါ)၊ ၁၂၀ ကျော်လောက်ပလား … (ကျော်ပါပြီဘုရား)။
သွားပြီပေါ့၊ ဒကာ ဒကာမတို့ နေစရာမရှိတော့ဘူး …. (မှန်ပါ့)၊ အဟုတ်သဘောပါပလား … (ပါပါပြီဘုရား)၊ အဟုတ်သဘောပါပလား … (ပါပါပြီဘုရား)၊ အဟုတ်သဘောပါလို့ရှိရင် ဘုန်းကြီးပြောတာကို အမှန်ယူ ဟိုပုဏ္ဏားတွေရေးတာကို အမှန်မယူနဲ့ … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ အသက်ကလေး ကြွင်းနေတာကလေးဟာ၊ အခု တရားအားထုတ်နိုင်ဖို့ တရားထူးရနိုင်ဖို့ ကြွင်းနေတာလို့ မှတ်လိုက် … (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် … (တရားအားထုတ်ဖို့၊ တရားထူးရနိုင်ဖို့ ကြွင်းနေတာပါ)၊ တရားထူး၊ တရားမြတ်၊ မဂ်ဖိုလ်အစစ်ထိအောင် ရနိုင်ဖို့ ကြွင်းနေတဲ့ အသက်ကလေး … (မှန်ပါ့)၊ အဲဒါကလေးထဲတော့ အလွဲသုံးစားမလုပ်နဲ့ … (မှန်ပါ့ဘုရား)။
ဘယ်လိုမှာပါလိမ့် … (ဒီအထဲကတော့ အလွဲသုံးစားမလုပ်ပါနဲ့)၊ အသက်က ကုန်ချင်နေပြီဗျ။ တံကြွင်းကလေး နည်းနည်းဆက်ထားတာ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ အခုဟာ အပိုကလေး မဟုတ်လား … (မှန်ပါ့ဘုရား)။
အပိုကလေး ဖြုန်းကြဦးမလို့လား … (မဖြုန်းပါဘုရား)၊ ဟုတ်ကြရဲ့ လားခင်ဗျားတို့ဟာ၊ အပိုဖြုန်းမှာ စိုးရိမ်စရာကောင်းမကောင်း…(ကောင်းပါတယ်ဘုရား)၊ အခုဟာက ၁၂၀ ထက် ဘယ့်နှယ်နေကြသတုံး … (အများကြီးကျော်နေပါပြီဘုရား)။
အများကြီးကျော်နေပြီဆိုသဖြင့် ဒကာ ဒကာမကို အပိုကလေးဟာ ကံကပေးထားတယ်ဆိုရင် လွဲပါ့မလား … (မလွဲပါဘုရား)၊ သြော် … ဒါကလေးဟာ နေခွင့်ကလေးနည်းနည်းကျန်သေးတယ်လို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)၊ အဲ့ဒါကလေးကိုဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်မဖြုန်းလိုက်ပါနဲ့၊ အသက်လွန်ကုန်ပြီ … (မှန်ပါ့)၊ အခုမှာပဲ ခင်ဗျားတို့လည်း ရိပ်မိတာ … (မှန်ပါ့)၊ ဇာတာထဲ ဘာပါသတုံး … (အသက် ၁၂၀ ရှည်စေသတည်း) အသက်ပါသေးတယ်ဗျ … (ပါပါတယ်ဘုရား)။
အနှစ် ၁၂၀ ရှည်စေသတည်းလို့ ပါသလား၊ အသက် ၁၂၀ ရှည်စေသတည်းလို့ ပါသလား …. (အသက် ၁၂၀ ရှည်စေသတည်းလို့ ပါပါတယ်ဘုရား)၊ ဒါဖြင့် အနှစ် ၁၂၀ ဆိုရင်တော့ တော်သေးတာပေါ့ မောင်သစ်တို့ … (မှန်ပါ့)၊ သဘောပါပလား … (ပါပါပြီဘုရား)။
ကိုမြရွှေ ခင်ဗျားဇာတာကြည့်ပြီး၊ အိမ်ပြန်ကြည့်ဦး၊ ပြန်ကြည့်ရင်ဖြင့် သေသေချာချာပေါ်မယ် … (မှန်ပါ့)၊ ဒကာ ဒကာမတွေ အိမ်ကျတော့ ပြန်ကြည့်ကြဦးနော် … (နှစ်လို့များဖြစ်နေမလားလို့လား)၊ မဖြစ်ဘူးဗျ၊ ဘယ်ဇာတာကြည့်ကြည့် ခင်ဗျားတို့ဟာက … (မှန်ပါ့)။
ဦးဝတို့ ရှေ့ မီနောက်မီ မေးကြည့်တာပေါ့ဗျ … (အတူတူပါပဲ၊ ဘယ်ဇာတာကြည့်ကြည့် အသက်ချည်းပါပဲဘုရား)၊ ဟုတ်ပြီ ဒါဖြင့် ထောက်ခံချက်ရပြီ … (မှန်ပါ့)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ တရားအားထုတ်နိုင်တဲ့ တရားထူးကလေးရဖို့ အသက်ကြွင်းနေတယ်လို့ ဆုံးဖြတ်ချက်ချ … (မှန်ပါ့)။
တရားထူးရဖို့ မြန်မြန်လုပ်
ဒါဖြင့် ကြွင်းတဲ့အထဲက ဘာလုပ်ရမယ်… (တရားထူးရဖို့လုပ်ရပါ့မယ်)၊ မြန်မြန်လုပ်၊ ကြွင်းတာကလေး ဖြုန်းမပစ်လိုက်ပါနဲ့ … (မှန်ပါ့)၊ ကြွင်းတာကလေးမှ ဖြုန်းခဲ့လို့ရှိရင်ဖြင့် ဟို … ၁၂၀ တုန်းကလည်း ကျင့်ချိန်မရဘူး … (မှန်ပါ့)၊ အခုကြွင်းတဲ့အထဲက တစ်ခါဖြုန်းဦးမယ်ဆိုရင်တော့ ကိုယ့်ဒုက္ခ ကိုယ်ရှာကြတော့မှာပဲ … (မှန်ပါ့)၊ ဒီအဓိပ္ပာယ် မသက်ရောက်ဘူးလား … (သက်ရောက်ပါတယ်ဘုရား) ကိုင်း … ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား)။
ဦးခင်မောင် နက်ဖြန်ကျတော့ ဇာတာကိုများ ပြင်ရေးမထားနဲ့နော် … (မှန်ပါ့)၊ ပြင်ရေးထားလည်း အသိသာကြီးပါ။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဟောတော်မူတာ ဘယ်နှစ်ချက်ပါလိမ့် … (သုံးချက်ပါဘုရား)၊ မာဂဏ္ဍီကိုဟောတဲ့သုံးချက်ကို အခုဘုန်းကြီးမူတည်လိုက်ပါပြီ … (မှန်ပါ့)။
ဒါဖြင့် တပည့်တော်တို့ ဖြစ်ပျက်နဲ့အမြင် မဂ်နဲ့ကိုက်ရမယ်ဆိုတာ ဘယ်လောက်ကြာကြာ ထွက်နေရမှာလဲ၊ ဒီဂရီ degree ကိုမေးကြပေတော့၊ ခင်ဗျားတို့က … (မှန်ပါ့)၊ ဒီဂရီ degree အချိန်ကို မမေးသင့်ဘူးလား … (မေးသင့်ပါတယ်ဘုရား)။
တစ်ခါတည်းမသေမချင်းလုပ်နေရမှာလားဘုရား၊ ဒီ ဖြစ်ပျက်နဲ့ မဂ်နဲ့သာ မသေမချင်းလုပ်ရမှာဖြင့်လည်း တပည့်တော်တို့ တော်တော်ဝန်လေးတယ်၊ ခင်ဗျားတို့က လျှောက်စရာရှိတယ် … (ရှိပါတယ်ဘုရား)၊ ဒါဖြင့် ဘုန်းကြီးက ဘုရားဟောတော်မူတဲ့အတိုင်း ဆုံးဖြတ်ချက် ချပေးပါ့မယ်။
ဖြစ်ပျက် ဒီက မြင်ပေးတာက မဂ်၊ သဘောကျပလား … (ကျပါပြီဘုရား)၊ အဲဒီမဂ်ကို နှစ်သက်သည်တိုင်အောင် ဒါကို မြင်ရတဲ့အတွက် ၀မ်းသာနှစ်သက်တဲ့သဘော ပေါ်သည့်တိုင်အောင်ကြည့်ရင် တော်ပြီ … (မှန်ပါ့)။
ဝမ်းသာခြင်း၊ နှစ်သက်ခြင်းဖြစ်ရင် နေရာကျပြီ
ဒီဖြစ်ပျက်ကို မဂ်က ဘယ်အချိန်လောက်ရယ်လို့ မဆိုနဲ့တော့ ၀မ်းသာလာတဲ့ တစ်နေ့ သြော် … ငါသည်အမှန်ဖြစ်သောကြောင့် ကိုယ့်စိတ်ထဲမှာ ပီတိပါမောဇ္ဇ - ဆိုတဲ့ ၀မ်းသာခြင်း၊ နှစ်သက်ခြင်းဖြစ်ရင် နေရာကျပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား) အဲဒါ ဖြစ်ပျက်မှု ကုန်တာပဲ (မှန်ပါ့)။ *
ဖြစ်ပျက်ကို ဘယ်အခြေအနေကျအောင် ကြည့်ရမှာတုံး (၀မ်းသာတဲ့ အခြေအနေကျအောင် ကြည့်ရမှာပါ) ၀မ်းသာနှစ်သက်လာတဲ့ အခြေအနေကျအောင် ကြည့်ရမှာ) ၀မ်းသာနှစ်သက်လာတဲ့ အခြေအနေ ရောက်အောင် ကြည့်လိုက်လို့ရှိရင်ဖြင့် ဒါ-နိဗ္ဗာန်ရောက်မည့် အခြေအနေကပ်သွားတာပဲ … (မှန်ပါ့) ဖြစ်ပျက်ကြည့်ဖို့ ဆုံးဖြတ်ချက် ချပေးတာ (မှန်ပါ့)။
ဒီအရေးဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောလို့သာ ဦးဘတင် ဆုံးဖြတ်ချက်ချရဲတာနော် (မှန်ပါ့) နို့မဟုတ်ချရဲပါ့မလား … (မချရဲပါဘုရား)။
· ပီတိပဿဒ္ဓိစသော ဥပက္ကိလေသတရားများသည် ဥဒယဗ္ဗယ ဥာဏ်ရင့်သန်အားကောင်း၍ လာသောအါ တစ်မျိုးမဟုတ်ပဲ တစ်မျိုးပေါ်ချေသည်။ ၎င်းတရား ဆယ်ပါးမှာ ဥဒယဗ္ဗယဥာဏ် ရင့်သန်မှ ပေးတတ်သည်ဖြစ်ရာ ထိုဥဒယဗ္ဗယဥာဏ် ရောက်အောင်မျှပင် အားမထုတ်ကြဘဲ လျော့ရဲရဲနှင့် ပျင်းရိလွှမ်းမိုး နေကြသော ယောဂီများ ရှိနေကြသည်ကို သိတော်မူသဖြင့် ၎င်းတို့အား ရည်ရွယ်ပြီး ဥဒယဗ္ဗယဥာဏ် ရင့်သန်အားကောင်းလာသည်အထိ ပီတိပါမောဇ္ဇပေါ်လာသည်အထိ အောက်အဆင့် အနေအစားအားဖြင့် ၎င်းဥာဏ်ထိ ကြိုးစား အားထုတ်ပွားများကြရန် ရည်သန်၍၊ ဓမ္မပဒပဠိတော်ကို ကိုးကား၍ ဟောကြားဆုံးမတော်မူခြင်းဖြစ်သည်။ ၎င်းဖြစ်ပျက်မုန်းလာသည်အထိ ၎င်းနောက် ဖြစ်ပျက် ဆုံးသည်အထိ အဆင့်ဆင့်အားဖြင့် ဟောတော်မူခြင်းဖြစ်သည်ကို စာဖတ်ပရိတ်သတ်များ သတိချပ်စေလိုသည်။
ဘယ်လောက်ကြာအောင် ကြည့်ရမှာတုံး
ဖြစ်ပျက်ကို တပည့်တော်တို့ ဘယ်လောက်ကြည့်ရမှာတုံး၊ မသေမချင်း ကြည့်ရမှာလားဆိုတော့ ခင်ဗျားတို့ ၀မ်းသာနှစ်သက်သည့်တိုင်အောင် (မှန်ပါ့) ဒါကလေးမြင်ရတာ ၀မ်းသာတယ်၊ ဒါကလေး မြင်ရတာ နှစ်သက်တယ်ဆိုတဲ့ ဒီမဂ်က နှစ်သက်တာ၊ ၀မ်းသာတာ များလာအောင် ကြည့်ပေးပါ …(မှန်ပါ့) အဲဒါနှစ်သက် ၀မ်းသာများလားလို့ ရှိရင်ဖြင့် ဒီဖြစ်ပျက်ကြည့်ချိန်ကုန်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဘယ်အခြေအနေကျအောင် ကြည့်ရမလဲ (နှစ်သက်ဝမ်းသာတဲ့ အခြေအနေကျအောင် ကြည့်ရပါမယ်) ဒီအထဲမှာ ခေါင်းဆောင်ကသာ မဂ်ငါးမျိုး၊ ဒီ့ပြင် ပီတိသောမနဿဝေဒနာတွေကတော့ သဟဇာတအဖြစ်နဲ့ အများကြီးရှိတယ်၊ ခေါင်းဆောင်ပြလို့သာ မဂ္ဂင်ငါးပါးလို့ပြတာ … (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ခေါင်းဆောင်က ငါးပါး၊ အခြံအရံတွေက (အများကြီးရှိပါတယ်)၊ သူ့ရဲ့ ဖြစ်ဖော်ဖြစ်ဖက် သဟဇာတတွေ ဦးခင်မောင် ဘယ်နည်းမလဲ … (အများကြီးပါဘုရား)။
ဖြစ်ပျက်ကို ၀မ်းသာသည့်တိုင်အောင်ကြည့်ပေး
အဲ … ဖြစ်ပျက်ကို ၀မ်းသာနှစ်သက်သည့်တိုင်အောင် ၀မ်းသာနှစ်သက်ဆိုတဲ့စကားပြောလိုက်တာ … (မှန်ပါ့)၊ စင်စစ် ခင်ဗျားတို့ကြည့်လိုက်လို့ ကိုယ့်ဟာကိုယ် ၀မ်းသာလာတဲ့အခြေအနေ၊ စိတ်တွေကြည်ရွှင်လာတဲ့ အခြေအနေရောက်အောင်ကြည့်ပေးရင် ဒါပြီးတာပဲ … (မှန်ပ့ါ)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ကောင်းပြီ … တဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ သြော် … သူ့မှာလည်း အချိန်ရှိသေးပဲ ဘုရားလို့ဆိုရုံပဲ … (မှန်ပါ့) သဘောပါကြပလား … (ပါ ပါပြီဘုရား)။
ဘယ်အခြေအနေကျအောင် ကြည့်ရမလဲ … (၀မ်းသာတဲ့အခြေအနေကျအောင် ကြည့်ရပါ့မယ်)၊ ကြည့်နေပါ။ စိတ်ကြည်ရွှင်လာအောင်ကြည့်နေပါ။ သူက ဖြစ်ပျက်ပြနေရင်ကြည့်၊ မကြည်ရွှင်လည်း ကြည့်သာနေ၊ နောက်ကျတော့ သူ ထုံးစံအတိုင်း သြော် - ဒါဟာမမြင်စဖူး အမြင်ထူးပြီး သကာလ နေရာကျလိုက်တာဆိုပြီး ကိုယ်ဝမ်းသာတဲ့စိတ်တွေ ဒီအထဲမှာပေါ်လာလိမ့်မယ် … (မှန်ပါ့)၊ ခုနင်က ငါးပါးနဲ့ တွဲပေါ်မယ် ရှင်းပလား … (ရှင်းပါပြီဘုရား)။
တွဲပေါ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာဖြစ်ပျက်ကြည့်မှုဆုံးတာပဲ၊ ဖြစ်ပျက်မြင်ရတာ ဆုံးသွားတာပဲ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
သြော် … ဖြစ်ပျက်ကြည့်ရမှာကလည်း ဒီဂရီပါဝါ degree power သေးသလားဆိုတာ ဦးခင်မောင် ရှင်းလာတယ်နော် … (မှန်ပါ့၊ ရှင်းပါတယ်ဘုရား)။
အဲဒါ ဘယ်မှာ လာသတုံးဆိုတော့ ဓမ္ဓပဒပါဠိတော်မှာလာသည်လို့ မှတ်ကြရမယ် ဒကာ ဒကာမတို့၊ ဓမ္ဓပဒပါဠိတော်ဆိုတာ ဘုရားဟောတာနော် … (မှန်ပါ့)။
ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတိ ပီတိပါမောဇ္ဇံ၊ အမတံတံ ၀ိဇာနတံ။
ယတော ယတော၊ အကြင်အခါ ကာလ၌၊ သမ္မသတိ၊ ဒါကလေးကို ဖြစ်ပျက်လို့ သုံးသပ်နေတဲ့ … (မှန်ပါ့)၊ ခန္ဓာနံ၊ ခန္ဓာတို့၏၊ ဥဒယဗ္ဗယံ၊ ဖြစ်ပျက်မှုကို၊ သမ္မသတိ၊ သုံးသပ်နေပါ၏။ လဘတိ ပီတိပါမောဇ္ဇံ ဆိုတာကတော့ ကြည့်ရင်းမတ္တနဲ့ ပီတိပါမောဇ္ဇကို ရလာပါလိမ့်မယ်တဲ့ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြစ်ပျက်မဆုံးသေးတဲ့ ပုဂ္ဂိုလ်ကိုဟောတာ
ကြည့်ရင်း မေတ္တနဲ့ ဘာပေါ်လာမလဲ … (ပီတိပါမောဇ္ဇပေါ်လာပါမယ်ဘုရား)၊ ပီတိပါမောဇ္ဇဖြစ်လာ လိမ့်မယ်။ အဲဒါဟာ “အမတံတံ ၀ိဇာနတံ ”တဲ့၊ အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်အပေါင်းမှာဖြင့် အခုကိုပဲ သူ့စိတ်ထဲမှာ နိဗ္ဗာန်ချမ်းသာမြင်ရသလောက် ၀မ်းသာတာပဲတဲ့ … (မှန်ပါ့)။
ဖြစ်ပျက်ကို ဒါလောက်ထိအောင်ကြည့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဖိုးတန်ပြီလို့ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဦးခင်မောင် ဘယ်အခြေအနေရောက်အောင် ကြည့်ရမှာပါလိမ့် … (၀မ်းသာစိတ်ပေါ်လာသည့် တိုင်အောင် ကြည့်ရမှာပါ)၊ အဲ … ကြည့်သာကြည့်နေ၊ ဒါဖြစ်ပျက်မဆုံးသေးတဲ့ ပုဂ္ဂိုလ်ကို ဟောတာနော် … (မှန်ပါ့)၊ ဖြစ်ပျက်ဆုံးသွားတဲ့ ပုဂ္ဂိုလ်ကျတော့ သူ မလာဘူး … (မှန်ပါ့)။
ဖြစ်ပျက်ဆုံးသွားတဲ့ ပုဂ္ဂိုလ်ကျတော့ တစ်မျိုးဟောရမယ်၊ ဒါက တစ်စတစ်စ စပြီအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ပြောတာ … (မှန်ပါ့)၊ ဒါသေသေချာချာမှတ်ပါ … (မှန်ပါ့)။
စပြီးအားထုတ်တဲ့ ပုဂ္ဂိုလ်ကိုဟောတာ
ဘယ်ပုဂ္ဂိုလ်ပါလိမ့် … (စပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်ပါဘုရား)၊ စပြီး အားထုတ်တဲ့ ပုဂ္ဂိုလ် အခုမှ ဆရာသမားနဲ့တွေ့ပြီးသကာလ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် လိုချင်လို့ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ပျက်ကိုမြင်တာသည် ၀မ်းမြောက်နှစ်သက်ကျအောင် မြင်မှသာလျှင် ကိုယ်သည် ဖြစ်ပျက်ကြည့်စရာ ဒါပဲကိုး၊ ဒါလောက်ထိအောင်ကြည့်ရင် ခရီးတော်တော်ပေါက်တာပဲကိုး မှတ်လိုက်တော့…(မှန်ပါ့)၊ နေရာကျ ပလား … (ကျပါပြီဘုရား)။
ဒါဖြင့် … မြတ်စွာဘုရားဟောတော်မူတဲ့ တရားတွေဟာ အချိန်အဆတွေ ဦးဘအုန်းတို့ အကုန်ပါတာပဲ ….(မှန်ပါ့)၊ မပါဘူးလား … (ပါပါတယ်ဘုရား)၊ အဲဒါ စုံစုံလင်လင် ဦးဘတင် ဒီဥစ္စာ မဟောနိုင် ဘူးပေါ့ဗျာ … (မှန်ပါ့)။
စုံစုံလင်လင်တွေ့တဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မပဒပါဠိတော်မှာ သေသေချာချာရှိနေတယ် …(မှန်ပါ့)၊ ယတော ယတော သမ္မသတိ ခန္ဓာနံ ဥဒယဗ္ဗယံ လဘတိ ပီတိပါမောဇ္ဇံ အမတံတံဝိဇာနတံ၊ အသိအလိမ္မာပညာရှိတဲ့ ပုဂ္ဂိုလ်အား အမြိုက်နိဗ္ဗာန်ကဲ့သို့ ခံစားရ၏တဲ့ … (မှန်ပါ့)၊ တစ်ခါတည်း အမြိုက်နိဗ္ဗာန် မြင်သကဲ့သို့ ၀မ်းသာနေတာပဲ ဖြစ်ပျက်ကလေးမြင်နေရတာ … (မှန်ပါ့)။
အဲဒါ ဖြစ်ပျက်မြင်တာဖြင့် ဒီအခြေအနေကျအောင် မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့နောက် ဖြစ်ပျက်မုန်းလိုက်တော့မှာပဲ … (မှန်ပါ့)။
ဖြစ်ပျက်မြင်ပါများရင် မုန်းလာမယ်
ဖြစ်ပျက်မြင်ပါများတော့ ၀မ်းသာတာချုပ်ပြီး မုန်းလာတာပဲ … (မှန်ပါ့)၊ သူ့ကိစ္စမြင်တဲ့ကိစ္စက ၀မ်းသာသည်ထိ ရောက်အောင် ဆိုရင်ပြီးတာပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား) ။
နောက်ကျတော့ ဘာတက်လာမယ်ထင်သတုံး … (မုန်းဥာဏ်တက်လာပါမယ်ဘုရား)၊ နောက်ထပ်ပြီး ကြည့်လိုက်တဲ့အခါကျတော့ အပျက်တွေမြင် နောက်တော့ မုန်းတာလာမှာပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဖြစ်ပျက်ဆုံးတာလာရင် ရှစ်ပါးပြည့်သွားပြီ
မုန်းတာလာပြီးရင် ဘာလာမယ် ထင်သတုံး (ဆုံးတာလာမှာပါဘုရား) ဆုံးတာလာရင်ဖြင့် ရှစ်ပါးပြည့်သွားမှာ … (မှန်ပါ့)။
အဲ … ပြည့်တယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာက အထူးပြောနေဖို့ လိုသေးသလား (မလိုပါဘုရား) ကိုယ်က သွားပြီးပိတ်တာလား ဒီမဂ်ကပိတ်တာလား … (ဒီမဂ်က ပိတ်တာပါဘုရား)။
ဒါဖြင့် တံခါးပိတ်ပေးမည့် တရားရှိပါလျက်သားနဲ့ ခင်ဗျားတို့က သူ့ကို ကိုယ်ပိုင်ဖြင့် ချန်မထားဘူးဆိုလို့ရှိရင်ဖြင့် သူကပိတ်ပေးမယ်တော့ မဟုတ်တော့ဘူး၊ (မှန်ပါ့) ပိတ်ပေးပါမလား … (မပိတ်ပါဘုရား)။
အပါယ်တံခါးကို ဘယ်ကနေပိတ်ရသတုံး (လူ့ပြည်ကနေ ပိတ်ရပါတယ်ဘုရား) လူ့ပြည်ကနေ ပိတ်ရတယ်၊ လူ့ပြည်က မဂ်နဲ့နေပြီး ပိတ်ရတယ် … (မှန်ပါ့)။
တံခါးဘယ်ကန ဖွင့်ရသတုံး (လူ့ပြည်စတဲ့ ဌာနတွေက ဖွင့်ရပါတယ်ဘုရား) ဟာ … ဒါဖြင့် ဖွင့်တတ်ရင် ပိတ်တတ်ရမယ် ခင်ဗျားတို့ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမတုံး … (ဖွင့်တတ်ရင် ပိတ်တတ်ရပါမယ်ဘုရား) အခုတော့ ဒကာဒကာမတွေ တံခါးဖွင့်တတ်တယ် မင်းတုတ်ကျတော့ ကျုပ်မထိုးတတ်အောင် ဖြစ်နေတယ် … (မှန်ပါ့) ခွကျတာပေါ့ဗျ … ဟင် (မှန်ပါ)။
တံခါးတော့ ပိတ်တတ်တယ်၊ မင်းတုတ်ကျတော့ မမှီဘူးတဲ့၊ အဲဒီကျတော့ ခွကျနေတာပေါ့၊ ဒကာ ဒကာမတွေ ပိတ်တတ်လို့ရှီရင် ဘာလုပ်ရမတုံး (ဖွင့်တတ်ရပါမယ်ဘုရား) ဖွင့်တတ်ရမယ်ဆိုတာ သဘောကျပလား … (ကျပါပြီဘုရား)။
ကိုင်း … ဒါဖြင့် ဒကာ ဒကာမတို့ … အပါယ်လေးပါး တံခါးကို ဒီကနေ ပိတ်လို့ရတယ် (မှန်ပါ) ဖွင့်ရင်ကော ဘယ်ကနေ ဖွင့်မလဲ (ဒီကနေ ဖွင့်ပါတယ်ဘုရား) ဒီကနေပြီးတော့လဲ ဖွင့်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား) သြော် … လူ့ပြည်မှာ မကောင်းမှုလုပ်လို့ အပါယ်သွားတယ် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
တံခါးဖွင့်တတ်ရင် ပိတ်တတ်ရမယ်
ဘာကြောင့်ပါလိမ့်ဗျ (မကောင်းမှုလုပ်လို့ အပါယ်သွားရပါတယ်ဘုရား) မကောင်းမှုလုပ်လို့ အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေပြီး အပါယ်တံခါးကို ဖွင့်ထားတာကိုး (မှန်ပါ့ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား) ပိတ်ပြန်တော့ကော (လူ့ပြည်ကနေ အပါယ်တံခါးပိတ်ပါတယ်ဘုရား) လူ့ပြည်ကနေ အပါယ်တံခါး ပိတ်တယ်ဆိုတော့ ဖွင့်တတ်ရင်ဘာတဲ့ (ပိတ်တတ်ရပါမယ်ဘုရား)။
ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ အပိုပြောတဲ့ စကားလား စည်းကမ်းကျလား … (စည်းကမ်း ကျပါတယ်ဘုရား)။
ဒီတော့ ခင်ဗျားတို့က နေပုံထိုင်ပုံ စည်းကမ်းမကျဘူး၊ ဖွင့်သာနေတယ်၊ ပိတ်ပါဆိုတော့ … (မပိတ်တတ်ပါဘုရား) စည်းကမ်းကျရဲ့ လား (မကျပါဘူးဘုရား)။
ကိုင်း … ဒါဖြင့် ခင်ဗျားတို့သည် လိုသေးတယ် ဆိုတဲ့အပြစ်ကိုတော့ တင်ရမယ် (မှန်ပါ့)၊ ဦးဘတင် တင်ထိုက် - မတင်ထိုက် (တင်ထိုက်ပါတယ်ဘုရား)။
ဦးခင်မောင် ပိတ်တော့ မပိတ်တတ်ဘူးဆိုတော့ ကလေးတစ်ယောက်ဟာ တံခါးတော့ သွားဖွင့်တယ်၊ ပိတ်တော့ မပိတ်တတ်ဘူးဆိုတော့ လူကြီးက မင်းဖွင့်တော့ ဖွင့်တတ်တယ်၊ ပိတ်တော့ မပိတ်တတ် ဘူးလားဆိုပြီး အမေ မိဘက သူ့ကို ထိပ်ခေါက် ခေါင်းပုတ်စသည်နဲ့ ဒီလိုကော မရှိဘူးလား (ရှိပါတယ်ဘုရား) ဘာဖြစ်လို့တုံး (ဖွင့်တော့ ဖွင့်တတ်တယ် ပိတ်တော့မပိတ်တတ်လို့ပါဘုရား) နို့ … ခင်ဗျားတို့က ဘယ်လိုလုပ်သင့်သတုံး ဒီအတိုင်းပဲ မလုပ်သင့်ဘူးလား (လုပ်သင့်ပါတယ်ဘုရား)။
အဲ … ခင်ဗျားတို့က ဒါပေမယ့်လဲ ပိတ်နိုင်ပေမယ့်လဲ ပိတ်ချင်မှ ပိတ်ဦးမှ၊ အရိုက်ခံပြီး မိုက်ချင် မိုက်နေဦးမှာ (မှန်လှပါ) မဆိုးရွားဘူးလား (ဆိုးရွားပါတယ်ဘုရား)။
ကိုင်း - ဒါလောက် ဆိုးရွားလွန်းတော့လဲ ခင်ဗျားတို့ မကောင်းတော့ဘူးဆိုတာ ပေါ်ပလား … (ပေါ်လာပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ကို ဘယ်လောက်ကြာကြာ စိတ်ထဲမှာ ဘယ်လိုပေါ်သည့်တိုင်အောင် ရှုရမှာတုံး … (၀မ်းသာသည့်တိုင်အောင် ရှုရပါမယ်ဘုရား)။
အဲ … ၀မ်းသာပြီး သကာလ ကြက်သီးမွေးညင်းတွေ ထပြီး အရောင်တွေ ထွက်လာလောက်အောင် တစ်ခုခုတော့ လာမယ်ဗျာ … (မှန်ပါ့)။
ခန္ဓာကိုယ်က အရောင်ထွက်ချင်ထွက်မယ်
ဝမ်းသာတာက လာရင်လဲလာမယ်၊ ခန္ဓာကိုယ်က အရောင်ထွက်ချင်လဲ ထွက်မယ် … (မှန်ပါ့) အဲဒီ အခြေအနေရောက်လို့ရှိရင်ဖြင့် ဖြစ်ပျက်ဟာ အတော်အောင်မြင်နေတဲ့ ဥဒယဗ္ဗယဥာဏ်ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) .
ဦးဘအုန်းရေ … ဒါ မနေ့က ဒီဂရီ degree မထည့်ရလို့ ဒီနေ့ ဒီဂရီ degree အချိန်အဆထည့်ပေးနေတာ (မှန်ပါ့) ဒါ … သုံးချက်ရှိပြီနော် ဒီတရားစစ်ချည်းဟောနေတာ မာဂဏ္ဍီဆက်မဟော နိုင်သေးဘူး၊ မာဂဏ္ဍီတရားရတဲ့ဥစ္စာ ဒီသုံးခုသာ မူတည်ထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ကဲ … ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖြစ်ပျက်ကိုမြင်တဲ့ အခြေအနေဟာ တပည့်တော် မသေမချင်း လုပ်ရမည့် တရားမျိုးပဲလို့ ဘယ်တော့မှ ခင်ဗျားတို့ လက်မှိုင်မချလိုက်နဲ့ (မှန်ပါ့ဘုရား)။
ဦးဝတို့ … ဖြစ်ပျက်ဟာ တစ်သက်လုံး လုပ်နေရမှာပဲ၊ လောကုတ္တရာဆိုတဲ့ ဥစ္စာ မနေမနား မီးပွတ်သော ယောက်ျားကဲ့သို့ အရင်ဟောထားခဲ့တာတွေ ရှိတယ် (ရှိပါတယ်ဘုရား) မီးပွတ်သော ယောက်ျားဟာ မီးမထွက်မချင်းဘာတုံး (ပွတ်ရမှာပါဘုရား)။
ဒီမှာတော့ ဖြစ်ပျက်ကို လိုရင်းဟောလိုက်ရင်းကတော့ ပါဠိတော်ကရှိနေမယ်၊ ဖြစ်ပျက်ကိုမြင်တာဟာ ဘယ်အခြေအနေရောက်လို့ရှိရင် ဖြစ်ပျက်ဟာ အတော်ခရီးရောက်ပြီလို့ဆိုတာ ဆုံးဖြတ်ချက် ချနိုင်ကြသတုံး (နှစ်သက်ဝမ်းမြောက်မှု စသည်ဖြစ်မှပါဘုရား)။
လှေခါးထစ်ထစ်၊ အောင်သွားပြီ
ဝမ်းသာလာမယ်၊ နှစ်သက်လာမယ် ဥာဏ်ထဲမှာ ဆိုရင်ဖြင့်သြော် … ဒါဟာဖြစ်ပျက် အတော်ခရီးရောက်ပဟေ့ ဆိုတာလှေကား ထစ်ထစ်အောင်သွားတာပဲ (အောင်ပါတယ်ဘုရား) လှေကားက သုံးထစ်ထားရမှာကိုးဗျ (မှန်ပါ) ဘယ်နှစ်ထစ်ကျန်တော့သလဲ (နှစ်ထစ်ကျန်တော့တယ်) နှစ်ထစ်ပဲ ကျန်တော့တယ်၊ ဖြစ်ပျက်တာအတော်ခရီး ရောက်သွားပြီ၊ ဖြစ်ပျက်မြင်သွားပြီဆိုကြပါစို့ (မှန်ပါ့)။
အဲ … ဟိုဘက်ကျတော့ ခင်ဗျားတို့ ဒီဥစ္စာကို ဆက်သာရှုလိုက်တော့ အဖြစ်အပျက်စုံတွဲပြီး မတွေ့တော့ဘူး၊ အပျက်တင်ပဲ တွေ့ချင်တွေ့မယ်၊ မုန်းစရာရင်လဲ တွေ့မယ်၊ အပြစ်တွေ့ရင် တွေ့မယ် (မှန်ပါ့ဘုရား) အဲ … ဖြစ်ပျက်ရှုဖို့ကိစ္စ (ဥဒယဗ္ဗယ) ပြီးစီးတယ်ဆိုတာ အလုပ်က သက်သေခံတယ် (မှန်ပါ့) အာရုံသက်သေခံတယ် (မှန်ပါ့)။
ဦးခင်မောင် … ဘယ်သူက သက်သေခံသလဲ (အာရုံက သက်သေခံပါတယ်ဘုရား) ဒါဖြင့် ဖြစ်ပျက်ကဖြင့် ပီတိ … ပါမောဇ္ဇတို့ ဖြစ်လာရင် အတော်ခရီးရောက်တာပဲဆိုတာ သဘောကျပလား (သဘောကျပါညပီဘုရား)။
အဲဒါဟာ ခင်ဗျားတို့ ပထမနိဗ္ဗာန်ရဖို့ နယ်ထဲရောက်နေတယ်လို့ ဆုံးဖြတ်ချက်ချရင် ချနိုင်တယ်၊ ဒီပီတိပါမောဇ္ဇလာရင် (မှန်ပါ) ပထမနိဗ္ဗာန် အမတံတံ ၀ိဇာနတံ ကိုးဗျ (မှန်ပါ့)။
စူဠသောတာပန်မကတော့ဘူး
ပညာနဲ့ နှစ်သက်နေတဲ့ ပုဂ္ဂိုလ်အား အမတံတံ၊ နိဗ္ဗာန်သည်၊ ဟောတိ၊ ဖြစ်၏တဲ့၊ ဓမ္မပဒပါဠိတော် လာတာနော် (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)။
ပထမနိဗ္ဗာန်မြင်ရအောင်ဖြင့် ဒကာ ဒကာမတွေ မကြိုးစားသင့်ဘူးလား (ကြိုးစားသင့်ပါတယ်ဘုရား) ပထမ နိဗ္ဗာန်နား ရောက်လို့ရှိရင် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ မစိုးရိမ်နဲ့တော့၊ စူဠသောတာပန် မကတော့ဘူး၊ မဟာသောတာပန်နားပင် ကပ်နေပြီ (ကပ်နေပြီဘုရား) အဲဒီတော့ အပါယ်တံခါး ဘယ့်နှယ်နေသတုံး (ပိတ်ခါနီးပါပြီဘုရား) ဒါလောက်ထိအောင် မလုပ်သင့်ဘူးလား … (လုပ်သင့်ပါတယ်ဘုရား)။ *
* ဖြစ်ပျက်ကိုမြင်သည့် ဥဒယဗ္ဗယဥာဏ် မရောက်ခင် ကင်္ခါဝိတရဏ၀ိသုဒ္ဓိ ရောက်လျှင်ပင် စူဠသောတာပန်ဖြစ်ပြီဟု ဖွင့်ပြသော ၀ိသုဒ္ဓိမဂ် အဠကထာကို သတိပြုကြပါလျှင် ဤအခန်းတွေ၌ ဟောကြားချက် ဆရာတော်ဘုရားကြီး၏ စကားရပ်ကို ရိပ်မိကြပါလိမ့်မည်။ စူဠနှင့် မဟာသောတာပန် စပ်ကြား အခြေအနေကာလ ဟောနေသည်ဟု သဘောပေါက်လာပါမည်။
ဒါဆိုရင် တိဟိတ်သေချာတယ်
ဒါဖြင့် ဒီဖြစ်ပျက်ကလေးကို ရှုရှု, ရှုရှုနေပါ၊ ရုပ်ဖြစ်ပျက်ကြိုက်တဲ့လူ ရုပ်ရှု၊ နာမ်ဖြစ်ပျက် ကြိုက်တဲ့ လူက (နာမ်ရှုရပါမယ်ဘုရား) ထိုကဲ့သို့ ရှုနေပြီဆိုလို့ဆိုရင် ဖြင့် ၀မ်းသာ … တဲ့၊ သြဘာသပီတိ ပဿဒ္ဓိစသည်တို့ပေါ့ဗျာ (မှန်ပါ့) တစ်ခုခုလာတယ်ဆိုကတည်းက တိဟိတ်မှန်းလဲ သေချာတယ် (မှန်ပါဘုရား)။
ဖြစ်ပျက်တာဒါလောက်ကျအောင် မြင်လို့ရှိရင်ဖြင့် ဖြစ်ပျက်ကိစ္စ အတော်ခရီးရောက်နေပြီ ဆိုတာလဲ (ဥဒသဗ္ဗယဥာဏ်) ဦးခင်မောင် သေချာတယ် (သေချာပါတယ်ဘုရား)။
ဒါဖြင့် ဦးဇံရင်တို့ ဒီအချက်ဖြင့် ပိုင်အောင်လုပ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေကော (ပိုင်အောင် လုပ်ရမှာပါဘုရား) ၀မ်းသာနှစ်သက်တွေ ပေါ်လာသည့် တိုင်အောင်လုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အကယ်၍ ၀မ်းသာနှစ်သက်မလာလို့ရှိရင်လဲ တပည့်တော် ဒါကိုကြည့်နေရတာ ဘုရား၊ ၀မ်းသာတယ်လဲ မဟုတ်ဘူး၊ ၀မ်းနည်းတယ်လဲ မဟုတ်ဘူး၊ တပည့်တော် ခန္ဓာကိုယ်ထဲမှာတော့ ခန္ဓာကိုယ် အရောင်ဆင်းအလင်းတွေကသာ ထွက်နေတာပဲ ဆိုလို့ရှိရင်လဲ၊ ဖြစ်ပျက်ရှုတဲ့ ကိစ္စဟာ ဒါလောက်ထွက်လာတယ် ဆိုလို့ရှိရင်၊ ဒကာ ဒကာမတွေ ဒါအတော် ခရီးရောက်နေတဲ့ကိစ္စပဲ။ ဒါလဲတစ်မျိုးပဲ (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ပထမနိဗ္ဗာန်နားရောက်တယ်
အဲဒါ ပထမ နိဗ္ဗာန်နား ရောက်တယ်လို့တောင် ဆိုနိုင်တယ် (မှန်ပါ့) ဘယ်လိုဆိုကြမယ် (ပထမနိဗ္ဗာန်နားရောက်နေပါတယ်) အဲ … ဖြစ်ပျက်မြင်လို့ ၀မ်းသာနှစ်သက်အရောင်ထွက်ခဲ့သော်၊ တစ်ခုခု ဖြစ်ပျက်ခဲ့သော် ဘယ်လိုဆိုကြပါမယ် (ပထမ နိဗ္ဗာန်နား ရောက်ပါတယ်ဘုရား)။
ကြက်သီးကလေး ဘာကလေး ထ,လာလို့ရှိရင်လဲ ပထမနိဗ္ဗာန်နားရောက်တယ်လို့ပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့ဘုရား) ခုဒ္ဒကာပီတိ၊ ခဏိကာပီတိ စသည်တွေက ရှိသေးတာကိုးဗျ (မှန်ပါ့)။
အဲဒီတော့ ကြက်သီးကလေး ဘာကလေး ထ,လာရင်လဲ ဘာပါလိမ့် (ပထမနိဗ္ဗာန်နားရောက်တာပါပဲ ဘုရား) အလကား ဒီအခန်းထဲနေရတာ တစ်ယောက်တည်း ကြောက်လို့ ကြက်သီးထ,တာဆိုတာ မဟုတ်ဘူး … (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား) ဘယ်လိုဟာ မြင်မှတုံး (ဖြစ်ပျက်မြင်မှာပါ) ဖြစ်ပျက်မြင်ပြီး ကြက်သီးထ,လာမှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ခင်ဗျားတို့အတွက်ကလဲ ဖေးရ မ,ရတာတွေကလဲ နည်းတာမဟုတ်ဘူး (မှန်ပါ့) ကြက်သီးထပြီဆိုပြီး ဖြစ်ပျက်ကို ရပ်ပြီးပစ်လိုက်မှာပဲ စိုးရသေးတာကိုး၊ ဖြစ်ပျက်လဲ မြင်တာမဟုတ်ဘဲနဲ့ ကြက်သီးထ, လို့ ရပ်ပစ်မှာ စိုးရသေးတာကိုး (မှန်လှပါဘုရား)။
ကိုင်း … ဒါဖြင့် ဒါဟာ ၁ - နံပါတ်ကို ပြီးမြောက်ကြောင်း ဆုံးဖြတ်ချက်ချတဲ့နေ့ပဲလို့ အားလုံးမှတ်မိကြ ပလား (မှတ်မိကြပါပြီဘုရား)။
ဒါဖြင့် ဖြစ်ပျက်မတွေ့သေးလို့ရှိရင် တွေ့အောင်လုပ်တွေ့ခဲ့လို့ရှိရင် ပထမနိဗ္ဗာန်နားရောက်အောင် ဘယ်အခြေအနေရောက်လို့ရှိရင် တို့နိဗ္ဗာန်နား ရောက်မလဲ ဆိုတာကော သိကြပလား … (သိကြပါပြီဘုရား) ဘယ်အခြေအနေရောက်မှာလဲ … (ဖြစ်ပျက်မြင်ပြီး နှစ်သက်ဝမ်းမြောက်စသည်တွေ ဖြစ်ပေါ်လာမှပါဘုရား)
အဲ … ပီတိတို့ ပဿဒ္ဓိတို့ နှစ်သက်မှု,ချမ်းသာမှု အရောင်တောက်မှု တစ်ခုခုပေါ့ဗျာ … အားလုံးတော့ မလာဘူး (မှန်ပါ) တစ်ခုခုကလေး ကြက်သီးမွှေးညင်းကလေး ထ,မှုစသည်ပေါ့ (မှန်ပါဘုရား)။
အဲဒါတွေလာလို့ ခန္ဓာကိုယ်ကြွသွားတယ်လို့ထင်မှု၊ အဲဒီလို တစ်ခုခုပေါ်လာလို့ရှိရင်ဖြင့် ဘာပဲပေါ် လာလာဖြစ်ပျက်စခန်း အတော်ခရီးရောက်ပြီ၊ ဖြစ်တာနဲ့ ပျက်တာ တွဲမြင်ရမည့် စခန်းပြီးပြီလို့ (ဥဒယဗ္ဗယဥာဏ်) ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဘာစခန်းပြီးတာပါလိမ့် (ဖြစ်ပျက်စခန်း ပြီးတာပါဘုရား) အဲဒါ ပထမနိဗ္ဓာန်နား ရောက်တာပါပဲ … (မှန်ပါ့) အခုပြောခဲ့တာတွေ တစ်ခုခုပေါ်ရင် ဘယ့်နှယ်ဆိုကြမလဲ (ပထမနိဗ္ဗာန်နား ရောက်ပါတယ်ဘုရား)။
ဘုန်းကြီးကမှာတယ်ဆက်ပြီးလုပ်ပါ
ပထမနိဗ္ဗာန်နားရောက်သော ပုဂ္ဂိုလ်သည် မဟာသောတာပန် အခြေအနေနား ရောက်သောကြောင့် သူသည် အပါယ်လေးပါးတံခါးပိတ်တာ တစ်ဘ၀တောင် မလာနိုင်ဘူး၊ စူဠသောတာပန်မကတော့ဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီဘုရား) ဒါလောက်တတ်လာလို့ရှိရင်လဲ ဒီယောဂီပုဂ္ဂိုလ်ကို ဘုန်းကြီးက မှာတယ်။ ထပြီး မပစ်ပါနဲ့ ထပြီးမပစ်ပါနဲ့ ဒကာဒကာမတို့ ဆက်လက်ပြိး ၀ီရိယ သမာဓိ ကောင်းကောင်းထားပြီး လုပ်ပါ။ နောက် ၂ မိနစ်၊ ၃ မိနစ်ခန့် စသည်လောက်ဆက်လက်ပြီး တက်သွားမယ်ဆိုရင် ခင်ဗျားတို့ ပထမနိဗ္ဗာန် ရောက်တော့မယ် အစစ်ရတော့မယ် … (မှန်ပါ့)။
၂-မိနစ်၊ ၃-မိနစ်ဆိုရင် ရနိုင်ပါလိမ့်မယ် (မှန်ပါ့) ဦးဘတင် ရနိုင်ပါတယ်နော် …. (ရနိုင်ပါတယ်ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ ဒီမှာကိုကတည်းက အရောင်အဆင်း အလင်းတွေနဲ့တကွ ခန္ဓာကိုယ်ထဲမှာ နှစ်သက်မှု ၀မ်းမြောက်မှု ဖြစ်ထားတာက ပထမအထစ်မှာ သေသေချာချာ အောင်ကြောင်းကို သက်သေခံနေတာကိုး … (မှန်ပါ့)။
အပျက်တွေကို မုန်းလာလိမ့်မယ်
အဲဒီတော့ ဒီကြက်သီးမွေးညင်းထတာနဲ့ပဲ ပထမ နိဗ္ဗာန်ရောက်ပြီဆိုပြီး သကာလ ၀မ်းသာပြီး ရပ်မပစ်လိုက်နဲ့ (မှန်ပါ့) လာမှာကတော့ လာမှာပဲ ရပ်မပစ်ပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ) ရပ်မပစ်ဘဲနဲ့ ဆက်ရှုပါ ဆက်ရှုတော့ သူအပျက်တွေချည်းရင်လဲ မြင်ပါလိမ့်မယ် (ဘင်္ဂဥာဏ်) အဖြစ်နဲ့ အပျက်တော့တွဲပြီး မမြင်တော့ဘူး၊ အပျက်တွေချည်း မြင်လာလိမ့်မယ် (မှန်ပါဘုရား) အဲ … မုန်းရာကနေပြီးတော့ ဒကာ ဒကာမတွေ နိဗ္ဗိန္ဒဥာဏ်တွေ မတက်ပေဘူးလား (တက်ပါတယ်ဘုရား) တက်လာလိမ့်မယ် မလျှော့နဲ့ဦး၊ ညည်းငွေ့လို့ ရှုကို မရှုချင်တော့ဘူးဆိုငြားသော်လဲ ရှုသာရှုသဘောကျပလား (ကျပါပြီဘုရား)။
ရှုကို မရှုချင်တဲ့ နိဗ္ဗိန္ဒက လာဦးမှာကိုး (မှန်ပါ့) အဲဒီတော့ကို ရှုကို မရှုချင်ပေမယ့်လဲ ဦးခင်မောင် ပေပြီးရှု … (မှန်ပါ့ဘုရား) ပေရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒါကြီးဖြင့် မရချင်တော့ဘူးဆိုတာ လာမှာပဲ (၀ိရာဂဥာဏ်) မရချင်တော့ဘူးဆိုတာ လာလို့ရှိရင် ဒီက ရုပ်နာမ်နှစ်ခုဟာ ဘာဖြစ်သွားမယ်ထင်သတုံး … (ဆုံးသွားမှာပါဘုရား) ဆုံးသွားတဲ့အခါကျတော့ ရုပ်ကလဲ ဒုက္ခသစ္စာ နာမ်ကလဲ ဒုက္ခသစ္စာဆုံးသွားတော့ ဒုက္ခဆုံးသွားတာ (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒုက္ခအဆုံးက နိဗ္ဗာန်
ဒုက္ခဆုံးသွားတော့ ဒီက မဂ္ဂင်ရှစ်ပါးကလဲ ဒီကဆုံးတဲ့ အချိန်ပြည့်တဲ့အခါမှ သူဘယ်သူနဲ့ ကွဲနေသတုံးလို့ ဦးခင်မောင်မေးရင် ဘယ့်နှယ်ပြောပါ့မယ် ဒုက္ခအဆုံးနဲ့ တွဲနေတယ်၊ ဒုက္ခအဆုံးက ဘာပါလိမ့် … (နိဗ္ဗာန်ပါဘုရား)။
အဲ … ဒုက္ခအဆုံးနိဗ္ဗာန်နဲ့တွဲနေတာက မဂ်ဥာဏ်(မှန်ပါ့) ဒုက္ခအဆုံးက နိဗ္ဗာန်(မှန်ပါ့) ဒုက္ခအဆုံးကို ကိုယ်တိုင် မြင်နေရတာက (မဂ်ဥာဏ်ပါဘုရား)။
အဲ . မဂ်ဥာဏ်ဆိုဆို၊ ဖိုလ်ဥာဏ်ဆိုဆို၊ ပစ္စဝေက္ခဏာဥာဏ်ပဲဆိုဆို၊ သူကတော့ ၁-၂-၃ ခဏကလေးပဲ ရောက်သွားမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ကိုင်း ….ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု … သာဓု … သာဓု။