ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
ပြုံးသေ မဲ့သေ သေနည်း
အလုပ်ပေးတရားတော်
(၂၇-၁၁-၆၀)
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုတဲ့ ဇာဏုသောနိပုဏ္ဏားဆိုတာက မေးတယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို ဇာဏုသောနိ ပုဏ္ဏားကမေးတယ်။
အရှင်ဘုရားတဲ့ …… တပည့်တော်တွေ့ရတဲ့ ပုဂ္ဂိုလ်အပေါင်းမှာဖြင့် တပည့်တော်ဥာဏ်ထဲမှာ ချိန်ဆလို့ရတဲ့ သဘောတွေ ပြောရလို့ရှိရင် သေရမှာကို မကြောက်တဲ့ ပုဂ္ဂိုလ်၊ မလန့်တဲ့ပုဂ္ဂိုလ်တော့ဖြင့် မရှိဘူးလို့ တပည့်တော်အယူရှိပါတယ်ဘုရားလို့ လျှောက်တယ် …… (မှန်လှပါဘုရား)။
ဇာဏုသောနိ ပုဏ္ဏားက လျှောက်တယ် ...... (မှန်လှပါဘုရား) တပည့်တော်အထင် တပည့်တော်အမြင်အတိုင်း ပြောရလို့ရှိရင်ဖြင့် သေရမှာကို မကြောက်တဲ့ပုဂ္ဂိုလ်၊ မလန့်တဲ့ပုဂ္ဂိုလ်ဆိုတာ လုံးဝမရှိဘူးလို့ တပည့်တော်အယူရှိပါတယ်လို့ ဘုရားကို လျှောက်တယ်။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုဏ္ဏားတဲ့၊ ဇာဏုသောနိပုဏ္ဏား ….. ဒီလိုတစ် ထစ်ချ ယူမထားနဲ့ကွ၊ သေရမှာကြောက်တဲ့ပုဂ္ဂိုလ်လဲရှိတာပဲတဲ့၊ မကြောက်တဲ့ပုဂ္ဂိုလ်လဲ ရှိတာပဲလို့ နှစ်မျိုးမှတ်ရမယ်…. (မှန်လှပါဘုရား)။
သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ သေရမှာမကြောက်တဲ့ပုဂ္ဂိုလ်က ….. (တစ်မျိုးပါဘုရား) ဘယ်နှစ်မျိုးပါလိမ့် ….. (နှစ်မျိုးပါဘုရား)။
နှစ်မျိုးရှိတယ်လို့ ဘုန်းကြီးတို့ ဒကာဒကာမတွေ မှတ်ထားကြစမ်းပါ။ ဒီတရား ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒီပုဏ္ဏားက လျှောက်တဲ့အတွက်ကြောင့် အမေးအဖြေ ထွက်ရပါတယ်ဆိုတာ ဒကာဒကာမတွေ သိပြီးသားအတိုင်း အားလုံးနဲ့ဆက်ဆံလို့ဆိုတဲ့ အဓိပ္ပာယ်မှတ်ပါတော့ ….. (မှန်လှပါဘုရား)။
အားလုံးနဲ့ ဆက်ဆံလို့ ဆိုတဲ့ဥစ္စာ ဒကာဒကာမတွေ ပဋိသန္ဓေနေတဲ့ နေ့ကစပြီးသကာလ ကျုပ်တို့ ပြေးလွှားပြီးသကာလ လာကြတာသည်၊ ဘယ်မြို့  ဘယ်ဌာနရောက်တယ်ဆိုတာကတော့ဖြင့် အပြောပဲလို့ မှတ်ရမယ် …… (မှန်လှပါဘုရား)။
သေရာဌာနကို ပြေးလာတာကဖြင့် သေချာတယ် ….. (သေချာပါတယ်ဘုရား)။
ဟိုမြို့ ရောက်လဲ သေခါနီးတာပဲ …… (မှန်လှပါဘုရား) ဟိုမြို့ ကလဲ ဒီမြို့ ဆက်ပြေးပြန် တော့ရော …… (သေခါနီးတာပါဘုရား)။
ဒါဖြင့် သုသာန်အရောက် ပြေးနေတဲ့လမ်းပဲ မဆိုနိုင်ကြဘူးလား …… (ဆိုနိုင်ပါတယ်ဘုရား)။
အဲဒီတော့ သုသာန်အရောက် ပြေးနေတဲ့လမ်းပဲလို့ ဒကာဒကာမတွေ ဆုံးဖြတ်ချက်ချနေတော့ ယုတ်စွအဆုံး ပြောကြပါစို့၊ တရားနာနေတာတောင်မှ သုသာန်သွားရင်း တရားနာနေတာလို့ ဆရာဘုန်းကြီးက ဆုံးမတယ် ….. (မှန်လှပါဘုရား)။
ဘုရားက ဆုံးမတယ် …… (မှန်လှပါဘုရား)။
ထိုင်, စ ထက် အခု သုသာန်နဲ့ နီးတယ်ဆိုတာက မသေချာဘူးလား ….. (သေချာပါတယ်ဘုရား) ထိုင် , စ ထက် သေခါနီးတယ် ဆိုတာကရော….. (သေချာပါတယ်ဘုရား)။
ဒါဖြင့်ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့၊ ကျုပ်တို့သည်ကား ဆိုလို့ရှိရင်ဖြင့် ထိုင်နေလဲ ဒီနေရာဌာနကိုတော့ အရောက်သွားတာပဲ …… (သွားတာပါပဲဘုရား) ထိုင်ရင်းသွားတယ်။
အိပ်နေပြန်တော့ …… (အိပ်ရင်းသွားပါတယ်ဘုရား)။
စားနေပြန်တော့ ……. (စားရင်းသွားပါတယ်ဘုရား)။
ပြောနေပြန်တော့ …… (ပြောရင်းသွားပါတယ်ဘုရား)။
သြော် ….. ဒါဖြင့် ဒကာဒကာမတို့ ဒီ့ပြင်ဟာတွေကဖြင့် လွဲတယ်၊ ချော်တယ် ရှိသေးတယ်နော်…. (မှန်လှပါဘုရား) တို့ သုသာန်သွားတဲ့ အလုပ်ကတော့ လွဲတယ်၊ ချော်တယ်လို့ မရှိတော့ပါဘူး ….. (မရှိပါဘူးဘုရား) နီးကပ် နီးကပ်သွားတာ သေချာတော့တာပဲ ….. (သေချာပါတယ်ဘုရား) မဆိုနိုင်ဘူးလား ….. (ဆိုနိုင်ပါတယ်ဘုရား)။
အဲဒါတွေ သေသေချာချာ ဒကာဒကာမတွေက ဉာဏ်နဲ့ စဉ်းစားလိုက်တော့မှ သြော် …. တို့သည်ကားလို့ဆိုရင် တစ်ဘ၀လဲ ဒီလမ်းပဲ ပြေးရပြန်တာပဲ၊ နောက်ဘ၀ ရပြန်တော့ရော ….. (ဒီလမ်းပဲပြေးရတာပါဘုရား) အင်း …. နောက်အနာဂတ် တတိယဘ၀ ရောက်ပြန်တော့ရော ….. (ဒီလမ်းပြေးရတာပါဘုရား)။
ဒါဖြင့် ဒီလမ်းပြေးတဲ့ အလုပ်ဟာဖြင့် ကျုပ်တို့သည် ၀ဋ်သမားမို့ ပြေးရတဲ့အလုပ်ပဲလို့ မှတ်ပေတော့ …… (မှန်လှပါဘုရား)။
ဝဋ်ရှိတဲ့ ပုဂ္ဂိုလ်မို့ ဒီလမ်းချည်းပြေးရတာ ….. (ပြေးရပါတယ်ဘုရား) ၀ဋ်ကျွတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီလမ်းမပြေးပါဘူး ….. (မပြေးပါဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့အားလုံးက ညည်းနေကြတာက အိုပြီ၊ သေရချည်သေးရဲ့  ….. (မှန်လှပါ) တော်တော်ကြာ နောက်ဘ၀ကျတော့ အိုပြန်ပြီ၊ သေရချည်သေးရဲ့  ….. (မှန်လှပါ)။
ဒါသာ ညည်းလုံးတွေ ထုတ်နေကြတာပဲ ဒကာဒကာမတို့၊ လမ်းခွဲကို မရှာဘူး ….. (မရှာပါဘုရား) မရှာတာကလဲ ဦးလှဘူးတို့၊ ဒကာကြွယ်တို့က စဉ်းစားရမယ်၊ သြော် ….. မသိတဲ့ ပုဂ္ဂိုလ်ရှာဖို့အရေးဟာ အတော်ကွာဝေးတာပါလား ဆိုတာပေါ်လာတယ်၊ မပေါ်လာဘူးလား …. (ပေါ်လာပါတယ်ဘုရား)။
ကိုင်း ….. ဒါဖြင့် ဒကာဒကာမတို့ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်ချည်းလို့ ဇာဏုသောနိ ပုဏ္ဏားက ပြောတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး မကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး ရှိပါတယ်လို့ ပြောတယ် ….. (ပြောပါတယ်ဘုရား)။
ဒါဖြင့် သေရွာသွားတဲ့ လူချင်းတူပေမယ့်လဲ ကြောက်သွား, သွားတဲ့ပုဂ္ဂိုလ် ….. (မှန်လှပါ) မကြောက်ဘဲနဲ့ ရဲရဲတင်းတင်းသွားတဲ့ပုဂ္ဂိုလ်၊ (မှန်လှပါ) နှစ်မျိုးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ …. (ရှင်းသွားပါပြီဘုရား)။
ဒါဖြင့် ဘုရားတဲ့၊ တပည့်တော်ယူထားတဲ့ အယူကတစ်ယူတည်းဖြစ်နေတော့ အရှင်ဘုရားက မကြောက်တဲ့ပုဂ္ဂိုလ်၊ သေရမှာ မကြောက်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်ဆိုတာ ရှင်းပြစမ်းပါဦး …… (မှန်လှပါ) မမေးသင့်ဘူးလား ….. (မေးသင့်ပါတယ်ဘုရား)။
အေး …. ဒီတရားကို စ, ပြီးသကာလ ဟောရတာ ဒကာဒကာမတို့၊ ကျုပ်တို့ဆရာ ဘုန်းကြီးနဲ့တကွ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လမ်းခွဲလဲတွေ့အောင်၊ ဒီဘ၀ သေပြန်လို့ရှိရင်လဲ မကြောက်ဘဲနဲ့ သေရင်ကိစ္စပြီးပုံကို ဟောလိုပြောလိုလို့ ဒီတရားကို အင်္ဂုတ္တိုရ် ပါဋ္ဌိတော်က စ, လာတာ …. (မှန်လှပါဘုရား)။
ဒီ ဒကာဒကာမ တွေမှာ ဘယ်အခြေအနေ ရောက်အောင် စခန်းပေါက်အောင် လုပ်ထားလို့ရှိရင်ဖြင့် မကြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘက်ကို သေချာသက်ရောက်အောင်လို့ ဦးလှဘူးရဲ`့ပြောရတာ ….. (မှန်လှပါဘုရား)။
ဒါကြောင့် ဒကာဒကာမတို့ ယနေ့တရားကိုဖြင့် သြော် ….. တို့သည်ကား ဆိုလို့ရှိရင်ဖြင့် ဒီလမ်းတော့ သွားနေတာပဲ၊ မကြောက်တဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ သွားရအောင်၊ တို့သည်ကား ဆိုရင် ဘယ်ဟာ လက်ကိုင်ထားမှသာလျှင် မကြောက်တဲ့အဖြစ်သို့ ရောက်မယ်၊ ကြောက်တဲ့အဖြစ်သို့ ရောက်ရင်ဖြင့် ဆိုးရွားပါလိမ့်မယ်ဆိုတာလဲ ပေါ်လာပါလိမ့်မယ် ….. (ပေါ်လာပါတယ်ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတွေ ဒီလမ်းလွတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီတရားပွဲ ဟောတဲ့ ပုဂ္ဂိုလ်ကအစ နာတဲ့ ပုဂ္ဂိုလ်အဆုံး ဘယ်သူကမလွတ်ပါဘူး …… (မှန်လှပါဘုရား)။
လွတ်ပါ့မလား …. (မလွတ်ပါဘုရား) အဲဒီ မလွတ်တာတွေ သိပြီးသကာလနေတော့ သြော် …. ကြောက်သေ၊ မကြောက်သေဖြင့် ခွဲကြဦးစို့ ….. (မှန်လှပါဘုရား)။
ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်ကတဲ့ ဒကာဒကာမတို့ ဘယ်လိုရှိတဲ့ ပုဂ္ဂိုလ်မျိုးမှ ကြောက်ပါသတုန်းဆိုရင် ဘုရားက လေးမျိုး ထုတ်ပြတယ် ….. (မှန်လှပါဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးတဲ့ ပုဏ္ဏားတဲ့ ကြောက်တဲ့ ပုဂ္ဂိုလ်က လေးမျိုးရှိတယ်ကွ …. (မှန်လှပါဘုရား) ကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးရှိပါတယ်) မကြောက်တဲ့ပုဂ္ဂိုလ်က ….. (လေးမျိုးရှိပါတယ်)။
လေးမျိုးရှိတယ်လို့ဆိုတော့ တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးမျိုးတဲ့ အပါယူမယ်ဟ, ဆိုတဲ့စိတ်ကို မွေးထားကြပါ ….. (မှန်လှပါဘုရား)။
မကြောက်တဲ့ လေးမျိုးထဲကို တို့အပါအ၀င် ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုဖြင့် အားလုံးတရားနာလာကြတဲ့ ဒကာဒကာမတွေ အရယူမယ်ဆိုတာဖြင့် ဒီနေ့စိတ်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မွေးရမှာပဲ ….. (မှန်လှပါဘုရား)။
မမွေးရင် မဖြစ်ပါဘူး ဒကာကြွယ်ရ ….. (မှန်လှပါ) သွားရမယ့် လမ်းကြီး ကြောက်နေလို့ရှိရင်ဖြင့် ဘယ်မှာသာလျှင် လားရာဂတိ ကောင်းနိုင်ပါ့မလဲ ….. (မကောင်းနိုင်ပါဘုရား)။
မကြောက်ဘဲနဲ့ သွားတဲ့ပုဂ္ဂိုလ်သည် ဂတိရှိရင်လဲ ဂတိကောင်းပါလိမ့်မယ် …… (မှန်လှပါဘုရား) ဂတိမရှိတော့လို့ ရှိရင်လဲ ငြိမ်းချမ်းပါလိမ့်မယ် ….. (မှန်လှပါဘုရား) မဆိုနိုင်ဘူးလား …… (ဆိုနိုင်ပါတယ်ဘုရား)။
အေး ….. ဒါကြောင့် ကြောက်တဲ့ ပုဂ္ဂိုလ်လေးမျိုး ဒကာသိုက်ရေ …. ရှေ့ ပိုင်းက ထုတ်ပြမယ် …. (မှန်လှပါဘုရား) ကြောက်တဲ့ပုဂ္ဂိုလ် လေးမျိုးဆိုတဲ့ ဥစ္စာသည် စတုက္ကနိပါတ် အင်္ဂုတ္တိုရ်က လေးမျိုးပဲပြတယ် ….. (မှန်လှပါဘုရား)။
ဘယ်လို ပုဂ္ဂိုလ်ကြောက်တယ်ဆိုတာ တစ်နံပါတ်မှတ်ပါတော့ ဒကာဒကာမတို့။
၁။ ။ သားသမီးနှင့်ပစ္စည်း အာရုံ ဒါတွေကို ခင်တွယ်ပြီး သကာလနေတဲ့ ပုဂ္ဂိုလ်များ၊ သေခါနီးပြင်းထန်တဲ့ ဝေဒနာရောက်လာလို့ရှိရင်ဖြင့် သြော် …… ဒီရှာထားတဲ့ပစ္စည်းဤမွေးထားတဲ့ သားသမီးတွေဖြင့် အစွန့်ကြီးစွန့်ပြီး အခွဲကြီးခွဲရတော့မှာပဲ ဆိုတဲ့ စိတ်ဟာ ပေါ်လာတယ် ….. (မှန်လှပါဘုရား)။
ပေါ်လာတော့ သူ့စိတ်ထဲမှာ သေချင်တဲ့စိတ်က ရှိရဲ့လား … (မရှိပါဘုရား) သေရမှာ မကြောက်ပေဘူးလား …. (ကြောက်ပါတယ်ဘုရာုး)။
သြော် …. သူ့ကြောက်စိတ်သည် ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံးတဲ့ လက်သည်ရှာတော့၊ သားသမီးနဲ့ ပစ္စည်းမစွန့်ချင်တဲ့၊ သားသမီးနဲ့ ပစ္စည်းကို မစွန့်ချင်တဲ့ သဘောတွေက သူ့မှာများပြီးသကာလ နေတဲ့အတွက် ဝေဒနာပြင်းထန်လာပြီ ဆိုမှဖြင့် ဒကာဒကာမတို့ သူ့စိတ်ထဲမှာ ကြောက်လာတာပဲ …. (မှန်လှပါဘုရား)။
ကြောက်လာတယ်ဆိုတဲ့ ဥစ္စာသည် ဒေါမနဿဖြစ်တယ် ….. (မှန်လှပါ) ဒေါမနဿဖြစ်တော့ ဒကာဒကာမတွေ ဘုန်းကြီးက ဟောထားတယ်နော် ….. ။
သေခါနီးရောက်လာတော့ ဒေါသဆိုတာ မလာပေဘူးလား …. (လာပါတယ်ဘုရား)။
ဒါဖြင့် ဒေါသတစ်နံပါတ်လာတော့ ဦးလှဘူး ရေ သောက နောက်ကလိုက်လာတယ်၊ (လိုက်လာပါတယ်ဘုရား) သောက လိုက်တဲ့အခါကျတော့ ပရိဒေ၀ဆိုတာတွေ ဖြစ်ပေါ်လာတယ် …. (ပေါ်လာပါတယ်ဘုရား)။
အင်း …. ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းတွေရော ….. (ပေါ်လာပါတယ်ဘုရား) ဒါတွေပေါ်မလာဘူးလား …… (ပေါ်လာပါတယ်ဘုရား)။
အင်း …… ဒီပုဂ္ဂိုလ်က ဘယ့်နှယ့်ကြောင့် ပေါ်လာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် မရဏမ္ပိ ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာသည် အင်း ….. ဒါမသိလို့ဘဲဗျ ….. (မှန်လှပါဘုရား) မသိလို့ ခုနင်က သားသမီးနဲ့ ပစ္စည်းအာရုံတွေဟာ အင်း …. ဒုက္ခသစ္စာတွေပဲ၊ ဒီဥစ္စာတွေဟာ ဒုက္ခအစစ်တွေပဲ ဆိုတာ မသိလို့ ခင်ရှာသကိုးဗျ ….. (မှန်လှပါ)။
မသိလို့ခင်တွယ်တဲ့အတွက် ဝေဒနာက ပြင်းထန်လာတော့ အင်း …. ဒါတွေအတွက် အင်း … ဒုက္ခဖြစ်လို့ ဒေါမနဿတွေဖြစ်လို့ သောကတွေဖြစ်လို့ ပရိဒေ၀ဖြစ်လို့ ဒီလိုမနေပေဘူးလား ….. (နေပါတယ်ဘုရား) ဒီလိုနေပြီးသကာလ ဒကာ ဒကာမတွေ ဒီပုဂ္ဂိုလ်ဟာတဲ့ စုတေစိတ်ကျ သွားတယ်ဆိုကြစို့ …. (မှန်လှပါဘုရား) စုတေစိတ် ဒီဘက်မကျပေဘူးလား ….. (ကျပါတယ်ဘုရား)။
ဒီဘက် ဒုက္ခဒေါမနဿ သောကပရိဒေ၀ ဥပါယာသတွေ မလာပေဘူးလား …. (လာပါတယ်ဘုရား)။
စုတေစိတ် ကျသွားတော့ ဒီပုဂ္ဂိုလ်ဟာ သစ္စာ …. အင်း ….. သားသမီးတွေနဲ့ ပစ္စည်းတွေဟာ ဒုက္ခသစ္စာတွေပါလား၊ အနိစ္စ ဒုက္ခ အနတ္တ တွေပါလား၊ ဒုက္ခသစ္စာ အစစ်တွေပါလားလို့ သူ့စိတ်ထဲမှာ သိလို့ သောကပရိဒေ၀ ဒုက္ခဒေါမနဿလာတာလား၊ မသိလို့ လာတာလား ….. (မသိလို့ လာတာပါဘုရား)။
မသိလို့ လာတော့ ဒီသောကပရိဒေ၀ ဒုက္ခဒေါမနဿတွေထဲမှာ အ၀ိဇ္ဇာကလာတယ် ….. (လာပါတယ်ဘုရား) မလာပေဘူးလား ….. (လာပါတယ်ဘုရား)။
အ၀ိဇ္ဇာကလာတဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာဒကာမတို့ စုတေပြီးတဲ့အခါကျလို့ ရှိရင်ဖြင့် သူသည်ကားလို့ဆိုရင် ဘာဖြစ်သတုံးဆိုလို့ရှိရင်ဖြင့် သောကပရိဒေ၀ ဒုက္ခဒေါမနဿတွေ ကလာတဲ့အခါကျတော့ အ၀ိဇ္ဇာကပါတယ်၊ အ၀ိဇ္ဇာပါတော့ သူ့စိတ်ထဲမှာ ကာယကံ ၀စီကံတွေနဲ့ ဟိုပြော ဒီမှာ၊ ဆိုတာတွေက မလာပေဘူးလား …… (လာပါတယ်ဘုရား)။
အဲဒါသည် ကာယကံ၊ ၀စီကံတွေက လာပြန်တော့ ဒီကံတွေကလဲ ယခုဘ၀ကံတွေ ဖြစ်နေတယ် ….. (မှန်လှပါ) ကံတွေဖြစ်ပြီး သကာလနေတော့ စုတေစိတ်လဲကျပါရော၊ ဒကာဒကာမတို့ ဒီဘက်မှာ၊ အင်း ….. သားသမီးနဲ့ ပစ္စည်းစွဲတဲ့ ပြိတ္တာ ပဋိသန္ဓေမနေရပေဘူးလား …. (နေရပါတယ်ဘုရား)။
အင်း ….. ပြိတ္တာ ပဋိသန္ဓေနေရတာ သေခါနီးမှာ ဒီပုဂ္ဂိုလ်သည် ကြောက်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ် ….. (မှန်လှပါဘုရား)။
သားသမီးနဲ့ ပစ္စည်းကို ခွဲရမှာ သူတို့နဲ့ ကွဲရမှာ သူတို့နဲ့ နောက်ဆုံးပိတ်အဖြစ်ကြုံရမှာ၊ ဒါတွေကို ကြောက်ပြီးသကာလ လာတဲ့အတွက်တဲ့ …… ဒကာဒကာမတို့ စုတေစိတ်ကျပြီး ပြိတ္တာဘက်ကူးသွားတယ် …… (မှန်လှပါ)။
ဒါဖြင့် ကြောက်သေသေတဲ့ ပုဂ္ဂိုလ်ဘယ်ဘက် ကူးသွားသလဲ ……. (ပြိတ္တာဘက်ကူးသွားပါတယ်ဘုရား) ပြိတ္တာဘက်ကူးသွားတော့ ပြိတ္တာဇာတိဆိုတာ မလာပေဘူးလား …. (လာပါတယ်ဘုရား)။
စုတေပြီးတော့ ပဋိသန္ဓေဆိုတာလာရတော့မယ် ….. (လာရမှာပါဘုရား) မလာပေဘူးလား … (လာပါတယ်ဘုရား) အင်း ….. သူ့ကြောက်လုံး ဘာကြောင့် လာပါလိမ့်မတုံးဆိုတာ မေးခွန်းသာ ထုတ်ကြပါတော့ ……။
သားသမီးနဲ့ ပစ္စည်းပေါ်မှာ မစွန့်နိုင်လို့၊ ဝေဒနာကလဲ ပြင်းထန်လာတယ်၊ သားသမီးနဲ့ ပစ္စည်းလဲ မစွန့်နိုင်ဖြစ်လာတယ်၊ အဲဒီတော့ သေရမှာ ကြောက်လာတယ် …… (ကြောက်ပါတယ်)။
ကြောက်တော့ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿတွေက လာရော၊ လာတဲ့အခါကျလို့ရှိရင် ကာယကံ ၀စီကံမှားတွေနဲ့ မနေရပေဘူးလား …. (နေရပါတယ်) နေတော့ ကမ္မဘ၀ ပစ္စယာ ပြိတ္တာ ဇာတိ … မလာပေဘူးလား ….. (လာပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား) အင်း…… ကြောက်သေတယ်ဆိုးပါလား ….. (ဆိုးပါတယ်ဘုရား) ရှင်းပလား …… (ရှင်းပါတယ်ဘုရား)။
ကြောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒကာဒကာမတို့ သားသမီးနဲ့ ပစ္စည်းအာရုံတွေနဲ့ ခွဲရတော့မယ်၊ ဝေဒနာက ပြင်းထန်လာတယ် ဆိုတော့ ကြောက်ရှာတာပဲ ….. (ကြောက်ပါတယ်ဘုရား)။
ကြောက်တဲ့အခါကျလို့ရှိရင်ဖြင့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ မလာပေဘူးလား ….. (လာပါတယ်ဘုရား)။ အဲဒီလိုလာတော့ ကာယကံ ၀စီကံတွေက ကောင်းသေးရဲ.လား….. (မကောင်းပါဘူးဘုရား) မကောင်းတဲ့အခါကျတော့ ဒီကံနဲ့သေသွားတဲ့ ကမ္မဘ၀ ပစ္စယာ ပြိတ္တာ ဇာတိဖြစ်သွားတယ် …… (မှန်လှပါဘုရား)။
အဲဒီတော့ အကျဉ်းချုပ်မှတ်စရာကတော့ သားသမီးနဲ့ ပစ္စည်းအာရုံတွေကို ခင်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်၊ ၀ိပဿနာဥာဏ်ကမရောက်၊ သစ္စဥာဏ်တွေက မရောက်တော့ ဒီဥစ္စာခိုင်တယ် မြဲတယ် ထင်ပြီးသကာလ နေတဲ့ ဒိဋ္ဌိတွေက ၀င်ပြီးသကာလ နဂိုကထားပြန်တော့ ဒီ ဒိဋ္ဌိကမခွာခဲ့၊ ထိုကဲ့သို့ မခွာခဲ့တဲ့အတွက် ဒီဒကာဒကာမ သေတဲ့အခါကျလို့ရှိရင် ကြောက်စိတ် လာပါတယ်၊ ကြောက်စိတ်လာတော့ ဝေဒနာပြင်းထန်လို့ ကြောက်စိတ်လာတော့၊ ကြောက်စိတ်ဆိုတာ ဘာတုံးဆိုတော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿပါပဲ …… (မှန်လှပါဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။
ဒါဖြင့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတည်းဟူသော တရားတွေနဲ့ ၊ သူ့ကာယကံ ၀စီကံတွေနဲ့ မှာတန်တာမှာ၊ ပြောတန်တာပြော၊ ဆိုတန်တာဆိုတွေဟာ အကောင်း ဟုတ်သေးရဲ့ လား ….. (အကောင်းမဟုတ်ပါဘုရား) ခင်ပြော မင်ပြောတွေဖြစ်မနေဘူးလား ….. (ဖြစ်နေပါတယ်ဘုရား)။
အဲဒီတွင် ကာယကံ, ၀စီကံတွေက အကုသိုလ်ကံတွေ ဖြစ်နေတော့ ကမ္မဘ၀ပစ္စယာ ဒီအိမ်မှာပဲ ပြိတ္တာဇာတိလာဖြစ်တယ် …… (ဖြစ်ပါတယ်ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းသလဲ …… (ကောင်းပါတယ်ဘုရား)။
အင်း ….. ဒီဥစ္စာအကျဉ်းချုပ်မှတ်လိုက်တော့ သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ သဘောကြောင့် ကြောက်ပြီးသကာလ သေတာတဲ့၊ ဒီလို ခင်တွယ်မှုရှိရင် ကြောက်တယ်ဆိုတာ မှတ်လိုက်ပါ။ ဒါ တစ်နံပါတ် ပုဂ္ဂိုလ် …. (မှန်လှပါဘုရား)။
၂။ ။ နှစ်နံပါတ်ပုဂ္ဂိုလ် ငါဘုရားဟောဦးမယ် ပုဏ္ဏားတဲ့၊ မှတ်ထားတဲ့။
မိမိကိုယ်ကို ခင်တွယ်ပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်များလဲ သေခါနီးကျတော့ကို ဒီကိုယ်ကြိးနဲ့ ခွဲရတော့မယ်၊ ဒီခန္ဓာကြီးနဲ့ဖြင့် အိုးစားကွဲရတော့မယ် ဆိုလို့ရှိရင် ကြောက်လာတာပဲ …… (မှန်လှပါ)။
အနတ္တကို အတ္တထင်တာကိုးဗျ …… (မှန်လှပါ) အဲဒီလို ကြောက်လာတဲ့ ပုဂ္ဂိုလ်လဲတဲ့ မိမိကိုယ်ကို မိမိခင်တွယ်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာတွေက ပြင်းထန်ပြီး သေပေါက်, သေ၀သို့ ရောက်တဲ့အခါ ကြောက်ပါတယ်ကွ …… တဲ့။
ဒါဖြင့် မိမိကိုယ်ခင်တဲ့ ပုဂ္ဂိုလ်လဲ ကြောက်သေပဲ …….. (မှန်လှပါဘုရား) ဘယ်နှယောက်ရှိသွားပြီလဲ …… (နှစ်ယောက်ရှိပါပြီဘုရား)။
သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ ပုဂ္ဂိုလ်ရော …… (ကြောက်သေပါဘုရား) ကြောက်သေ တစ်ယောက်ပဲ …… (မှန်လှပါ)။
အင်း ….. မိမိခန္ဓာ ခင်တွယ်ပြီး သေတဲ့ ပုဂ္ဂိုလ်ရော (ကြောက်သေတစ်ယောက်ပါဘုရား) နှစ်ယောက်ရှိသွားပြီ …… (မှန်လှပါ)။
၃။ ။ တတိယ ပုဂ္ဂိုလ်က ဒကာဒကာမတွေ မှတ်စရာက ကိုယ်က လောဘနဲ့ ဒေါသနဲ့ မောဟနဲ့ ရောင်းလိုက် ၀ယ်လိုက် အကုသိုလ် အလုပ်တွေက များပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်များလဲ အခုလို ၀ိပဿနာအလုပ်တွေ ခန္ဓာကို ဥာဏ်ရောက်ပြီးသကာလ အဖြစ်အပျက် အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာတွေကို မရှုမပွားဘဲနေတော့ ကုသိုလ်ကောင်းမှုတွေက အကုန်ဆိတ်သုဉ်းနေတော့တယ် ……. (မှန်လှပါဘုရား)။
ထိုကဲ့သို့ ဆိတ်သုဉ်းနေတော့လဲ သေခါနီး ကျလာတော့ ရောဂါဝေဒနာက ပြင်းပြတဲ့အခါ သြော် ….. ငါနှယ်လုပ်သင့် လုပ်ထိုက်တဲ့ ကုသိုလ်တွေ မလုပ်ခဲ့ပါလား၊ အလကား အလုပ်တွေနဲ့၊ အကုသိုလ်အလုပ်တွေနဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ခဲ့ပါလား၊ ပြုသင့် ပြုထိုက်တဲ့ ကုသိုလ် ၀ိပဿနာအလုပ်ကြီးတွေတော့ ငါလက်လွတ်ပြီးသကာလ၊ ဒါတွေ ဖြည်းဖြည်းမှ ထားပြီး သကာလ အရေးမကြီးမှာ အရေးကြီးပြီးသကာလ ငါ့မှာ နေခဲ့ခြင်းကြောင့်၊ ငါတော့ဖြင့် ကိုယ်ကျိုးနည်းတာပဲ ဆိုပြီး ကိုယ်ပြုထားတဲ့ အကုသိုလ်တွေက ရှိလို့လဲ ကြောက်ပြီး သေတယ်ကွ …. (မှန်လှပါဘုရား)။
ဘယ်နှယောက် ရှိသွားပြီလဲ …… (သုံးယောက်ရှိသွားပါပြီ ဘုရား) အဲ ….. ကိုယ်ပြုထားတဲ့ အကုသိုလ်တွေကို ကိုယ်ဟာကိုယ် အောက်မေ့ပြီးသကာလ အလကားနေတာတွေ၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်တာတွေ၊ မင်းရေးစိုးရေးနဲ့ အချိန်ကုန်တာတွေ၊ အသက်တမ်း အလကား ဖြုန်းခဲ့တာတွေပေါ့ဗျာ၊ အဲဒါတွေကို တွေးလာပြန်လို့ ရှိရင်လဲတဲ့ ဒီပုဂ္ဂိုလ်ဟာ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ကြောက်ပြီး သေတယ်ကွ …… (မှန်လှပါဘုရား) ရှင်းပြီလား ….. (ရှင်းပါတယ်ဘုရား) ဘယ်နှယောက်ရှိပြီလဲ ….. (သုံးယောက်ရှိပါပြီဘုရား)။
၎။ ။ တစ်ယောက် ထည့်လိုက်ပါဦး ဒကာဒကာမတို့ ဘုရားက တစ်ယောက်ကျန်သေးတယ်ကွတဲ့၊ တစ်ယောက်ကတော့ ဘာတုံးလို့ မေးတဲ့အခါကျတော့ ဒကာဒကာမတွေ ဘုန်းကြီးသင်ပါတယ်တဲ့၊ ဒီဘက်ကအ၀ိဇ္ဇာ အ၀ိဇ္ဇာကြောင့် ဘာဖြစ်တုံး …. (သင်္ခါရဖြစ်ပါတယ်) သင်္ခါရကြောင့် ၀ိညာဏ်၊ ၀ိညာဏ်ကြောင့် ….. (နာမ် - ရုပ်) နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် ဘာဖြစ်လဲ ….. (သဠာယတန) သဠာယတနကြောင့် ….. (ဖဿ) ဖဿကြောင့် … (ဝေဒနာ) အင်း…. ဝေဒနာကြောင့် ….. (တဏှာဖြစ်ပါတယ်) တဏှာကြောင့် ….. (ဥပါဒါန်) ဥပါဒါန်ကြောင့် ….. (ကမ္မဘ၀) ကမ္မဘ၀ ဖြစ်တယ်၊ ကမ္မဘ၀ကြောင့် …. (ဇာတိပါဘုရား) ဇာတိကြောင့် ….. (ဇရာ၊ မရဏ ဖြစ်ပါတယ်)။
ဇရာ၊ မရဏ ဖြစ်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို အစ, ကိုလဲ သူနားမလည်တဲ့ ပုဂ္ဂိုလ် …. (မှန်လှပါဘုရား)။ အဆုံးလဲပဲ နားမလည်တဲ့ပုဂ္ဂိုလ်။
အစ, နားမလည်တာက အ၀ိဇ္ဇာ၊ မသိရှာဘူး …. (မှန်လှပါဘုရား)။
အဆုံး မသိတာက၊ ဇရာမရဏ မသိတာ ….. (မှန်လှပါ)။
အလယ်လဲမသိဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ်အစ, လဲမသိဘူးနော် ….. (မှန်လှပါ) အဆုံးရော …. (မသိပါဘုရား)။
အစ, နဲ့အဆုံးနှစ်ခုစလုံးရော …… (မသိပါဘုရား) မသိပါဘူးတဲ့၊ အဲဒီကဲ့သို့ ပဋိစ္စသမုပ္ပါဒ် မသိဘဲနေတော့ ….. သြော် ….. ဒီဥစ္စာ ဘယ်ကလာလို့ ဘယ်များ သွားရမှာပါလိမ့် သူ့စိတ်ထဲပေါ့ဗျာ …. (မှန်လှပါဘုရား)။
သေခါနီး ဝေဒနာတွေက ပြင်းထန်လာတော့ ဘယ်လိုဖြစ်ပြီး ဘယ်လိုများ ဘာဖြစ်မှာ ပါလိမ့်မတုံးဆိုတဲ့ ၀ိစိကိစ္ဆာတွေက မလာပေဘူးလား …… (လာပါတယ်ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်ကလာလို အခုဖြင့် ဒီနေရာ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဘယ်သွားရမှန်း မသိဘူး …. (မသိပါဘုရား)။
မသိတော့ သူ့စိတ်ထဲ မသိတာသည် ၀ိစိကိစ္ဆာ …… (မှန်လှပါဘုရား) ၀ိစိကိစ္ဆာ တိုတိုပြောတော့ အ၀ိဇ္ဇာပါပဲ …… (မှန်လှပါ) သဘောကျပလား …. (ကျပါတယ်ဘုရား)။
အဲ့ဒီကဲ့သို့ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ဥစ္စာကိုလည်း ယုံကြည်မှု မရှိ။ ဘုရား၊ တရား၊ သံဃာပေါ့ဗျာ …..(မှန်ပါ့ဘုရား)။ အဲ့ဒါကိုလည်းယုံကြည်မှု မရှိ။
အဲဒီအ၀ိဇ္ဇာနဲ့ အင်း …. ပဋိစ္စသမုပ္ပါဒ်အစ, လဲမသိ၊ အဆုံးလဲ မသိ၊ အစ, အဆုံးလဲ မသိပေါ့ဗျာ။
အဲဒီကဲ့သို့နေတဲ့ ပုဂ္ဂိုလ်များဟာလဲ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ သေခါနီးမှ သူ့ဝိစိကိစ္ဆာ လာတာပဲ …… (မှန်လှပါဘုရား)။
အင်း … သေတော့ သေရမှာပဲ၊ ဘယ်များရောက်မတုံးဆိုတာ မသိတော့ ကြောက်ရှာတယ် …. (မှန်လှပါဘုရား) သေတော့သေရမှာ၊ ဘယ်ရောက်လိမ့်မယ်ဆိုတာ မသိတော့ ဘယ်နှယ့်နေလိမ့်မတုံး ….. (ကြောက်ပါတယ်ဘုရား)။
အဲဒီလို ပုဂ္ဂိုလ်လဲတဲ့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်များလဲ ကြောက်သေ သေသဟေ့ …… (မှန်လှပါဘုရား)။
အခုတော့ ဒီဒကာဒကာမတွေမှာ ပဋိစ္စသမုပ္ပါဒ်က နားလည်နေတော့ နေရာကျလိုက်တာ …. (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် နားလည်ပြီးသကာလ နေတော့ အင်း ….. အ၀ိဇ္ဇာရှိရင် သင်္ခါရဖြစ်မှာပဲ …. (မှန်လှပါ) သင်္ခါရဖြစ်လို့ ရှိရင် …. (၀ိညာဏ် ဖြစ်ပါတယ်) ၀ိညာဏ်ဖြစ်လို့ရှိရင် ….. (နာမ်ရုပ်ဖြစ်ပါတယ် ဘုရား) နာမ်ရုပ်ဖြစ်လို့ ရှိရင် …… (သဠာယတန ဖြစ်ပါတယ်)။
ကဲ….. ဒါ ထားလိုက်ပါတော့၊ အဆုံး အဆုံးကျအောင် သွားလိုက်တော့ အ၀ိဇ္ဇာချုပ်တော့ရော ….. (သင်္ခါရချုပ်ပါတယ်ဘုရား) သင်္ခါရချုပ်တော့ (၀ိညာဏ်ချုပ်ပါတယ်ဘုရား) ၀ိညာဏ်ချုပ်တော့ ….. (နာမ်ရုပ်ချုပ်ပါတယ်ဘုရား)။
အင်း ….. ဒီလိုအချုပ်တွေ သိသွားပြန်တော့လဲ အင်း …… ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ်ကြီး ဒီပဋိစ္စသမုပ္ပါဒ် ဆိုတာမျိုးသည်ကား ဆိုလို့ရှိရင်ဖြင့် ၀ိပဿနာမရှုရင်လည်း ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ဘယ်တော့ပြတ်မလဲ …. (ဘယ်တော့မှ မပြတ်ပါဘုရား)။
ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကျပြန်တော့ ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူးလား ပြတ်လား…. (ပြတ်ပါတယ်ဘုရား) အင်း ….. ဘယ့်နှယ့်ကြောင့် အပြတ်သိပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဖဿနိရောဓာ ဝေဒနာနိရောဓော ….. (မှန်လှပါဘုရား) အင်း …… ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်ဘုရား) အင်း ….. ဖဿချုပ်ရင် ဝေဒနာချုပ်တာပဲလို့ ဥာဏ်ကမသိဘူးလား …. (သိပါတယ်ဘုရား)။
ထိုကဲ့သို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ ပဋိစ္စသမုပ္ပါဒ် ပိုင်ပိုင်နိုင်နိုင် ကိုယ့်ဟာကိုယ် သိပြီးသကာလ ဝေဒနာဖြစ်နေတယ် ဝေဒနာပြင်းထန်လာတယ်၊ အင်း …. ဒါ, ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာပဲ (မှန်လှပါဘုရား) မသိဘူးလားဗျာ …. (သိပါတယ်) ဆိုတော့ ၀ိစိကိစ္ဆာ သေမနေဘူးလား …. (သေပါတယ်ဘုရား)။
ဒီဝေဒနာက ဘယ်ကများ လာပါလိမ့်မတုံးလို့ သံသယရှိသေးလား ….. (မရှိပါဘုရား) အင်း …. ၀ိစိကိစ္ဆာက သေသွားတယ် ….. (မှန်လှပါ)။
အင်း ….. ဒီဝေဒနာဘယ်ကလာပါလိမ့်မတုန်းဆိုတဲ့ ဥစ္စာသူ့စိတ်ထဲပေါ်လာသေးရဲ့ လား …. (မပေါ်ပါဘုရား) မပေါ်ဘူး၊ ဒီဒကာဒကာမတွေကျတော့ ဖဿပစ္စယာ ….. (ဝေဒနာ) သြော် …. ဖဿကြောင့် ဖြစ်တဲ့ဝေဒနာ ….. (မှန်လှပါ)။
အင်း …. ဖဿချုပ်ရင် ….. (ဝေဒနာချုပ်ပါတယ်ဘုရား) အဲဒီတော့ ကျုပ်တို့က ဒီဝေဒနာလေးတွေကိုပဲ အဖြစ်အပျက်တွေ ရှုနေတာပေါ့ …… (မှန်လှပါ) ရှုပြီးသကာလနေတော့ ဝေဒနာက ဖြစ်ပျက်ရှုတာက မဂ်ဖြစ်သွားတယ် ….. (မှန်လှပါဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား) ဝေဒနာက ဘာတုံး ….. (ဖြစ်ပျက်ပါဘုရား) အင်း …. ရှုတာကဘာတုံး ….. (မဂ်ပါဘုရား)။
အဲ …. ကျုပ်တို့အတွက်ကတော့ကိုး …. တဲ့၊ ဒကာဒကာမတို့ မဂ်ဆိုက်ပြီးသေတဲ့အတွက် ဘယ်မှာတုန်းနောက်က တဏှာ, ဥပါဒါန်, ကံတွေ ဇာတိ, ဇရာ, မရဏလာသေးရဲ့ လား ….. (မလာပါဘုရား) အင်း … ကျုပ်တို့က ၀ိစိကိစ္ဆာကင်း သေတာကိုးဗျ …. (မှန်လှပါ) ဖဿဖြစ်ရင် ဝေဒနာဖြစ်တာပဲ …. (မှန်လှပါ) ဖဿချုပ်ရင် …. (ဝေဒနာချုပ်ပါတယ်ဘုရား)။
ဝေဒနာချုပ်တယ်လို့ ကျုပ်တို့က ဝေဒနာဖြစ်ပျက်ရှုနေတဲ့အခါကျလို့ရှိရင်ဖြင့် ဝေဒနာကလဲ ဖြစ်ပျက်ပဲ၊ ရှုတာကလဲ မဂ်ပဲဆိုတာ ကျုပ်တို့ဥာဏ်ထဲမှာ ပဋိစ္စသမုပ္ပါဒ်က ပြတ်မနေဘူးလား …. (ပြတ်ပါတယ်ဘုရား)။
ဉာဏ်ထဲမှာ ပြတ်နေတော့၊ ဉာဏ်ထဲမပြတ်တဲ့ ပုဂ္ဂိုလ်သာ ဆက်တာကိုးဗျ ….. (မှန်လှပါဘုရား) ညာဏ်ထဲက ပြတ်တဲ့ပုဂ္ဂိုလ်ကျတော့၊ (ပြတ်ပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
အင်း ….ဉာဏ်ထဲမဆက်တတ်တဲ့ ပုဂ္ဂိုလ်၊ ဉာဏ်ကမဖြတ်တတ်တဲ့ ပုဂ္ဂိုလ်တော့ ဆက်သွားတာပဲ ….. (မှန်လှပါ) ဉာဏ်ကဖြတ်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ …. (ပြတ်ပါတယ်ဘုရား)။
အေး … ခုနက ပုဂ္ဂိုလ်က၊ ကြောက်တဲ့ပုဂ္ဂိုလ်က ပဋိစ္စသမုပ္ပါဒ် အစ, လဲမသိဘူး ….. (မသိပါဘုရား) အဆုံးလဲ ….. (မသိပါဘုရား) အစ, အလယ်နဲ့အစ, အဆုံးနှစ်ခုစလုံးရော ….. (မသိပါဘုရား)။
အဲဒီတော့ ၀ိစိကိစ္ဆာကြီးနဲ့ သေသွားတယ် ….. (မှန်ပါ့) ငါသေရင် ဘယ်များရောက် ပါလိမ့်မတုံး ဆိုတော့ ကြောက်နေတယ် ….. (ကြောက်ပါတယ်) မကြောက်ပေဘူးလား ….. (ကြောက်ပါတယ်ဘုရား)။
ဒီဒကာဒကာမတွေကတော့ နဂိုကိုက အင်း …. ဒီကဲ့သို့ ဝေဒနာကလဲ ငါမဟုတ်ပါဘူး …. (မဟုတ်ပါဘုရား) အနိစ္စဖြစ်ပျက်ပဲ …… (မှန်လှပါ) ဖြစ်ပျက်ကို ဉာဏ်ကရှုပြီးသကာလ နေလိုက်တော့ ရှုရင်းမတ္တနဲ့ပဲ သေခါနီးမှာ တစ်ခါတည်း နောက်ကတဏှာလာသေးလား ….. (မလာပါဘုရား)။
နောက်က တဏှာမလာဘဲနဲ့ ဥပါဒါန်ကရော ….. (မလာပါဘုရား) ကံ, ကရော ….. (မလာပါဘုရား)။
အဲ …. နို့ သူတို့ မလာဘဲနဲ့ ဦးလှဘူးတို့ ဒကာကြွယ်တို့, ဒကာသိုက်တို့ ဘယ်ဇာတိ လာစရာ …. (မရှိပါဘုရား) အင်း …. ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်က အကြောင်းချုပ်လို့ အကျိုးချုပ်တာ နားမလည်တဲ့ ပုဂ္ဂိုလ်များအတွက်တော့ ကြောက်သတဲ့ဗျ ….. (မှန်လှပါဘုရား)။
ကျုပ်တို့တော့ ပဋိစ္စသမုပ္ပါဒ် သြော် …. ဒါ, ဖျားနေတာလား ဒီဥစ္စာသည်ကားဆိုရင် ဝေဒနာဖြစ်ပေါ် ပေါ်နေတာဘုရား)။
ဝေဒနာဖြစ်ပျက်ပေါ်နေတာပဲလို့ အကဲခတ်လိုက်တော့ သြော် … ဖြစ်ပျက်နဲ့အကဲခတ်တာက မဂ်ဖြစ်သွားတာပဲ …. (မှန်လှပါဘုရား) ဝေဒနာက ဖြစ်ပျက်၊ အင်း …. ဒါလေး အကဲခတ်နေတာက …. (မဂ်ပါဘုရား)။
မဂ်ဖြစ်သွားတဲ့အခါ၊ နောက်က ပဋိစ္စသမုပ္ပါဒ်ကြီးက ဆက်သေးရဲ့ လား ….. (မဆက်မိပါဘူးဘုရား)။
အင်း ….. ဒီပုဂ္ဂိုလ်ကျတော့ ဒကာဒကာမတို့ ဖြစ်ပျက်ရှုတဲ့ ဉာဏ်နဲ့ နေတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်မှာ ၀ိစိကိစ္ဆာရှိသေးရဲ့ လား၊ (မရှိပါဘုရား)။
အင်း …. ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ ….. (မှန်လှပါဘုရား) ဖဿဖြစ်လို့၊ ….. (ဝေဒနာဖြစ်ပါတယ်ဘုရား)။
အင်း …. ဒါဖြင့် ဖြစ်ပျက်ရှိတာပဲ၊ (မှန်လှပါဘုရား) ဒီလို သိပြီး ဒီလိုရှုနေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကျတော့ သေခါနီးမှာလဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သွားတယ်၊ ဘယ်ကြောက်တော့မတုံး၊ (မကြောက်ပါဘူးဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် (၀ါ) မဖြတ်တဲ့ပုဂ္ဂိုလ်သာလျှင် ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ကြောက်တာတဲ့၊ (မှန်လှပါ)။
ဒါဖြင့် ပဋိစ္စသမုပါဒ်တို့ ဖြစ်ပျက်တို့နားလည်တဲ့ ပုဂ္ဂိုလ်ဟာ ကြောက်ကိုမကြောက်ဘူးကွတဲ့ …. (မှန်လှပါ) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်က ဒကာဒကာမတွေ …..။
တစ်နံပါတ်ပုဂ္ဂိုလ်ဟာ ငါးပါးအာရုံ ကာမဂုဏ်မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်ကြောက်တယ် …. (မှန်လှပါဘုရား)။
နှစ်နံပါတ်ပုဂ္ဂိုလ်က မိမိခန္ဓာကိုယ်ကို ခင်တွယ်တဲ့ပုဂ္ဂိုလ်ကလဲ ….. (ကြောက်ပါတယ်ဘုရား) ကြောက်တယ်နော် ….. (ကြောက်ပါတယ်ဘုရား)။
သုံးနံပါတ်ပုဂ္ဂိုလ်လဲ၊ အကုသိုလ်တွေများနေတဲ့ ပုဂ္ဂိုလ်ကလဲ ….. (ကြောက်ပါတယ်ဘုရား) ကြောက်တယ်နော် …. (ကြောက်ပါတယ်ဘုရား)။
လေးနံပါတ်ပုဂ္ဂိုလ်ကလဲ ပဋိစ္စသမုပ္ပါဒ်ကြီးကို အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုတာကို မသိတဲ့ပုဂ္ဂိုလ်ကလဲ …. (ကြောက်ပါတယ်ဘုရား) ၀ိစိကိစ္ဆာရှိနေတယ်၊ မသိတော့ ၀ိစိကိစ္ဆာရှိနေတော့ ကြောက်တာပေါ့ဗျာ …. (မှန်လှပါဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား)။
ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ် ဘယ်နှယောက်ပါလိမ့် ….. (လေးယောက်ပါဘုရား)။
အေး …. ဒကာဒကာမတို့ ဒီဥစ္စာ တော်တော်အရေးကြီးပါတယ်၊ ဒကာဒကာမတို့ ဒီလမ်းနဲပ ဒီစခန်းက ဘယ်သူဖြစ်ဖြစ် လှမ်းရမယ့် ခြေလှမ်းချည်းပဲဆိုတာက ဘာမှငြင်းနေစရာလိုသေးရဲ့ လား …. (မလိုပါဘူးဘုရား)။
ကိုင်း …. ဒါဖြင့် ဒကာဒကာမတို့ ကြောက်တဲ့ပုဂ္ဂိုလ် ဘယ်နှယောက်တုန်း ….. (လေးယောက်ပါဘုရား)။
မကြောက်တဲ့ ပုဂ္ဂိုလ်ကလဲ လေးယောက်ပဲလို့ မှတ်လိုက်ပါ ….. (မှန်လှပါ) မကြောက်တဲ့ပုဂ္ဂိုလ် လေးယောက်ပဲလို့ မှတ်လိုက်ပါ ….. (မှန်လှပါ) မကြောက်တဲ့ ပုဂ္ဂိုလ်လေးယောက် ဘုန်းကြီးရှင်းပြပါဦးမယ် ဦးလှဘူးရ ….. (မှန်လှပါဘုရား)။
မကြောက်တဲ့ပုဂ္ဂိုလ်လေးယောက်က ခုနက လေးယောက်ပြောင်းပြန် လှည့်လိုက်ရုံပဲ ….. (မှန်လှပါဘုရား)။
အင်း ….. သားသမီးနဲ့ ပစ္စည်းတွေကလဲ သေခါနီးကျတော့၊ သြော် … ဒါတွေကဟာ အနတ္တတွေမပိုင်ဘူး၊ အနိစ္စတွေပဲ အနတ္တတွေပဲလို့ နဂိုကသိပြီး လုပ်ထားတဲ့ ပုဂ္ဂိုလ်ကိုးဗျ …. (မှန်လှပါဘုရား)။
အဲဒီလို လုပ်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ အနတ္တမို့ အနတ္တပေါ်လာတာပါပဲ …. (မှန်လှပါဘုရား) ခန္ဓာကိုယ်ကြီးက ဝေဒနာတွေက ပြင်းထန်လာတယ်၊ ကိုယ်ကခေါ်လို့လဲ လာတာမဟုတ်ဘူး …. (မဟုတ်ပါဘုရား) ကိုယ်ကနှင်လို့လဲ ….. (မသွားပါဘူးဘုရား) မသွားတော့ သြော် …. အနတ္တမို့ အနတ္တပြတာပဲ …. လို့ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့လဲ မကြောက်ဘူးတဲ့ … (မကြောက်ပါဘုရား)။
သားသမီးနဲ့ ပစ္စည်း အနတ္တတင်နိုင်လို့ရှိရင် …. (မကြောက်ပါဘူးဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တတင်နိုင်ရင်လေ …. (မကြောက်ပါဘူးဘုရား)။
တစ်ခါ ဒုတိယပုဂ္ဂိုလ်ကလဲ မိမိခန္ဓာကိုယ်ကို အနိစ္စ, ဒုက္ခ, အနတ္တ တင်နိုင်ပြန်ရင်ရော ….. (မကြောက်ပါဘူးဘုရား) သြော် … နှစ်ယောက်ပြီးသွားပြီ …. (မှန်လှပါ)။
သုံးနံပါတ်ပုဂ္ဂိုလ်ကလဲ မိမိပြုထားတဲ့ ၀ိပဿနာဥာဏ်တွေက နေ့တိုင်းညတိုင်း လုပ်ပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ကို၊ ….. ဒါ…. တို့၊ သေသေချာချာ ဒီဘ၀ စုတေမနေ သေလွန်လို့ရှိရင် နိဗ္ဗာန်နဲ့ သုဂတိနှစ်ခုသာ ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကရော …. (မကြောက်ပါဘူးဘုရား)။
ခုနက ပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်ပျက်ရှုသေတဲ့ ပုဂ္ဂိုလ်ကရော (မကြောက်ပါဘူးဘုရား) သြော် …. မကြောက်တဲ့ပုဂ္ဂိုလ်ကလဲ လေးယောက်တဲ့ (လေးယောက်ပါဘုရား) သဘောကျလား (ကျပါတယ်ဘုရား) ရှင်းပလား …. (ရှင်းပါတယ်ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ သြော် ….. တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးယောက်ထဲတို့ အပါအ၀င်ဖြစ်အောင်ဖြင့် တို့ အခုကတည်းက အပိုင်လုပ်ထားမှပဲ ….. (မှန်လှပါဘုရား) သားသမီးနဲ့ ပစ္စည်းလဲ အနိစ္စနဲ့ ဒုက္ခ, အနတ္တလုပ်ထားနော် ….. (မှန်လှပါဘုရား) တစ်နံပါတ် ….. (မှန်လှပါ)။
နှစ်နံပါတ်က မိမိခန္ဓာရော ….. (အနိစ္စ, ဒုက္ခ, အနတ္တလုပ်ထားရမှာပါဘုရား)။
သုံးနံပါတ်ကလဲ ၀ိပဿနာတွေ၊ အခုက ဘာလုပ်ထားရမှာလဲ …. (၀ိပဿနာတွေ လုပ်ထားရမှာပါဘုရား) လုပ်ထားရမယ် …. (မှန်လှပါ) အင်း …. ဒါဖြင့် သုံးနံပါတ်ပုဂ္ဂိုလ်ကလဲ ကျုပ်တို့ ဖြစ်ကရောပေါ့၊ (ဖြစ်ပါတယ်ဘုရား)။
လေးနံပါတ်ပုဂ္ဂိုလ်က သေခါနီး ဝေဒနာလာရင် ဘာလုပ်ကြမလဲ ….. (ဖြစ်ပျက်ရှုရမှာပါဘုရား) ဝေဒနာ ဖြစ်ပျက်ရှုပြီး သေလိုက်တော့ မဂ်ဆိုက်သွားတယ် ….. (မှန်လှပါဘုရား) မဆိုက်ပေဘူးလား …… (ဆိုက်ပါတယ်ဘုရား)။
အဲဒါတွေ ထောက်လိုက်ပြန်တော့လဲ ဒီပုဂ္ဂိုလ်လေးယောက်ကျတော့ ပုဏ္ဏားတဲ့၊ မကြောက်ဘူးကွတဲ့ …. (မှန်လှပါ)။
ကိုင်း …. ကြောက်တဲ့ပုဂ္ဂိုလ်က …. (လေးမျိုးပါဘုရား) မကြောက်တဲ့ပုဂ္ဂိုလ်က …. (လေးမျိုးပါဘုရား)။
အဲဒီမှာ ဒကာဒကာမတို့ မကြောက်တဲ့ ပုဂ္ဂိုလ်က လေးယောက်ဟာတဲ့ ငါ, ရှင်းပြီးသကာလ ပိုမိုပြီးသကလာ မင်း, ရှင်းသထက်ရှင်းအောင် ပြောပါဦးမယ်တဲ့ …. (မှန်လှပါဘုရား)။
ဒီ ခုနက သားသမီးနဲပ ပစ္စည်းလဲ ၀ိပဿနာတင်ထားတဲ့ပုဂ္ဂိုလ် ….. (မှန်လှပါ) ခန္ဓာရော ….. (၀ိပဿနာတင်ထားတဲ့ ပုဂ္ဂိုလ်ပါ)။
(၂) နံပါတ်က ခန္ဓာလဲ တင်ထားတယ် ….. (မှန်လှပါ)။
(၃) နံပါတ်က အမြဲမပြတ် ၀ိပဿနာအလုပ်ချည်းပဲ နှလုံးသွင်းနေတယ်၊ မှန်လှပါဘုရား)။
(၄) နံပါတ်က သေခါနီးလဲ ဝေဒနာရှုသေတယ် ….. (မှန်လှပါ) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
အဲဒီ ပုဂ္ဂိုလ်သည်ကားသို့ ဆိုလို့ရှိရင် သူသေရတော့မယ် ဆိုတော့ မကြောက်ဘူးတဲ့ ….. (မှန်လှပါဘုရား) မကြောက်တာက ဘယ်လိုကြောင့် မကြောက်ပါလိမ့်မတုံးဆိုတော့ သြော် ….. လားရာဂတိကလဲ တကယ်လို့ မဂ်မဆိုက်ဘဲနဲ့ သေလဲနတ်ပြည်ရောက်၊ ရောက်သည်နဲ့ တစ်ပြိုင်တည်း သူ, သောတာပန်ဖြစ်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်မယ်ဆိုတာ ဘုရားက ဟောထားတယ်၊ (မှန်လှပါဘုရား)။
အိပ်သောယောက်ျား နိုးသောလားကဲ့သို့ တစ်ခါတည်း နတ်ပြည်ရောက်တော့ နတ်ပြည်ရောက်တာတောင် မသိသေးခင်က သောတာပန်၊ သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ် …. (မှန်လှပါဘုရား)။
အဲဒီတော့ သူ, နတ်ပြည်ရောက်မယ်ဆိုတာက မသေချာဘူးလား ….. (သေချာပါတယ်ဘုရား) သေချာတဲ့အပြင် ဟိုကျတော့ အာသဝေါကုန်မယ်ဆိုတာကရော - (သေချာပါတယ်ဘုရား)။
အဲဒီတော့ ဒကာကြွယ်ကစဉ်းစား၊ အလုပ်လုပ်ထားတဲ့ ပုဂ္ဂိုလ်က သူ, ကြောက်ပါဦးမလား ….. (မကြောက်ပါဘုရား)။
အဲဒီအထဲ အပါအ၀င်ဖြစ်အောင် ဒကာဒကာမတွေက ကြိုးစားထားနှင့်ရမယ် …… (မှန်လှပါဘုရား) ဒါလက်လွတ်လို့ရှိရင် မရဘူးနော် ….. (မရပါဘုရား)။
ဒါ အားလုံး၊ မိမိနဲ့ မိတ်ဆွေ သင်္ဂဟတွေနှင့်တကွ မိမိနဲ့တကွ မိတ်ဆွေသင်္ဂဟတွေ ချစ်ကြခင်ကြ ကြင်နာကြလို့ရှိရင်ဖြင့် ဒီအလုပ်လက်ရှိနဲ့ သေဖို့ရာ အကြောင်းဟာဖြင့် ဒကာကြွယ်တို့ ဒကာသိုက်တို့ တိုက်တွန်းပေးပါ ….. (မှန်လှပါဘုရား)။
အလုပ်လက်ရှိနဲ့သေဖို့ ….. (မှန်လှပါဘုရား) အလုပ်လက်ရှိနဲ့ သေလို့ရှိရင် ဒုတိယဘ၀ သေသေချာချာ ကိစ္စပြီးတယ် ….. (မှန်လှပါ) မပြီးဘူးလား ….. (ပြီးပါတယ်ဘုရား)။
သို့မဟုတ် ဒုတိယဘ၀ မဆိုင်းတော့ပါဘူး၊ ဒီဘ၀တွင်ပဲ ဒုက္ခချုပ်တဲ့ဆီကို မြင်ပြီးသား ပုဂ္ဂိုလ်ကျတော့လဲ ပြီးသွားတာပဲ ….. (ပြီးပါတယ်ဘုရား) ဘယ်ကြောက်တော့မတုံး ….. (မကြောက်ပါဘုရား)။
ဒါဖြင့် (၁) နံပါတ်က သားသမီးနဲ့ ပစ္စည်းလဲ ဒကာဒကာမတို့ ၀ိပဿနာရှု ….. (မှန်လှပါဘုရား) မိမိခန္ဓာလဲ ….. (၀ိပဿနာရှုရမှပါဘုရား) သဘောကျပလား ….. (ကျပါပြီဘုရား) ပြီးတော့ ကိုလဲ ဘယ်အချိန်မဆို ဉာဏ်ပေါ်တိုင်း နှလုံးသွင်းပါ …… (မှန်လှပါဘုရား)။ (၃)နံပါတ်ပုဂ္ဂိုလ်က။
(၄) နံပါတ်ပုဂ္ဂိုလ်က သေခါနီးကျပြန်လို့ရှိရင်လဲ ကိုယ်လုပ်ထားတဲ့ ဝေဒနာ ၀ိပဿနာ ကမ္မဋ္ဌာန်းကြီးကို ကိုယ်ကိုယ်တိုင် မဂ်ဆိုက်အောင် ရှုလိုက်ပါ ….. (မှန်လှပါဘုရား) သဘောကျပလား …… (ကျပါပြီဘုရား)။
ဤလေးချက်နဲ့ သေတဲ့ပုဂ္ဂိုလ်မှာ မကြောက်ဘူးကွ …… တဲ့၊ မကြောက်တာက ဒီလိုကွတဲ့ …… စစ်သူကြီး တစ်ယောက်ရှိတယ်ကွာ၊ ရှင်ဘုရင်ကြီးအခိုင်းအစေ၊ ရှင်ဘုရင်လက်အောက်က စစ်သူကြီးရှိတယ်ကွ …… တဲ့။
ရှင်ဘုရင်က အမိန့်မှတ်လိုက်တယ်၊ စစ်သူကြီး ….. ဘယ်ရွာဘယ်ဌာနမှာ သူပုန်တွေ ထ, နေတယ်၊ အဲဒါသွားပြီး သကာလ အသင် စစ်သူကြီးသွားနှိမ်နင်းရမယ်။
ဒီလို အမိန့်ပေးလိုက်တဲ့အခါ စစ်သူကြီးမို့ ရှင်ဘုရင်အမိန့်လဲ သြဇာအာဏာလိုက်နာတဲ့ သဘောထားရှိနေတော့ တပ်ထောင်ကာ ဗိုလ်ထုတွေနဲ့ လူစုပြီး ထွက်တာပေါ့ဗျာ ….. (မှန်လှပါဘုရား)။
ထွက်တော့ ဟိုမှာ သူပုန်ထ, နေတဲ့ လူတွေနဲ့ဒီက, လူတွေနဲ့ အားချင်းက မမျှတော့ ဒီကအားက အင်မတန်ကြီးတာနဲ့ နှိမ်နင်းနိုင်ခဲ့တယ် ….. (မှန်လှပါတယ်ဘုရား) နှိမ်နင်းခဲ့တယ်၊ ပြန်လာခဲ့တယ်၊ ပြန်လာပြီးသကာလ သူ့အိမ်မှာပဲ ဒီနေ့ညအိပ်ပြီး မနက်မှ နန်းတော်ဝင်မယ်၊ စစ်တော့ အောင်ခဲ့ပြီဆိုပြီး သူ့အိမ်မှာသူနေတယ် …. (မှန်လှပါဘုရား)။
ခုနက လွှတ်လိုက်တဲ့ ရှင်ဘုရင်က ကြားတယ်၊ စစ်သူကြီးဖြင့် ပြန်ရောက်လာပြီ အောင်လဲအောင်ခဲ့သတဲ့ ဆိုတော့ ရှင်ဘုရင်က ဆုကြီး လာဘ်ကြီးပေးချင်လို့ တစ်ခါတည်း အသင်စစ်သူကြီး မနက်ဖြန်နံနက် နန်းတော်ကို ဆက်ဆက်ဝင်ရမတဲ့။
ဟိုက အမိန့်တော် စာချွန် ရောက်လာတော့ သူဟာ နန်းတော်မရောက်ခင် ဒီစာချွန်ရောက်ကတည်းက ဦးလှဘူးတို့ ဒကာကြွယ်တို့ ၀မ်းသာမှာပဲ ….. (၀မ်းသာပါတယ်ဘုရား)။
မနက်ဖြန်ကျတော့ ရွာစားမြို့ စားတော့ ဧကန်ပေးတော့မှာပဲ ….. (မှန်လှပါဘုရား) မြန်မာ့ထုံးစံကိုးဗျ၊ ရွာမြို့ စား ဧကန်ပေးတော့မှာပဲ ဆိုတော့၊ ရ, လို့ ၀မ်းသာတာလား၊ မရ, ခင် ၀မ်းသာတာလား …. (မရ, ခင် ၀မ်းသာတာပါဘုရား) ရှင်းပလား၊ (ရှင်းပါတယ်ဘုရား)။
ဒီမှာလဲ ဒကာဒကာမတို့ ခုနက ၀ိပဿနာအလုပ်နဲ့ ခုနက ပြောခဲ့တဲ့ အချက်တွေနဲ့ သေတဲ့ ပုဂ္ဂိုလ်ကျတော့ ဧကန်သုဂတိရောက်ပြီး နိဗ္ဗာန်ရောက်မှာ ဧကန်မြင်တော့ မသေခင်က သူဘာဖြစ်နေသလဲ …. (၀မ်းသာနေပါတယ်)။
အင်း …. ဒီဘ၀တွင်ပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ပြီးသား ပုဂ္ဂိုလ်ဖြစ်နေပြီလို့ ရှိရင်လဲ သေပြန်တော့လဲ ခန္ဓာဝန်ကြီးချ, ရလို့ ၀မ်းသာတယ် ….. (မှန်လှပါဘုရား) ဟုတ်လား …. ဒီဘ၀မတည် သေးဘူး ….. ၀ိပဿနာအလုပ်သာ ခရီးပေါက်နေပါတယ် ဆိုပါတော့လဲ ဒုတိယဘ၀ မသေချာလား …… (သေချာပါတယ်ဘုရား)။
အဲဒီတော့ ဒုတိယဘ၀မှာ သေချာတာကို လှမ်းပြီးသကာလ ဒီကနေပြုံးတယ် ….. (မှန်လှပါဘုရား) ဒကာကြွယ် မပြုံးပေဘူးလား ….. (ပြုံးပါတယ်ဘုရား) ခုနက စစ်သူကြီး၊ သဘောကျပလား …… (ကျပါတယ်ဘုရား)။
အေး ….. အဲဒီအတိုင်းပါပဲ ဒကာဒကာမတို့၊ ခင်ဗျားတို့ ၀ိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များကတော့ ပြုံးသေဘက်သေချာတယ် ……. (သေချာပါတယ်ဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။
ရ, လို့ ပြုံးတာလား ….. မရ, ခင်ကပြုံးတာလား၊ (မရ, ခင်ကပြုံးတာပါဘုရား) ရ, မှာ သေချာတယ် (သေချာပါတယ်ဘုရား) အင်္ဂုတ္ထိုရ်ပါဠိတော်မှာ ဒီအတိုင်းလာတယ် ….. (မှန်လှပါဘုရား)။
ဒီဘ၀ ၀ိပဿနာအလုပ်နဲ့သာ သေသွား ဒုတိယဘ၀ကိစ္စပြီးပေါ့ကွာ …. (ပြီးပါတယ်ဘုရား) ဟောပြီး ပြီနော် ဦးလှဘူး ……. (ဟောပြီးပါပြီဘုရား) ဟောပြီးတော့ သေချာပြီမဟုတ်လား ….. (သေချာပါပြီဘုရား)။
အဲဒါဘုရားသခင် ကိုယ်တော်မြတ်က တိုက်ရိုက်ဟောတဲ့ တရားဖြစ်လေသောကြောင့် ဒကာဒကာမတွေ အယုံအကြည်သာ ထားလိုက်တော့ ….. (မှန်ပါ့ဘုရား)။
အယုံအကြည်နဲ့သာ နေလိုက်ပါတော့ဆိုတာ သေသေချာချာ ဒကာကြွယ်တို့ကို မှာရတယ် ….. (မှာရပါတယ်ဘုရား)။
အဲဒါဖြင့် ဒကာဒကာမတို့ ကျုပ်တို့ဝိပဿနာအလုပ်သမားတွေ သေလို့ရှိရင် ဘယ်ရောက်မတုံး ….. (နတ်ပြည်ရောက်မှာပါ ဘုရား) သုဂတိနတ်ပြည်ရောက်မယ်၊ ရောက်တော့ ရောက်ရုံပဲလား၊ ရောက်, ရောက်ချင်း အရိယာဖြစ်သလား …. (ရောက်, ရောက်ချင်း အရိယာဖြစ်ပါတယ်ဘုရား) ဒါ - ဘုရားဟောထားပြီး …… (ဟောထားပါပြီဘုရား)။
ဘုရားဟောထားတော့ ဒကာဒကာမတွေ၊ ၀ိပဿနာ လုပ်ပြီးသား ပုဂ္ဂိုလ်တွေက သေခါနီးအခါကာလ ဝေဒနာရှုပြီး သေတော့ သူသည်ကားလို့ ဆိုလို့ရှိရင် သူများလိုပဲ ကြောက်သေလား ကြောက်ရင်မဲ့သေကိုးဗျ။ မဲ့သေဖြစ်မလား၊ပြုံးသေဖြစ်မလား ….. (ပြုံးသေဖြစ်မှာပါဘုရား) သေသေချာချာ ဖြစ်ပေဘေူးလား …… (ဖြစ်ပါတယ်ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့ မဲ့သေအဖြစ် ဇာတ်သိမ်းလို့ ပြုံးသေအဖြစ်ရောက်အောင် ကြိုးစားပါ …. (မှန်လှပါ) ဦးလှဘူး ဒါ - အရေးမကြီးဘူးလား ….. (အရေးကြီးပါတယ်ဘုရား)။
နို့ - ဒီလမ်းကလဲ လွဲမယ့်လမ်းလား၊ မလွဲမယ့်လမ်းလား ….. (မလွဲမယ့်လမ်းပါဘုရား) ပြုံးတာနဲ့ မဲ့တာ သာကွဲရမယ် သေတော့ သေမှာချည်းပဲ ….. (မှန်လှပါဘုရား) ပြုံးတာနဲ့ မဲ့တာတော့ …. (ကွဲပါတယ်ဘုရား) သေရမှာကတော့ …. (တွေ့ ရမှာပါဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့ သေသေချာချာသာမှတ်ကြပါတော့၊ ၀ိပဿနာအလုပ်ကို ဘယ်အခါကာလမှ မလျှော့ကြနဲ့ …… (မှန်လှပါဘုရား) ၀ိပဿနာအလုပ် လျှော့လို့ရှိရင်ဖြင့် ဒကာဒကာမတို့ မဲ့သေဘက် သွားလို့ရှိရင်ဖြင့် ဒကာဒကာမတို့ မဲ့သေဘက် သွားလို့ရှိရင်ဖြင့် ခုနက ပြိတ္တာဘုံဘက် စုတေစိတ်လှည့်သွားမယ် ….. (လှည့်ပါတယ်ဘုရား) ပြိတ္တာပဋိသန္ဓေဘက် မလှည့်ပေဘူးလား ….. (လှည့်ပါတယ်ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ပြောရတယ်၊ သားရေး၊ သမီးရေး၊ စီးပွားရေး ခင်ဗျားတို့ကတော့ စကားထဲပြောကြတယ် ….. (ပြောပါတယ်) ကိုယ်သွားရမယ့်ခရီး သေချာတဲ့ခရီးအတွက်ပြုံးဖို့ရာ အရေးတော့ မလုပ်ဘူး ….. (မလုပ်ပါဘူးဘုရား) ဆိုတော့ ဒကာကြွယ် ဆရာကောင်း သမားကောင်း ဆိုရင်ဖြင့် ဒီဟာ မြည်ရ, တွန်ရမယ်ဗျ ….. (မြည်ရ, တွန်ရမှာပါဘုရား) မြည်တွန်တောက်တီးပြီး သကာလ သေသေချာချာ တိုက်တွန်းရမယ် ….. (မှန်လှပါဘုရား) မတိုက်တွန်းလို့ တော်ပါ့မလား ….. (မတော်ပါဘုရား)။
ခင်ဗျားတို့ဟာ သားရေး၊ သမီးရေး၊ စီးပွားရေး၊ တစ်ဘ၀တစ်နပ်စားလေး၊ လူ့အောက်မကျရေးအတွက် လောက်သာ ကြိုးစားနေတယ်။
ကိုယ်သေချာတဲ့လမ်း၊ မဲ့ပြီး သေပြီးသကာလ နောက်ဘယ်တော့မှ မပေါ်လာတဲ့လမ်းကို သွားဖို့ အလုပ်တော့ ခင်ဗျားတို့ ရဲရဲတင်းတင်း လုပ်နေတယ် …... (လုပ်နေပါတယ်ဘုရား) မဟုတ်ဘူးလား …… (ဟုတ်ပါတယ်ဘုရား)။
ပြုံးပြီးသကာလ သံသရာစခန်းသတ်တဲ့ အသေမျိုးသေအောင်တော့ ဘယ်နှယ့်ကြောင့် ခင်ဗျားတို့ ပေါ့နေပါလိမ့်မလဲဆိုတဲ့ ဥစ္စာပြောရမယ် ….. (ပြောရမှာပါဘုရား) မပြောသင့်ဘူးလား ….. (ပြောသင့်ပါတယ်ဘုရား)၊ ဒါဖြင့် ဒီ - ဒကာဒကာမတွေ ဘုန်းကြီးပြောတာ မှတ်မိလောက်ပြီ ….. (မှတ်မိပါတယ်ဘုရား) ရှင်းပလား ….. (ရှင်းပါတယ်ဘုရား)။
ဒါဖြင့် ဘယ်အခြေအနေရောက်အောင် တို့၊ ကြိုးစားသင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ ….. (မှန်လှပါဘုရား) ပြုံးသေဖြစ်အောင် ….. (ကြိုးစားသင့်ပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
ပြုံးသေ၊ သေတဲ့ပုဂ္ဂိုလ်များကျတော့ သေခါနီးကျမှ ဝေဒနာတွေရှုလို့ ဝေဒနာတွေ မုန်းလို့ ဝေဒနာဆုံးသွားတဲ့ ပုဂ္ဂိုလ်များ လက်ယာဘက်စောင်းပြီး သေလေ့ရှိတယ် ….. (မှန်လှပါဘုရား) သွားပြီးသကာလ စောင်းသေနေတဲ့ ပုဂ္ဂိုလ်သွားကြည့်ပြန်တော့လဲ ဒီအပြင် ပုဂ္ဂိုလ်လို မနေပါဘူးတဲ့ ၊ အသားအရေတွေ ကြည်ကြည်ရွှင်ရွှင်နဲ့ပဲ ခပ်ပြုံးပြုံးနဲ့ပဲ၊ သေနေတာ တွေ့ ရတယ်…. (မှန်လှပါဘုရား) သဘောကျပလား …. (ကျပါတယ်ဘုရား) လက်ယာဘက်ခေါင်းကလဲ စောင်းလို့ ….. (မှန်လှပါဘုရား) သွားပြီး ရုပ်ကလာပ်ကို ကြည့်ပြန်တော့လဲ ပြုံးလို့ ….. (ပြုံးလို့ပါဘုရား)။
အင်း …. ဒါက ဘယ်လိုပုဂ္ဂိုလ်မျိုးပါလိမ့်မတုံး ဆိုတာရော သဘောကျပလား၊ (ကျပါတယ်ဘုရား) အင်း…. ၀ိပဿနာနဲ့ ချည်းလာတဲ့ပုဂ္ဂိုလ် ….. (မှန်လှပါဘုရား)။
သားသမီးအပေါ် တစ်နံပါတ် ၀ိပဿနာနဲ့ လာခဲ့သူ ….. (မှန်လှပါ) သားသမီးနဲ့ ပစ္စည်းပေါ် …. (မှန်လှပါ)။
နှစ်နံပါတ် ခန္ဓာကိုယ်ပေါ်ကိုလဲ ၀ိပဿနာနဲ့ လာခဲ့တယ်၊ (မှန်လှပါ)။
သုံးနံပါတ် အမြဲမပြတ်ကုသိုလ်အလုပ်တွေ လုပ်လေ့ရှိတယ် ….. (မှန်လှပါဘုရား)။
လေးနံပါတ်က သေခါနီး ၀ိစိကိစ္ဆာကို ကင်း, သေပစ်လိုက်တယ် …. (မှန်လှပါဘုရား)။
သြော် …. အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ သိလိုက်တယ် ….. (မှန်လှပါ) မသိပေဘူးလား … (သိပါတယ်ဘုရား)။
အဲဒီလို သိတဲ့ပုဂ္ဂိုလ်ကျတော့ ဒကာဒကာမတို့ လက်ယာဘက် ခေါင်းစောင်းပြီး သကာလ သေတဲ့အလောင်းကောင် သွားကြည့်လို့ရှိရင် ပြုံးနေတယ် ….. (မှန်ပါ့ဘုရား)။ သဘောကျပလား …. (ကျပါတယ်ဘုရား) ဘာကြောင့် ပြုံးပါလိမ့်မလဲလို့ မေးဖို့မလိုတော့ဘူး …. (မလိုပါဘုရား)။
အင်း …. ဟိုရမယ့် လာဘ်ကြီးမြင်နေလို့ ….. (မှန်လှပါ) နိဗ္ဗာန်ဆိုတဲ့ လာဘ်ကြီးသော်လည်းကောင်း …. (မှန်လှပါ) သုဂတိဆိုတဲ့ လာဘ်ကြီးသော်လည်းကောင်း ….. (မှန်လှပါ) သုဂတိရောက်ပြန်တော့လည်း သုဂတိ ရောက်မှန်းသိတာက နောက်ကျတယ် ….. (မှန်လှပါ) အင်း ….. သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်တာက ….. (အရင်ပါဘုရား)။
အရင်ကျတယ်ဆိုတော့ အဲဒါတွေလဲ ကြားဖူးပြီးသကာလ နေတာကတစ်မျိုး ကိုယ့်ကိုယ်ကို စိတ်ချတာကလဲ တစ်မျိုးဆိုတော့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ကိုယ့်အတွက် ကိုယ်သိလို့ မပြုံးပေဘူးလား ….. (ပြုံးပါတယ်ဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေကို တိုက်တွန်းရပါတယ်။ ဒကာဒကာမတို့ သေလမ်းဆိုတာဖြင့် ရှိကြတာချည်းပဲ …… (ရှိကြပါတယ်ဘုရား) သေလမ်းဆိုတာ ဘာတုံး ….. (ရှိကြပါတယ်ဘုရား) မည်သူလွတ်ပါ့မလဲ ….. (မလွတ်ပါဘုရား)။
သို့သော် ပြုံးလမ်း မဲ့လမ်းကတော့ နှစ်လမ်းရှိလေရဲ့  ….. ( ရှိပါတယ်ဘုရား) ဘာလမ်းတဲ့ (ပြုံးလမ်းမဲ့လမ်းပါဘုရား) မဲ့လမ်းက အကြောက်သမားလမ်းလေဗျာ …. (မှန်လှပါဘုရား) ပြုံးလမ်းက မကြောက်သမားလမ်း (မှန်လှပါ) အင်း ….. ဒကာသိုက်မှတ်မိပလား (မှတ်မိပါတယ်ဘုရား) မဲ့လမ်းက …. (အကြောက်သမားလမ်း) အင်း ….. ခုနင်က ပြောခဲ့တာကြောင့် ကြောက်တယ် ….. (ကြောက်ပါတယ်ဘုရား)။
အင်း ….. ပြုံးတဲ့ ပုဂ္ဂိုလ်ကတော့ …. (မကြောက်ပါဘူးဘုရား) မကြောက်တဲ့လမ်း သဘောကျပလား ….. (ကျပါတယ်ဘုရား) ဤကဲ့သို့ ဒကာဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတောင်မှ သေသေချာချာတဲ့ ငါတော့ကိစ္စပြီးပါပြီကွာ၊ ငါတော့မှီရာခိုရာ လဲလျောင်းရာဖြစ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်မြို့ ကြီး ငါသေသေချာချာ မြင်လဲမြင်ရပြီး၊ ရောက်လဲ ရောက်ပါပြီဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ လက်ယာဘက်စောင်းပြီး ပြုံးသေတာပဲ ….. (မှန်လှပါဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လဲ ထို့အတူပဲပေါ့ဗျာ၊ ပြုံးသေချည်းပဲ ….. (မှန်လှပါဘုရား) ဒီ, ပြုံးသေကျေးဇူးပြုတာကဖြင့် ဒကာဒကာမတို့ ၀ိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ပဲ ရှိပါတယ် …… (မှန်လှပါဘုရား) ရှင်းပလား (ရှင်းပါတယ်ဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ သေတတ်ကြပလား ….. (သေတတ်ပါပြီဘုရား) အင်း ….. ဘာလုပ်ပြီးသေကြမယ် ….. (၀ိပဿနာအားထုတ်ပြီး သေပါ့မယ်ဘုရား) အေး ….. ယခုက အာစိဏ္ဏကံကိုလဲ လုပ်ပါ။ သေခါနီးလဲ သူနဲ့ပဲ သေလိုက်ပါ ….. (မှန်လှပါပြီဘုရား)။
ဘယ်တော့မှ ဒီ့ပြင်ဟာတွေကို စွဲလမ်းပြီးသကာလကြောင့်ကြဗျာပါရတွေနဲ့ မထားလိုက်ပါနဲ့ ….. (မှန်လှပါဘုရား) ကြောင့်ကြရင် ကြောက်ကြလိမ့်မယ် …. (မှန်လှပါဘုရား) ကြောက်ရင် ပြိတ္တာဖြစ်ရလိမ့်မယ် ….. (ဖြစ်ရမှာပါဘုရား)။
ပြိတ္တာ ဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ့်အိမ်မှာပဲ၊ ဥပမာ ကိုယ့်သေတ္တာထဲမှာ ပိုးဟပ်လာဖြစ်နိုင်တယ်)။
ပြိတ္တာဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ ကိုယ့်အိမ်မှာပဲ၊ ဥပမာ ကိုယ့်သေတ္တာထဲမှာ ပိုးဟပ်လာဖြစ်နိုင်တယ် ….. (မှန်လှပါ) အိမ်မြောင်လာဖြစ်နိုင်တယ် …… (မှန်လှပါ) ခွေး, လာဖြစ်နိုင်တယ် …. (ဖြစ်ပါတယ်ဘုရား)။
အဲဒါတွေ ဖြစ်နိုင်တာတွေ ကြည့်တော့ ဒကာကြွယ်ရေ အိမ်သူအိမ်သားတွေ သားသမီးတွေကလဲ ဒီသေတ္တာထဲမှာ ဒီပိုးဟပ်က သူကိုက်တော့မှာပဲ၊ သူကျင်ကြီး, ကျင်ငယ်စွန့်တော့ မှာပဲဆိုရင် အတင်းမောင်းထုတ်တယ် …… (မှန်လှပါဘုရား) မထုတ်ပေဘူးလား …. (ထုတ်ပါတယ်ဘုရား) အမေရယ် အဖေရယ်လို့ သိသေးရဲ့ လား …. (မသိပါဘုရား)။
အေး ….. ဒါကြောင့် ဒကာဒကာမတွေ အဲဒါ မဲ့သေသမားတွေဟာ ဒီလမ်းချည်းပဲသွားတာပဲ …. (မှန်လှပါဘုရား) ပိုးဟပ်များ ဒီနေရာက နှင်လိုက်တယ်ဆို တော်တော်ကြာ ဒီဖာထဲပြန်ဝင်တာပဲ …. (မှန်လှပါဘုရား) ငါ့ပိုးကိုးဗျ၊ တောင်မြို့ ဆိုတော့ ….. (မှန်လှပါ) ငါ့ပိုးဆိုပြီး ပြန်ဝင်လာတာ …. (မှန်လှပါဘုရား) ရိပ်မိပြီလား …. (ရိပ်မိပါပြီဘုရား) ဒီအထည်သေတ္တာထဲဆို ငါ့အထည်သေတ္တာမို့ သူပြန်ဝင်တာပဲ ….. (မှန်လှပါ) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့ မဲ့သေ သမားက ဒီလမ်းချည်းပဲဆိုတာ ဒကာသိုက်မှတ်ပေတော့ …. (မှန်လှပါဘုရား) ပြုံးသေသမားသည်ကား ဆိုလို့ရှိရင်ဖြင့် ဒီလမ်းကို မဟုတ်ဘူး ….. (မှန်လှပါဘုရား) ဒုက္ခခပ်ငြိမ်းတဲ့ နိဗ္ဗာန်လမ်းချည်းပဲဆိုတာ ကျေနပ်ပလား ….. (ကျေနပ်ပါတယ်ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ တို့တော့ သေရမှာပဲ၊ ပြုံးသေအဖြစ်နဲ့ မရ ရအောင် ကြိုးစားမယ် ….. (မှန်လှပါ) ဘယ်လိုသေကြမယ် ….. (ပြုံးသေအဖြစ် မရ ရအောင် ကြိုးစားရမှာပါဘုရား) ပြုံးသေမရ ရအောင် ကြိုးစားဖို့ အလုပ်က - အချိန်ကလုပ်ပါ ….. (မှန်လှပါဘုရား) ခုအချိန်က ဝေဒနာကို နိုင်အောင် ရှုထားတော့ သေခါနီးကျတော့ ဘယ်ဝေဒနာလာမှာတုံး ဆိုတော့ ဒီဝေဒနာပဲလာမယ် ….. (မှန်လှပါဘုရား)။
အခုအခါမှာ ဒုက္ခဝေဒနာနိုင်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်သေခါနီးလဲ ဒီဒုက္ခဝေဒနာက ထူးထူးလည်လည် ဒုက္ခတစ်မျိုး လာမှာလား ၊ ဒီဒုက္ခဝေဒနာပဲ လာမှာပါဘုရား) ရှင်တုန်းက ပေါ်တာလဲ ဒုက္ခဝေဒနာဖြစ်ပျက်ပဲ …… (မှန်လှပါဘုရား)။
တစ်မှာဖြစ်။ နှစ်မှာပျက် ….. (မှန်လှပါ)။
သေခါနီးပေါ်တဲ့ ဒုက္ခဝေဒနာရော၊ (တစ်မှာဖြစ် နှစ်မှာပျက်ပါဘုရား)။
သူ, ဝေဒနာချင်း ထူးသေးရဲ့ လား ….. (မထူးပါဘုရား) အဲဒါမထူးအောင် လုပ်ပြီးသကာလ အင်း ….. သူလဲ အနိစ္စနဲ့ အနတ္တပဲ ရှင်တုန်းဟာလဲ အင်း … သေခါနီး ပေါ်လာတာရော အနိစ္စနဲ့ ….. (အနတ္တပါဘုရား)။
ဒါဖြင့် အနိစ္စနဲ့ အနတ္တပဲလို့ ကိုယ်က သိနေတော့ အနိစ္စနဲ့အနတ္တက အနိစ္စနဲ့အနတ္တ ထားလိုက်ပါတော့၊ သိတာက မဂ္ဂဖြစ်သွားတယ်၊ ဖြစ်သွားတော့ ပဋိစ္စသမုပ္ပါဒ်က ဘယ်နှယ့်နေသလဲ …… (ပြတ်ပါတယ်ဘုရား)။
မဂ်လာတယ် ဆိုကတည်းက ဝေဒနာနိရောဓာ တဏှာ နိရောဓော ဆိုတဲ့မဂ်ပေါ်တာ …… (ပေါ်ပါတယ်ဘုရား) ဝေဒနာချုပ်တာ မြင်တာနဲ့ ဘာပေါ်လာလဲ ….. (မဂ်ပေါ်ပါတယ်ဘုရား)။
တဏှာနိရောဓောဆိုတော့ ဘယ်သူပေါ်လာသလဲ …… (မဂ်ပေါ်ပါတယ်) အဲ ….. တဏှာနိရောဓောဆိုတဲ့ မဂ်ပေါ်တာဟာ ဘာမြင်လို့ပါလိမ့် …… (ဝေဒနာချုပ်တာ မြင်လို့ပါဘုရား) အဲ …… ဝေဒနာလေးတွေ၏ ချုပ်တာ ပျက်တာ မြင်တာနဲ့ ဘာပေါ်လာလဲ ….. (မဂ်ပေါ်ပါတယ်ဘုရား) ဒီမဂ်ကို ဘယ်လိုဆိုကြပေါ့ …… (တဏှာနိရောဓောလို့ ဆိုပါတယ်ဘုရား) တဏှာနိရောဓော၊ ရှင်းပလား ….. (ရှင်းပါတယ်ဘုရား)။
အင်း ….. ဒါဖြင့် ဝေဒနာချုပ်တာ မြင်တာက မဂ် (မဂ်ပါဘုရား) အဲဒီမဂ်ကို စာလိုရွတ်ရင် ဘယ်လိုရွတ်ကြပါ့ …… (တဏှာနိရောဓောလို့ ရွတ်မှာပါဘုရား)။
တဏှာနိရောဓောဖြစ်တယ်၊ သြော် ….. တဏှာနိရောဓော ဆိုတာ တဏှာချုပ်သွားသလား အောက်မေ့တယ်၊ ဘယ်ဟုတ်မတုန်း တို့ မဂ်ပေါ်တာဆို ….. (မှန်လှပါ) ဒါ သေသေချာချာ မှတ်စမ်းပါဦး ….. (မှန်လှပါဘုရား) ဒါအရေးကြီးလို့ ပြောနေတယ် ဒကာဒကာမတို့ …… (မှန်လှပါ)။
ဝေဒနာချုပ်တာ မြင်တာက မဂ်မဟုတ်လား …… (မဂ်ပါဘုရား) အဲဒီမဂ်ကို ဘာဆိုကြမလဲ …… (တဏှာနိရောဓော) သြော် …. တဏှာနိရောဓောဆိုတော့ တို့က တဏှာကြီးများ ချုပ်သွားတယ် အောက်မေ့တယ် …… (မှန်လှပါ) ဘယ် ….. တဏှာ, လာမှ မလာပဲ ….. (မလာပါဘုရား) ဘယ်သူလာပါလိမ့် ….. (မဂ်, လာပါတယ်ဘုရား)။
ဒါဖြင့် မဂ် လာတာကို မဂ်ကို တဏှာနိရောဓောဆိုတာ ဒကာကြွယ်ရ ….. (မှန်လှပါဘုရား) သဘောကျပလား - (ကျပါတယ်ဘုရား) ဦးလှဘူးရော ကျေနပ်ပလား …… (ကျေနပ်ပါတယ်ဘုရား)။
တဏှာနိရောဓောဆိုတာ ဘယ်သူပေါ်တာဆိုတာ ….. (မဂ်ပေါ်တာဆိုတာပါဘုရား) အင်း ….. ဖြစ်ပျက်ရှုတဲ့ မဂ်ပေါ်တာကိုဆိုတာ …. (မှန်လှပါဘုရား)။
ဖြစ်ပျက်မုန်းတဲ့ မဂ်ပေါ်တာကို ဆိုတာ …… (မှန်လှပါ) ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်တဲ့ မဂ်ပေါ်တာကိုဆိုတာ၊ ရှင်းပလား (ရှင်းပါတယ်ဘုရား)။
အင်း ….. တဏှာနိရောဓောဆိုတော့ တဏှာနိရောဓာ၊ တဏှာနိရောဓာ …… (ဥပါဒါန နိရောဓော) အေး ….. မမှားစေနဲ့၊ ဥပါဒါန နိရောဓာ …… (ဘ၀နိရောဓော) ဘ၀နိရောဓာ …… (ဇာတိနိရောဓော) အင်း ….. ဇာတိမလာဘူးဆိုပါလား …… (မလာပါဘုရား) ဇာတိနိရောဓာ …… (ဇရာ, မရဏနိရောဓော) ဇရာ, မရဏတွေလဲ မလာတော့ဘူး (မှန်လှပါ)။
အင်း ….. ဒါ, နိဗ္ဗာန်မဟုတ်လား ….. (ဟုတ်ပါတယ်ဘုရား) ဇာတိ-ဇာရာ- မရဏတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာ ဘာတုန်း - (နိဗ္ဗာန်ပါဘုရား) အင်း ….. ဒါမဂ်ပေါ်လို့ …… (မှန်လှပါဘုရား) မဂ်ပေါ်လို့ ဒါတွေ သိမ်းသွားတာ …… (မှန်လှပါ) မဂ်မပေါ်ရင် ဒါတွေသိမ်းပါ့မလား၊ (မသိမ်းပါဘုရား)။
အေး ….. ဒါဖြင့် ဒကာဒကာမတို့ တို့အလုပ်သည်ကားလို့ ဆိုရင်ဖြင့် နောက်ခန္ဓာဇာတ်သိမ်း၍ နောက်ဒုက္ခ ဇာတ်သိမ်း၍ ငြိမ်းတဲ့အလုပ်ဟာ ပြုံးသေမှပဲ ငြိမ်းနိုင်တယ် - (မှန်လှပါ) ပြုံးသေအလုပ် မလုပ်လို့ဆိုရင်ဖြင့် ……. (မငြိမ်းနိုင်ပါဘူးဘုရား) မငြိမ်းနိုင်ပါဘူး၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘ၀ ပစ္စယာ …… (ဇာတိပါဘုရား)။
အင်း ….. ပြိတ္တာ ဇာတိလေဗျာ၊ (မှန်လှပါဘုရား) ဇာတိ ပစ္စယာ …… (ဇရာ မရဏပါဘုရား) ဇရာမရဏ ပေါ်လာလို့ရှိရင်ဖြင့် သောကပရိဒေ၀ ဒုက္ခဒေါမနသ မလိုက်ပေဘူးလား …. (လိုက်ပါတယ်ဘုရား)။
အဲဒီထဲ အာသ၀ ပါလာတယ် …… (မှန်လှပါ) အာသ၀ သမုဒယာ (အ၀ိဇ္ဇာသမုဒယောပါဘုရား) အ၀ိဇ္ဇာသမုဒယောဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြန်စ တယ် ……. (စ ပါတယ်ဘုရား)။
အင်း …… ဒကာကြွယ်ရေ …… ၀ိုင်းပြန်ပြီ - (၀ိုင်းပါတယ်ဘုရား) အဲဒါ့ မဲ့သေသမားက အ၀ိုင်းပြေး (မှန်လှပါဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။
ပြုံးသေသမားက အဆက်ပြတ် ….. (မှန်လှပါ) ဘာအဆက်ပြတ်ပါလိမ့်မတုံးလို့ မေးရင် ဒုက္ခအဆက်ပြတ်တာ ….. (မှန်လှပါဘုရား) နားလည်ကြပလား ….. (နားလည်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့သည် ဘယ်အသေသည်ကားလို့ ဆိုရင်ဖြင့် သေတော့သေရမှာပဲ မလွတ်နိုင်တဲ့ လမ်းကိုး ……. (မှန်လှပါဘုရား) ကဲ ….. ဒါဖြင့် ဒကာဒကာမတို့ ဘယ်အသေသည် တို့သည်ကားလို့ ဆိုလို့ရှိရင် ကိုယ်ပိုင်လုပ်ထားဖို့ အရေးကြီးပါလိမ့် (ပြုံးသေသေဖို့ အရေးကြီးပါတယ်ဘုရား) ပြုံးသေ သေဖို့ အလုပ်ကို လုပ်ထားရမယ် …… (မှန်လှပါဘုရား)။
ပြုံးသေ သေဖို့ လုပ်ထားမယ်ဆိုရင် အခုကတည်းက သားသမီးနဲ့ ပစ္စည်းကိုလဲ ၀ိပဿနာတင် …… (မှန်လှပါဘုရား) အတုံးကြီး လုပ်မနေနဲ့ ဖြစ်ပျက်တွ မြင်အောင်လုပ် (မှန်လှပါဘုရား) မိမိခန္ဓာကိုယ်လဲ ….. (ဖြစ်ပျက်ရှုရမှာပါဘုရား) သဘောကျပလား ….. (ကျပါတယ်ဘုရား)။
နေ့တိုင်းလဲ ဘာလုပ်ရမယ် …… (ဖြစ်ပျက်ရှုရမှာ ဘုရား) ဖြစ်ပျက်ကုသိုလ်တွေနဲ့ပဲ နေရမယ်ပေါ့ဗျာ ….. (မှန်လှပါဘုရား) သေခါနီးကျတော့ ဝေဒနာဖြစ်ပျက်ရှုပြီး …… (သေရမှာပါဘုရား) သေရလိမ့်မယ် ….. (မှန်လှပါ)။
ဤလေးချက်နဲ့ ညီအောင် နေနိုင်တဲ့ပုဂ္ဂိုလ်သည် နက်ဖြန်ဆုလာဘ်ကြီး ရမှာလိုပဲ ….. (မှန်လှပါ) သေချာသောကြောင့် ပြုံးရတယ် ….. (ပြုံးရပါတယ်ဘုရား)။
အဲဒီတော့ ဒကာဒကာမတွေ လူသေကောင်မြင်တာနဲ့ပဲ အပါယ်သွားတဲ့ ပုဂ္ဂိုလ်၊ သုဂတိ နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ခင်ဗျားတို့ ခွဲနိုင်ပါတယ် …… (ခွဲနိုင်ပါတယ်ဘုရား) မခွဲနိုင်ဘူးလား ….. (ခွဲနိုင်ပါတယ်ဘုရား)။
လူသေကောင် မြင်လိုက်လို့ရှိရင် ဘယ်လိုခွဲနိုင်ကြမလဲ …… (သုဂတိ နိဗ္ဗာန်သွားမယ့် ပုဂ္ဂိုလ်ဟုတ် မဟုတ် ခွဲနိုင်ပါတယ်ဘုရား) သုဂတိ နိဗ္ဗာန်သွားမယ့် ပုဂ္ဂိုလ်က ပြုံးနေတယ် …… (ပြုံးနေပါတယ်ဘုရား) ရှင်းပလား …… (ရှင်းပါတယ်ဘုရာုး)။
အပ္ပါယ်လေးပါး သွားမယ့်ပုဂ္ဂိုလ်က …… (မဲ့နေပါတယ်ဘုရား) အဲ …… မဲ့ပြီးသကာလ လူသေကောင်ကိုက ပြတယ် …… (မှန်လှပါဘုရား) သူများက ပြတာလား ……. (မဟုတ်ပါဘူးဘုရား) အသေကောင်ကိုက ပြတယ် …… (ပြပါတယ်ဘုရား)။
အဲဒီတော့ သေခါနီးမှ အရှက်တကွဲ အကျိုးနည်းနဲ့ ဒကာကြွယ်တို့၊ ဒကာသိုက်တို့၊ ဦးလှဘူးတို့ လူကြီးလူကောင်းတွေကွာ သေခါနီးမှ မဲ့နေသဟေ့ …..အလောင်းကြည့်ရတာ …… (မှန်လှပါ) အဲဒီလို အရှက်ကွဲလိုက်မှာများ သိပ်ကြောက်စရာ ကောင်းတယ် - (ကြောက်စရာကောင်းပါတယ်ဘုရား) သဘောကျပလား …… (ကျပါတယ်ဘုရား)။
အဲဒီကျမှ အရှက်ကွဲတော့ ကိုယ့်ဟာကိုယ်ရော ပြန်ဆည်နိုင်သေးရဲ့လား ….... (မဆည်နိုင်ပါဘူးဘုရား) အခုတော့ ဖုံးကာ ဖိကာလေးနဲ့ ကျုပ်ပြောတာဗျာ မှားတော့မှားသွားတယ် သတိလေး လွတ်လို့ပါဆိုတော့ ဖုံးလို့ရသေးတယ် ….. (ရပါတယ်ဘုရား)။
ဟိုအချိန်ကျတော့ ရပါ့မလား …… (မရပါဘုရား) အဲဒါကြောင့် သေခါနီး အရှက်တကွဲ အကျိုးနည်းနဲ့ မဲ့သေပုံသဏ္ဍာန်ကြီးများ ထွက်နေမယ်ဆိုရင် ကိုယ့်ကျိုး ဒီထက့်နည်းတာ မရှိပါဘူး ….. (မရှိပါဘုရား) ရှိသေးရဲ့ လား ….. (မရှိပါဘူးဘုရားး)။
ဒါဖြင့် ဒကာဒကာမတို့ ရှင်တုန်းကတည်းက သေခါနီး အရှက်ကွဲတဲ့ အလုပ်ကို ကြောက်ပြီးသကာလ ဒီအလုပ်နဲ့ပဲ နေတော့မယ်၊ ဒါမှ သေခါနီး အရှက်ကွဲ လွတ်ပြီးသကာလ ပြုံးသေအဖြစ်သို့ရောက်ပြီး လူ, နတ် ဦးခိုက် ပူဇော်ထိုက်တဲ့ အရိုးက ဓာတ်တော်ကျအောင်လုပ်ပါ ….. (မှန်လှပါဘုရား) မလုပ်ထိုက်ဘူးလား …. (လုပ်ထိုက်ပါတယ်ဘုရား) သဘောပါပလား (ပါ ပါတယ်ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ပြုံးသေဇာတ်သည် ၀ိပဿနာမှပဲ ခင်းနိုင်တယ် ….. (မှန်လှပါဘုရား) ပြုံးသေဇာတ်ကို ဘာမှခင်းနိုင်သတုံး ….. (၀ိပဿနာမှ ခင်းနိုင်ပါတယ်ဘုရား) ၀ိပဿနာနဲ့ပဲ ကိစ္စပြီးတော့တယ် ….. (မှန်လှပါဘုရား)။
ဒီ့ပြင်ဟာတွေကတော့ ဝေဒနာရှိနေတယ်ဆိုလို့ ရှိရင်ဖြင့် ကျောင်းကန်ဘုရားတွေ ဆောက်ထားသော်ငြားလဲ အင်း ….. ဒီဝေဒနာ ပြင်းထန်လေလေ အင်း …… ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့ ဟိုဟာတွေ သတိမရလေလေ ….. (မှန်လှပါဘုရား)။
အခုဟာကတော့ ဝေဒနာနဲ့ ဥာဏ်နဲ့က ကပ်မနေဘူးလား ……. (ကပ်နေပါတယ်ဘုရား) အဲ ….. ကပ်နေတဲ့ အခါကျတော့ ဝေဒနာဘယ်လိုပင် ဆက်နေစေကာမူ ကျုပ်တို့က ဝေဒနာကြား ဥာဏ်ထိုးရမယ် …. (မှန်လှပါဘုရား) ရိပ်မိပလား ….. (ရိပ်မိပါပြီဘုရား)။
ဝေဒနာကြား ဉာဏ်ထိုးရမယ် …… (မှန်လှပါ) ဝေဒနာတစ်ခုနဲ့ တစ်ခုကြား ဘာထိုးရမလဲ …… (ညာဏ်ထိုးရပါမယ်ဘုရား)
ဉာဏ်ထိုးတဲ့အခါကျတော့ဖြင့် အင်း …… ဝေဒနာက အပျက်, ထိုးလိုက်တဲ့ဉာဏ်က မဂ် …… (မဂ်ပါဘုရား) နောက်တစ်ခါ ထိုးလိုက်ပြန်တော့ ဝေဒနာက အပျက်၊ ထိုးလိုက်တဲ့ ဉာဏ်က …… (မဂ်ပါဘုရား)။
အဲဒီလို ဝေဒနာအပျက်နဲ့ ဉာဏ်မဂ်နဲ့နောက်က ဆက် ဆက်သွားလို့ရှိရင် ဝေဒနာဟာ တစ်စပ်တည်း ဖြစ်နေတယ်လို့ ထုံးစံမရှိဘူး ….. (မှန်လှပါဘုရား) ဖြစ်ပျက်သာ ရှိတယ်ဆိုတာ သဘောကျပလား …… (ကျပါတယ်ဘုရား)။
ဒါဖြင့် ဝေဒနာဟာ တစ်တန်းကြီးနေသလား၊ ဖြစ်ပျက်သဘောနဲ့နေသလား ……. (ဖြစ်ပျက်သဘောနဲ့ နေပါတယ်ဘုရား) အဲဒီဖြစ်ပျက်သဘောနဲ့နေတော့ ဒီကြား ကျုပ်တို့က ဉာဏ်ထိုးပေါ့ဗျာ ….. (မှန်လှပါဘုရား) ဉာဏ်ထိုးလိုက်တော့ အပျက်နဲ့ မဂ်နဲ့ဟာ ဆက်မသွားဘူးလား၊ (ဆက်သွားပါတယ်ဘုရား) အပျက်နောက်မမဂ်၊ လိုက်မနေဘူးလား၊ (လိုက်နေပါတယ်ဘုရား) အပျက်နောက်က မဂ်လိုက်နေတော့ အပျက်ချည်းပဲ မြင်လာမှာပဲ၊ (မှန်လှပါဘုရား)။
နာသေး၊ ကျင်သေး၊ ကိုက်သေးရဲ့ လား၊ (မကိုက်ပါဘုရား) အဲ - မကိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် အင်း - အပျက်နဲ့ မဂ် ကိုက်သွားရော …… (မှန်လှပါ) နောက်ကျတော့ သေခါနီးပဲ၊ ဒီဥစ္စာ ဒီအပျက်ကြီးဖြင့် မုန်းပါပေါ့ဆိုတာ မလာဘူးလား၊ (လာပါတယ်ဘုရား) အေး …. ဝေဒနာလေး ဖြစ်နေတယ်ဗျာ၊ အပျက်ချည်းပဲ ဖြစ်နေတော့ မမုန်းပေဘူးလား၊ (မုန်းပါတယ်ဘုရား)။
အင်း၊ သူမရှိမှသာ အေးမှာပဲ၊ သက်သက်ဒုက္ခသစ္စာ အစစ်ပဲလို့လဲ ဆုံးဖြတ်ချက်ချပါရော ဝေဒနာ ဆုံးသွားတယ်၊ (ဆုံးပါတယ်) ဝေဒနာဆုံးတယ်လို့ ရှိရင်ဖြင့် ဒကာဒကာမတို့ နိဗ္ဗာန် ပေါ်လာတယ် (နိဗ္ဗာန်ပေါ်ပါတယ်ဘုရား)။
ဝေဒနာဆုံးပါတယ်ဆိုတော့ ဝေဒနာနဲ့တကွ ခန္ဓာငါးပါးဆုံးတယ် ….. (ဆုံးပါတယ်ဘုရား) ဆုံးသွားတော့ ဒီနေရာ ဘယ်သူပေါ်လာ …… (နိဗ္ဗာန်ပေါ်လာပါတယ်ဘုရား)။
ဟာ ….. ဒါဖြင့် နိဗ္ဗာန်အာရုံပြုပြီးသကာလ ဒကာဒကာမတွေအင်း ….. မဂ်ဆိုက်ပြီး သေမသွားရပေဘူးလား ….. (သေသွားရပါတယ်ဘုရား) သေသွားတော့ သေသည်၏ အခြားမဲ့၌ ဒကာဒကာမတို့ အင်း …… ၀ဋ်ကျွတ်ပြီဆိုပြီးသေတဲ့ ပုဂ္ဂိုလ် …… (မှန်လှပါဘုရား)။
ခန္ဓာဝန်ကြီးထမ်းလာခဲ့ရတာ ကြာပေါ့ …… (ကြာပါပြီဘုရား) အင်း ….. ဒီတစ်ခါဖြင့် ခန္ဓာဝန် ခန္ဓာကျွန်အဖြစ်မှ လွတ်ပေပေါ့ဆိုပြီးတော့ မပြုံးပေဘူးလား၊ ပြုံးမလား …… (ပြုံးမှာပါဘုရား)။
အဲဒီလို ပြုံးသေတဲ့ ပုဂ္ဂိုလ်မှသာလျှင် အရှက်တကွဲ အကျိုးနည်းမသာ, မဖြစ်မှာ …… (မှန်လှပါဘုရား) နို့မို့လို့ရှိရင်ဖြင့် အခုလို တရားနာထားတဲ့ ပုဂ္ဂိုလ်တွေက ဘယ်ပုဂ္ဂိုလ်မဆို သွားကြည့်ကြမှာပဲ၊ တရားနာမိတ်ဆွေတွေထဲက တစ်ယောက်ယောက်သေလို့ရှိရင် …… (မှန်လှပါဘုရား)။
ငါ့လူ ဘယ့်နှယ်တုံး၊ ပြုံးသလား မဲ့သလားဆိုတာ လူတိုင်းအကဲခတ်မှာ - (ခတ်မှာပါဘုရား) မခတ်ပေဘူးလား ….. (ခတ်မှာပါဘုရား)။
အဲဒီတော့ ခတ်လိုက်တဲ့အခါကျတော့ ဥပမာ …… လူကြီးလူကောင်းတွေဖြစ်ပြန်, မဲ့လဲ နေပြန်ဆိုတော့ အင်း …. သနားစရာဆိုတဲ့ အဓိပ္ပာယ် ထွက်လာလိမ့်မယ် ….. (မှန်လှပါဘုရား) မထွက်ပေဘူးလား …… (ထွက်မှာပါဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့ ကိုယ်လူကြီးလူကောင်းတွေလဲ ဖြစ်ကုန်ပြီ၊ ဆရာကောင်း တပည့်တွေလဲ ဖြစ်ကုန်ပြီ၊ ဒီအထဲကမှ မဲ့သေအဖြစ်ဖြင့် ဇာတ်သိမ်းတော့မယ်ဆိုရင် အရှက်တကွဲ အကျိုးနည်းတော့မယ်။
ပြုံးသေမယ်ဟဲ့ …… ဆိုတာ၊ ဆုံးဖြတ်ချက်ချပါ …… (မှန်လှပါဘုရား)။
ကိုင်း …… ယနေ့ ……ဒီတွင် တော်ကြစို့။
သာဓု…… သာဓု ……. သာဓု ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ၌ ဟောကြားတော်မူသောတရားတော်
နိဗ္ဗာန်မြင်ပုံ
(၂၈- ၂- ၆၀)
လူမိုက်နှင့်လူလိမ္မာ ဘာထူးတုန်းလို့ မေးရင် လူမိုက်က မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်ဘူး၊ လူလိမ္မာက မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်တယ်လို့ ဆိုတော့ ဒီနေ့ လူမိုက်နဲ့လူလိမ္မာ ဒါထူးခြားပုံ သိပြီနော် …. (မှန်ပါ့ဘုရား)၊ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လိုက်တဲ့အတွက် လူလိမ္မာမှာ နောက် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိတော့ဘူး (မှန်ပါ့ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့် မကျင့်တဲ့ လူမိုက်များမှာတော့၊ နောက်ပဋိသန္ဓေနေ၊ အိုမှု၊ နာမှု၊ သေမှုတွေ အလုံးစုံ အကုန်လာတာပါပဲ ….. (မှန်ပါ့ဘုရား)။
ဒါဖြင့် လူလိမ္မာနဲ့ လူမိုက်သည်ကား ဆိုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ခြင်းကြောင့် နောက်ဒုက္ခပြတ်တာ လူလိမ္မာ ….. လူမိုက်၊ နောက် ဒုက္ခဆက်တာ…… (လူမိုက်) ကောင်းပြီ ဒါ လူမိုက်နဲ့ လူလိမ္မာ။
သမ္မာဒိဋ္ဌိငါးမျိုး
မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုပေမယ့်လဲ တရားကိုယ်ကောက်လိုက်တော့မဂ္ဂဗြဟ္မ္မာစရိယအကျင့်ဆိုတာ
သမ္မာဒိဋ္ဌိအလုပ် ….. (မှန်ပါ)။ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိတုံးလို့ ဆိုတာမှမသိလို့ရှိရင်လည်း ဦးဝတို့ နေရာမကျသေးဘူးပေါ့ဗျာ ….. (မှန်ပါ့)၊ အဲဒီတော့ သမ္မာဒိဋ္ဌိကို ဝေဖန်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၁- နံပါတ် သူလဲ သမ္မာဒိဋ္ဌိပဲ ….. (မှန်ပါ)။
၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ
၂။ ဈာန သမ္မာဒိဋ္ဌိ၊
၃။ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊
၎။ မဂ္ဂသမ္မာဒိဋ္ဌိ၊
၅။ ဖလသမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိပါလိမ့် ( ၅- မျိုးပါတယ်ဘုရား)
၅- မျိုးရှိတယ်ဆိုတော့ ဒကာဒကာမတွေက သြော်. သာသနာပရော သာသနာအတွင်းရော နှစ်ခုစလုံးရှိတဲ့ သမ္မာဒိဋ္ဌိက ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ လှူဒါန်းပေးကမ်းပြီး သကာလ သုဂတိ၊ ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိရတာက ကမ္မဿကတာ သမ္မဒိဋ္ဌိ သာသနာတွင်းလဲရှိတာပဲ သာသနာပလဲရှိတာပဲ …… (မှန်ပါ့)။
၁- နံပါတ်ကတော့ ပြီးသွားရောနော် ….. (မှန်ပါ့)၊ ဈာနသမ္မာဒိဋ္ဌိဆိုတာက သမထလမ်းကနေပြီး သကာလ ရူပ အရူပ ဗြဟ္မာ့ပြည်ကို ရောက်စေတတ်တဲ့ သမ္မာဒိဋ္ဌိ၊ ၀ါ - ဉာဏ်ပေါ့ဗျာ …… (မှန်ပါ့)။
ဒါကလဲ သာသနာပလဲရှိ၊ သာသနာတွင်းလဲရှိပြီးသကာလနေတော့ လမ်းက သူ့ကြည့်လိုက်ပြန် တော့လဲ ရူပဘုံ အရူပဘုံရောက်ပါတယ်ဆိုတော့ ဒုက္ခသစ္စာ ပြန်ရခြင်းကြောင့် သူ့လဲသိပ်ပြီး အဖိုးတန်ကြီး တန်တယ်လို့ မယူလိုက်ပါနဲ့ ……. (မှန်ပါ့ဘုရား)။
သာသနာတွင်းသမ္မာဒိဋ္ဌိ
အဲဒီတော့ နောက်ပြမယ့် ၃နံပါတ် ၀ိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိဆိုတဲ့ သမ္မာဒိဋ္ဌိသုံးမျိုးသာလျှင် သာသနာတွင်းမှာသာ ပေါ်နိုင်တယ်လို့ မှတ်ထားပါ …… (မှန်ပါ့)။
အဲဒီ သာသနာတွင်းမှာ ပေါ်နိုင်တဲ့ သမ္မာဒိဋ္ဌိကဖြင့် ပထမသမ္မာဒိဋ္ဌိက သက္ကာယဒိဋ္ဌိပြုတ်အောင် လုပ်နိုင်တယ်၊ ၀ိပဿနာသမ္မာဒိဋ္ဌိက …… (ပြုတ်အောင်လုပ်နိုင်ပါတယ်ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိက ဘာကိုပြုတ်အောင် ပျက်အောင်လုပ်ပါလိမ့် …… (သက္ကာယဒိဋ္ဌိပြုတ်အောင် ပျက်အောင် လုပ်နိုင်ပါတယ်ဘုရား)။
သက္ကာယဒိဋ္ဌိပြုတ်အောင် ပျက်အောင် လုပ်နိုင်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအလုပ်သာ လုပ်မယ်ဆိုရင် ဘုန်းကြီးကရော၊ ဘုရားကရော အပါယ်တော့ မကျဘူးဟေ့ …… အထက် သံသရာကနေ နိဗ္ဗာန်ကိုသာ သွားမယ်ဆိုတာ ရဲဝံစွာ တာဝန်ခံတယ်။
အဲဒီတော့ ဒီထဲမှာ သူကတော့ သူ့အကျိုးပေးပြောစမ်းပါဆိုတော့ ယခုဘ၀ နိဗ္ဗာန်ရသည့်ဘ၀တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သည့်တိုင်အောင် ၀ိပဿနာသမ္မာဒိဋ္ဌိက အကျိုးပေးနိုင်တယ်ဆိုတာ ဒကာဒကာမတွေ ပြောပြီးပြီနော် ….. (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် ၀ိပဿနာသမ္မာဒိဋ္ဌိက သူ့အလုပ်လုပ်တဲ့အခါမှာဘယ်ပေါ်မှာ အလုပ်လုပ်တယ်ဆိုတာ မနေ့ကပြောတယ်နော် (မှန်ပါ့)။
အဲဒါ အဲဒီကပဲ စပြောပြီးတော့မှ အင်း - တတိယ သမ္မာဒိဋ္ဌိပြီးတော့မှ စတုတ္ထသမ္မာဒိဋ္ဌိတက်ရအောင် …. (မှန်ပါ့)၊ ကိုင်း ဒကာဒကာမတို့ ၁-နဲ့ ၂- ဖြုတ်ထားပါပြီ၊ သာသနာ့ပလဲဖြစ်နေလို့လဲ ဒုက္ခ၀ဋ်ကျွတ်စေနိုင်တဲ့ သဘောမျိုး အဂုင်္တ္တိုရ်အဋ္ဌကထာဆရာ မပြောသောကြောင့်လဲ တစ်ကြောင်း။
အရေးကြီးတဲ့ ၃-နံပါတ်ပဲ ကျုပ်တို့အလုပ်ခွင် ၀င်ပြီးသကာလ ဦးဘတင်တို့ အရေးတကြီးမှတ်ကြဖို့ …. (မှန်ပါ့)။
အဲဒီတော့ သံယုတ်အဋ္ဌကထာဆရာက ၀ိပဿနာသမ္မာ ဒိဋ္ဌိကကွာတဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိယာ အနိစ္စာဒိဝသေန ခန္ဓာဒီသု သောမိတေသု ၀ိပဿနာသမ္မာဒိဋ္ဌိယာ တေဘူမက သင်္ခါရေ အနိစ္စာဒီသု ၀ိသောဓိတေသု၊ ၀ိပဿနာ သမ္မာ ဒိဋ္ဌိကတော့ ဟေ့တဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်လာတဲ့ ဓမ္မတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသည်နှင့် သူသည်မြင်တဲ့အတွက် ငါ , ငါလို့ ထင်မှတ်နေတဲ့ သက္ကာယဒိဋ္ဌိ သေသေချာချာစင်အောင် လုပ်နိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိ …… (မှန်ပါ့ဘုရား)။
သံယုတ် အဋ္ဌကထာဆရာက- ခန္ဓာဒိသု ခန္ဓာ အစရှိသည်တို့၌ သောဓိ တေသု သက္ကာယဒိဋ္ဌိကို သုတ်သင်ပြီးသည်ရှိသော် သူကဖြင့် သြော် - အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ တစ်ခုသောတရားပေါ်လာလို့ ပဋိစ္စသမုပ္ပါဒ်အစပေါ်လာတာတွေ ရှုနိုင် ရှုနိုင်၊ အလယ်မှာပေါ်လာတာ ရှုနိုင်၊ ရှုနိုင်၊ အဆုံးကပဲ ရှုနိုင် ရှုနိုင် ၊ ရှုချင်တာ ရှုပါ ဒကာ ဒကာမတို့။
အနိစ္စဖြစ်ပျက်မြင်ကြလို့ရှိရင်ဖြင့် ဘယ်နည်းနှင့်မဆို မနေ့ကပြောတဲ့အတိုင်း သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ရှင်းပါတယ် ၊ လင်းပါတယ် ၊ ကွာပါတယ် ဒီဉာဏ်ကနော် ….. (မှန်ပါ့ဘုရား) ဒါဖြင့် ၀ိပဿနာသမ္မာဒိဋ္ဌိသည် ဒိဋ္ဌိသုံးမျိုးကို စင်ကြယ်စေနိုင်တယ်လို့ မှတ်ထားလိုက်တာပေါ့ ….. (မှန်ပါ့ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိသည် ဘာကို စင်ကြယ်စေနိုင်တယ် ( ဒိဋ္ဌိသုံးမျိုးကို စင်ကြယ် စေနိုင်ပါတယ်ဘုရား ) ၊ အေး - သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဒီဒိဋ္ဌိသုံးမျိုးကို စင်ကြယ် စေနိုင်သောကြောင့် ဦးဘအုန်းတို့၊ ဦးခင်မောင်တို့ သြော် - သူအရေးကြီးဆုံးပါလားဆိုတာ ပေါ်လာတယ် ……. (မှန်ပါ့ဘုရား)။
မဂ္ဂသမ္မာဒိဋ္ဌိဆိုတဲ့ စတုတ္ထအချက်ကတော့ကို ဒကာသစ်တို့ အလွယ်လေး သူများရှင်းပြီးတဲ့ဥစ္စာ သူက၀င်ထိုင်တာဗျ …… (မှန်လှပါ့ဘုရား)၊ သူက ဒီလောက်အရေးကြီးတာ မဟုတ်ဘူး …. (မှန်ပါ့ဘုရား)။
သြော် - ၀ိပဿနာသမ္မာဒိဋ္ဌိက သက္ကာယဒိဋ္ဌိ ရှင်းပေးပြီး သူကနေပြီးသကာလ အင်း- ထက်ထက်မြက်မြက် ညာဏ်ဝင်လာပြီး၊ နိဗ္ဗာန်မြင်ပြီး ၀င်လာတဲ့ တရားပါ ….. (မှန်ပါဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိ
ဒါကြောင့် ဒကာ ဒကာမတို့ ၃- နံပါတ်ဟာ အရေးအကြီးဆုံးအချက်လို့ ဒကာ ဒကာမတို့ မှတ်ပါ ….. (မှန်ပါဘုရား)၊ ဘယ်သူကအရေးကြီးဆုံးတုံး …… (၀ိပဿနာသမ္မာဒိဋ္ဌိက အရေးအကြီးဆုံးပါဘုရား)၊ ၃- နံပါတ်က ဘာပါလိမ့် …. (၀ိပဿနာသမ္မာဒိဋ္ဌိပါဘုရား)၊ ၀ိပဿနာရှုတဲ့အလုပ် ….. (မှန်ပါ့ဘုရား)။
ဝိပဿနာရှုတဲ့အလုပ်ဆိုတာ တခြားမှတ်မနေနဲ့ ခင်ဗျားတို့ သန္တာန်မှာ ပေါ်နေတဲ့ ဝေဒနာဖြစ်စေ၊ စိတ်ဖြစ်စေ ပေါ်ချင်တာပေါ်လာပါစေ၊ စားချင်တဲ့စိတ်ကလေးပေါ်ချင်လဲ ပေါ်ပါစေ၊ အိပ်ချင်တဲ့စိတ်ကလေး ပေါ်ချင်လဲပေါ်ပါစေ၊ ငိုက်ချင်တဲ့စိတ်ကလေးပေါ်ချင်လဲ ပေါ်ပါစေ၊ ပျံ့လွင့်တဲ့စိတ်ကလေး ပေါ်ချင်လဲပေါ်ပါစေ၊ ပေါ်တာ နောက်ကနေပြီးသကာလ ဒီဓမ္မလေးဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စပါလားလို့ ရှုဖြစ်အောင် ရှုပေးပါ၊ ဒါ ၀ိပဿနာဖြစ်တာပါပဲလို့ မှတ်ပါ။
ဘယ်စိတ်လာလာဖြစ်ပြီး ပျက်တာကိုသာ ဒကာ ဒကာမတွေ ဉာဏ်ဦးတည်ပေးမယ်ဆိုရင် ၀ိပဿနာ သမ္မာဒိဋ္ဌိဧကန်ဖြစ်တယ်လို့ မှတ် ….. (မှန်ပါ့ဘုရား) ရှင်းပြီလား ….. (ရှင်းပါပြီဘုရား)။
ဘယ်စိတ်ရယ်လို့ဆိုစရာ မလိုပါဘူး၊ ဒကာ ဒကာမတို့ပေါ်ရာကိုသာလျှင် ဖမ်းရှုပါ …… (မှန်ပါ့ဘုရား) ပေါ်တာဟာ ပဋိစ္စသမုပ္ပါဒ်ပဲ၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာပါပဲ။
ခန္ဓာဆိုတာသည်ကားဆိုရင်ဖြင့် ဖြစ်ပြီး ပျက်မလို့ ပေါ်လာတဲ့ တရားမှ တစ်ပါး အခြားသောတရား မဟုတ်ပါဘူး (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ခင်ဗျားတို့သန္တာန်မပေါ်ဘဲနေရင်လဲ သေကြမှာပဲ ….. (မှန်ပါ့ဘုရား)၊ စိတ်တွေ မပေါ်ဘဲနေရင် …. (သေမှာပါဘုရား)၊ ဒါဖြင့် ပေါ်လာတဲ့စိတ်ကို နောက်ကနေ ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ ရှုပါ ….. (မှန်ပါဘုရား)။
ရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ အနိစ္စကို မြင်တယ်လို့ ဆိုကြလိမ့်မယ် …… (မှန်ပါ့ဘုရား)။
ဖြစ်ပျက်မြင်တာသည် ဒိဋ္ဌိသေတာ
မငြင်းပါဘူးတဲ့၊ ဆရာဘုန်းကြီးကလဲ ဒကာဒကာမတွေ ပြောတဲ့အတိုင်း ဖြစ်ပြီး ပျက်တာမြင်ကြတာပဲ အနိစ္စမြင်တာပဲ မှန်ပါတယ်၊ အနိစ္စမြင်တာသည် ဒကာ ဒကာမတို့ အပါယ်လေးပါး သွားစေတတ်တဲ့ ဒိဋ္ဌိသေတာလို့ ပြောလိုက်လို့ရှိရင်လဲ ပြီးတာပဲ …… (မှန်လှပါ့ဘုရား) သဘောကျရဲ့ လား … (ကျပါတယ်ဘုရား)။
ဖြစ်ပြီး ပျက်တာ မြင်လိုက်တာ အနိစ္စမြင်တယ်ဆိုလဲ မှန်တာပဲ …… (မှန်ပါ့ဘုရား)၊ ရှင်းပြီနော်…..
(ရှင်းပါတယ်ဘုရား)။
အနိစ္စမြင်တယ်ဆိုရင်လဲ မှန်တာပဲ၊ အင်း - ဖြစ်တာလေးကလဲ ပျက်သွားတာ မြင်လိုက်တော့ ဒကာဒကာမတို့ ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်လို့ ပျက်စီးတာပဲ၊ ဓမ္မလေးသဘောအတိုင်း ပေါ်လာတာ ဓမ္မလေး ပျက်သွားတာဆိုသဖြင့် ငါ- ငါဥစ္စာဆိုတဲ့ သက္ကာယဒိဋ္ဌိက လာသေးရဲ့ လား ….. (မလာပါဘုရား)။
အဲဒါ မလာတာထောက်သဖြင့် သြော် - ဖြစ်ပျက်မြင်တာသည် ဒိဋ္ဌိသတ်နေတာပါလားလို့ ရှေးဦးစွာပဲ မှတ်လိုက်တာပေါ့ …… (မှန်ပါ့ဘုရား)၊ ဖြစ်ပျက်မြင်တာ ဘာပါလိမ့် ……. (ဒိဋ္ဌိသတ်နေတာပါဘုရား)။
ဖြစ်ပျက်မြင်တာသည် ဒိဋ္ဌိသတ်နေတာဟာ ဧကန်စင်စစ် ဖြစ်ပါတယ်ဆိုတာ သံယုတ် အဋ္ဌကထာ ဆရာက ၀ိပဿနာသမ္မာဒိဋ္ဌိ ယာ အနိစ္စာ ဒိဝသေန ခန္ဓာဒီသု သောဓိ တေသု ခန္ဓာဒီသု - အနိစ္စခန္ဓာအစရှိသည်တို့၌၊ ၀ိသောဓိတေသု - ငါ - ငါ့ကိုယ်စွဲယူတဲ့ သက္ကာယဒိဋ္ဌိတရားကို ပယ်နှုတ်ပြီး၍၊ ဒါ သက္ကာယ ဒိဋ္ဌိပယ်နုတ်နေတာတဲ့ …… (မှန်ပါ့ဘုရား)။
ဖြစ်ပျက်ရှုတာ ဘာလုပ်ကြတာတုံး ……. (သက္ကာယဒိဋ္ဌိဖြုတ်နေတာပါဘုရား)၊ အဲ- ဒကာ ဒကာမတို့ ရှုတုန်းကတော့ အနိစ္စမြင်အောင် ရှုတာပြောကြတယ် …… (မှန်ပါ့ဘုရား)၊ မှန်ပါတယ်တဲ့။
အနိစ္စမြင်အောာင် ရှုတယ်ဆိုတာ မမှားပါဘူး။ အကျိုးပေးဘာပြီးသတုံးလို့ မေးတဲ့အခါကျတော့ အပါယ်သွားစေတတ်တဲ့ သက္ကာယဒိဋ္ဌိပြုတ်ပါတယ်ဘုရားလို့ ခင်ဗျားတို့ လျှောက်ရလိမ့်မယ် (မှန်လှပါဘုရား)။
ဖြစ်ပျက်မြင်ပြီး သေသွားစမ်းပါ
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာတွေသည် ဖြစ်ပျက်မြင်ပြီး သေသွားစမ်းပါလို့ ပြောလိုက်ပါတယ် …. (မှန်ပါ့ဘုရား)။
ဖြစ်ပျက်အဆုံး မရောက်ချင်နေပါစေ၊ ခန္ဓာကိုယ်မှာ ဥပစ္ဆေက၊ ဥပဃာတကကံတွေက ၀င်လာပြီး ဖြတ်လိုက်လို့ ဦးဘအုန်းတို့ နော် - အပါယ်တော့ စိတ်ချရတယ် ….. (မှန်ပါ့ဘုရား)။
ဘာဖြစ်လို့ စိတ်ချရသတုံးလို့ မေးတဲ့အခါကျတော့ သက္ကာယဒိဋ္ဌိက ပြုတ်နေလို့ …… (မှန်ပါဘုရား)၊ သက္ကာယဒိဋ္ဌိက ပြုတ်နေတော့ဖြစ်တာမြင်သဖြင့် သက္ကာယဒိဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ပြုတ်တယ်လို့ မနေ့ကပြောခဲ့တယ် …… (မှန်ပါ့ဘုရား)၊ ပျက်တာမြင်သဖြင့် သဿတ ဒိဋ္ဌိပြုတ်တယ်လို့ မနေ့က မပြောခဲ့ဘူးလား …….. (ပြောခဲ့ပါတယ်ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ မူလအရင်းဒိဋ္ဌိတွေက မပြုတ်လား …… (ပြုတ်ပါတယ်ဘုရား) ၊ အဲဒါကြောင့် သံယုတ်အဋ္ဌကထာဆရာက ခန္ဓာအစရှိသည်တို့ကိုပဲ သောဓိတေသု- သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသည်ရှိသော် ၀ိပဿနာ သမ္မာဒိဋ္ဌိက သက္ကာယဒိဋ္ဌိ သုတ်သင်တာ ဦးခင်မောင် ဘာတဲ့တုံး ….. (သက္ကာယဒိဋ္ဌိ သုတ်သင်ပါတယ်တဲ့ဘုရား)။
သြော် - သက္ကာယဒိဋ္ဌိ သုတ်သင်ရှင်းလင်းတဲ့ တရားလို့ဆိုသဖြင့် အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေဟာ သြော် - အပါယ်လေးပါး တံခါးပိတ်တာ ဒီက စတာကိုး၊ ၀ိပဿနာရှုတာက ဖြစ်ပျက်မြင်တာက စတာကိုးလို့ သေသေချာချာမှတ်ပါ ….. (မှန်ပါ) ရှင်းပြီလား ….. (ရှင်းပါတယ်ဘုရား)။
ဖြစ်ပျက်မြင်တာသည် အပါယ်တံခါးပိတ်တာ
အပါယ်လေးပါးတံခါးပိတ်တာသည် ဘယ်ကစပါလိမ့် ….. (ဖြစ်ပျက်မြင်တာက စပါတယ်ဘုရား)။ ဖြစ်ပျက်မြင်တာက စတယ်၊ ဖြစ်ပျက်မြင်တော့ ဘာကျေးဇူးခံစားရသတုံးလို့ အမေးထုတ်ရင် ဘယ့်နှယ်ဖြေကြမယ် ….. (သက္ကာယဒိဋ္ဌိ ပြုတ်ခြင်းကျေးဇူးခံစားရပါတယ်ဘုရား)။
သက္ကာယဒိဋ္ဌိ ပြုတ်သွားတယ်ဆိုသဖြင့် ရင်ဝလှံစူး၊ ထိပ်ဦးမီးလောင်ဆိုတာ သက္ကာယဒိဋ္ဌိ အရင်ပြုတ်ရမယ်ဆိုတာသည်ကားလို့ဆိုလို့ရှိရင် အရေးတကြီး အပါယ်သွားရမည့် တရားဖြစ်နေလို့ ဖြတ်ရတာမဟုတ်လား …… (မှန်ပါ့ဘုရား)။
အဲဒီတော့ သူဖြတ်နေတဲ့ အလုပ်ကို ကျုပ်တို့က သေသေချာချာဖြုတ်ပြီးသားဖြစ်နေတော့၊ အင်း- မဂ်ဥာဏ်မရလဲ ၀ိပဿနာမဂ်နဲ့ပဲ သေသွားစမ်းပါ၊ လောကုတ္တရာမဂ် မရောက်ချင်နေပါစေ၊ အပါယ်လေးပါးတော့ မရောက်ပါဘူး။
ဒုတိယဘ၀လဲ သေသေချာချာ သောတာပတ္တိမဂ်ရမယ် ဆိုတာကိုလဲ အင်္ဂုတ္တိုရ်က တာဝန်ခံသောကြောင့် အင်္ဂုတ္တိုရ်ဆိုတာ ဘုရား တိုက်ရိုက်ဟောတာဖြစ်လေသောကြောင့် ဦးဘအုန်း စိတ်ချရတယ်။
ဒါဖြင့် ၀ိပဿနာသမ္မာဒိဋ္ဌိကိုသာ မဖြစ်ဖြစ်အောင်လုပ် …… (မှန်ပါဘုရား)၊ ရှင်းပြီးနော် ….. (ရှင်းပါတယ်ဘုရား)၊ ဘာလုပ်ကြမယ် ….. (၀ိပဿနာသမ္မာဒိဋ္ဌိ လုပ်ကြရပါမယ်ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ဥစ္စာသည် သက္ကာယဒိဋ္ဌိ မပြုတ်ပြုတ်အောင် ဖြုတ်ရမယ်ဆိုတာနဲ့ ဘာထူးတုံး ….. (မထူးပါဘုရား)။
ဒကာ ဒကာမတို့ ၀ိပဿနာ သမ္မာဒိဋ္ဌိမဖြစ်ဖြစ်အောင် ရှုရမယ်ဆိုတဲ့ဥစ္စာ သက္ကာယဒိဋ္ဌိ မပြုတ်ပြုတ်အောင် ဖြုတ်ရမယ်ဆိုတဲ့ စကားနဲ့ ဘာမှမထူးဘူး ….. (မထူးပါဘူးဘုရား)။
ရှင်းကော ရှင်းရဲ့ လား …… (ရှင်းပါတယ်ဘုရား) အဲဒါကြောင့် သာသနာတွင်း တရားလဲဖြစ်တာနဲ့ ကျုပ်တို့ သေသေချာချာ စဉ်းစားကြည့်ပါ။
တစ်လောကလုံး ကျုပ်တို့မှာ အပါယ်ကို ဘုရားကဟောခဲ့တယ်၊ နောက် သံသရာတို့သည် အမြဲနေရာ ဘယ်နေတုံးလို့ မေးတော့ ဆရာဘုန်းကြီး လွန်ခဲ့တဲ့ (၁၅) ရက်လောက်က ပြောခဲ့တယ် မဟုတ်လား၊ အပါယ်လေးပါးလို့ ပြောခဲ့တယ် ….. (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတွေ အမြဲနေတဲ့နေရာ ဘာပါလိမ့် …… (အပါယ်လေးပါးပါဘုရား) ၊ ဒါဖြင့် သက္ကာယဒိဋ္ဌိကြောင့် ကျတာပဲဗျာ ….. (မှန်ပါ့ဘုရား)။
အပါယ်လေးပါးချည်းနေခဲ့ရတာ ဘယ့်နှယ့်ကြောင့်တုံး ……(သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား) သက္ကာယဒိဋ္ဌိကြောင့် ကျတာပါဆိုသဖြင့် ဦးခင်မောင်တို့ စဉ်းစားပေတော့နော် … (မှန်ပါ့ဘုရား)။
ဘယ်တော့မှ မဖြုတ်ဖူးဘူးဆိုတာ သေချာပြီ … (သေချာပါပြီဘုရား)၊ ဦးဘအုန်း ဘယ့်နှယ့်တုံး … (သေချာပါပြီဘုရား)၊ ဘယ်တော့မှ မဖြုတ်ဘူးဆိုတာ သေချာပါတယ်။ ဘယ်တော့မှ ၀ိပဿနာအလုပ် မလုပ်ဖူးဘူးဆိုတာ သေချာတယ် ….. (သေချာပါတယ်ဘုရား)။
သေချာပါတယ် ဒကာ ဒကာမတို့၊ ဘယ်တော့မှ ၀ိပဿနာအလုပ်မလုပ်ဘူးဆိုတာ သေချာပါတယ် ….. (မှန်ပါ့ဘုရား)။
အဲဒါကြောင့် အပါယ်လေးပါးသည် ကျုပ်တို့ အမြဲနေရာ အိမ်ဂေဟာကြီးပဲလို့ ဓမ္မပဒ အဋ္ဌကထာ ဆရာကဆိုပါတယ် ….. (မှန်ပါ့ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ သက္ကာယဒိဋ္ဌိ မပြုတ်သေးဘဲနဲ့ ဒကာဒကာမတွေသည် အေးအေးနေချိန်ဖြင့်၊ လုံးဝမရှိလို့ ဆုံးဖြတ်ချက်ချပါ ….. (မှန်ပါ့ဘုရား)၊ ဒါကြောင့် သက္ကာယဒိဋ္ဌိမပြုတ်ဘဲနဲ့ အေးအေးနေချိန် ….. (လုံးဝမရှိပါဘုရား)။
သက္ကာယဒိဋ္ဌိအရင်ဖြုတ်ပါ
်
ခင်ဗျားတို့ အရောင်းတွေ၊ အ၀ယ်တွေ၊ သားခင်ဖို့၊ သမီးခင်ဖို့၊ ဆွေခင်မှု၊ မျိုးခင်မှု အသာလျှော့ထားစမ်းပါ …. (မှန်ပါ့ဘုရား) ဒီသက္ကာယဒိဋ္ဌိ အရင်ဖြုတ်လိုက်စမ်းပါ ….. (မှန်ပါ့ဘုရား)၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
သားသမီး ဆွေမျိုး၊ ဥာတကာကိစ္စအလုပ်ကို မလွှဲသာတာတွေ မလွှဲသာဟု ပြောမနေနဲ့၊ မလွှဲသာတာက သက္ကာယဒိဋ္ဌိ ဖြုတ်ဖို့ရာ မလွှဲသာတဲ့အလုပ် ….. (မှန်ပါ့)၊ ရှင်းပလား …… (ရှင်းပါပြီဘုရား)။
ဟိုဟာတွေ လွှဲသာတယ်၊ မုန်းတာပဲရှိတယ်၊ သားဆီ မသွားရင် သားကပဲ မုန်းမယ်၊ သမီးဆီမသွားရင် သမီးက မုန်းတာပဲ ရှိတယ်၊ အပါယ်တော့မရောက်ဘူး …… (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိဖြစ်ပျက်ကို မမြင်လို့ သက္ကာယဒိဋ္ဌိ မပြုတ်ခဲ့သော် ဒကာ ဒကာမတို့ မုန်းတာထက်ဆိုးတယ်နော် ….. (မှန်ပါ့ဘုရား)။
မုန်းတာအရေးမကြီးပါနဲ့ အပါယ်ကျမှာ အရေးကြီးပါတယ်၊ သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များသည် ယထာဟိ မုဂ္ဂမာသပ္ပမာဏာပိ ပါသာကာ သက္ခရာ ဥဒကေ ပက္ခိတ္တာ ဥပ္ပိလ၀ မာနာနာမ နတ္ထိလို့ အင်္ဂုတ္တိုရ် အဋ္ဌကထာက ဆိုသောကြောင့် သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာကွာ၊ ကျောက်ခဲလေး ရေထဲချလိုက်သလို ဘယ်တော့မှ ပေါ်လိမ့်မယ်လို့ ငါဘုရားမဟောဘူးကွ …. (မှန်ပါ့)၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
အဲ့ဒီတော့ သားမုန်းတာ သမီးမုန်းတာ ပစ္စည်းမရတာအရေးမကြီးပါနဲ့၊ ကိုယ်မြုပ်သွားလို့မပေါ်မှာသာစိုးရိမ်ပါ …..(မှန်ပါဘုရား) ရှင်းပြီးလား ……(ရှင်းပါပြီဘုရား)ကိုယ်မြုပ်သွားလို့ ….. (မပေါ်မှာစိုးရိမ်ရပါတယ်ဘုရား)။
အဲ - ခင်ဗျားတို့က အခုမှတွေ့ တဲ့ သားသမီး၊ အခုမှတွေ့ တဲ့ ဆွေမျိုး၊ ခုမှတွေ့ တဲ့ အိမ်နီးနားချင်း၊ ယခုမှရတဲ့ပစ္စည်းလေးကို ခင်ဗျားတို့က အရေးတကြီး ထားပြီး နေကြပါတယ် …. (မှန်ပါ့)။
ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ကတော့မပါဘူး ….. (မှန်ပါ့)၊ သူတစ်ပါးငဲ့ပြီးတော့ ငါတော့
အပါယ်လေးပါးရောက်ပစေတော့၊ ဒီအဓိပ္ပာယ်ရောက်နေတယ် ….. (မှန်ပါ့)၊ မရောက်ဘူးလား ….. (ရောက်ပါတယ်ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့သည် မသိတဲ့အထဲ ဆိုးရွားတာပိုနေတယ် (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီဘုရား)။
မသိတဲ့အထဲမှာ (ဆိုးရွားတာပိုနေပါတယ်ဘုရား)။ ဆိုးရွားတာပိုနေသေးတယ်ဆိုတာ အရွယ်တွေလဲ ကြည့်ကြ စမ်းပါအုံး …… (မှန်ပါ့)။
အရွယ်တွေလဲ ကြည့်ကြစမ်းပါအုံး ….. (မှန်ပါ့)၊ အရွယ်တွေလဲ ကြည့်ကြစမ်းပါအုံး၊ အလွန်ကြီးရင့်ကုန်ပြီ၊ သုသာန် မျက်စောင်းထိုးကုန်ပြီ ဆိုရင်ကော လွဲပါ့မလား ….. (မလွဲပါဘုရား)။
အဲဒီတော့ အရေးကြီးရမှာက ရင်ဝ လှံစူး၊ ဦးခေါင်း မီးလောင် ဒါထက် သက္ကာယ ဒိဋ္ဌိဖြုတ်ဖို့ ပိုအရေးကြီးတာ သံယုတ်ပါဠိတော်က မဟောဘူးလား၊ အဲဒီတော့ ဒါကိုလုပ်ပါ သက္ကာယ ဒိဋ္ဌိဖြုတ်ပါဆိုတော့၊ ဘယ့်နှယ်ဖြုတ်ရမှာတုံး မေးတော့ ဖြစ်ပျက်ရှုမှ ပြုတ်မှာ ….. (မှန်ပါ့)၊ ပေါ်လာတဲ့စိတ်ကလေးကို ….. (ဖြစ်ပျက်ရှုရမှာပါဘုရား)။
ဖြစ်ပျက်ရှုမှ ပြုတ်မှာ ဒကာ ဒကာမတို့၊ ဖြစ်ပျက်မှ မရှုလို့ ရှိရင်တော့ မပြုတ်ပါဘူး ….. (မပြုတ်ပါဘူးဘုရား)၊ မပြုတ်ပါဘူး၊ ခင်ဗျားတို့ ရုပ် နာမ် ခွဲရုံလေးလောက်နဲ့တော့ သညာပြုတ်လို့ခေါ်တယ် ….. (မှန်ပါ့)၊ ရုပ်နာမ်ခွဲရုံလေးဟာ ဘာပါလိမ့် …… (သညာပြုတ်လို့ ခေါ်ပါတယ်ဘုရား)။
ဒါက ပညာပြုတ် ဦးဘတင်ရ ….. (မှန်ပါ့)၊ ဒါက ပညာနဲ့ ကိုဖြုတ်တာ၊ ၀ိပဿနာပညာနဲ့ကိုဖြုတ်တာ …. (မှန်ပါဘုရား)။
ဒါ ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ ဖြုတ်တယ် ….. (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်အရေးကို သိကြပါပြီလား …… (သိကြပါပြီဘုရား)။
ဒီတစ်လောကလုံး ကျုပ်တို့ ဘုရား အဆူဆူနဲ့ လွဲခဲ့တာလဲ အပါယ်ငရဲ နေခဲ့ရလို့ပဲဆိုရင်ကော လွဲပါ့မလား ….. (မလွဲပါဘုရား) အင်း - အပါယ်ငရဲ ဘယ်သူက ရောက်အောင် ပို့ထားပါလိမ့်မလဲ (သက္ကာယဒိဋ္ဌိက ပို့ခဲ့တာပါဘုရား)။
သဘောကျပလား …. (ကျပါပြီဘုရား)၊ ရှင်းပြီးလား …… (ရှင်းပါပြီဘုရား)၊ ဒါသူမပြုတ်သရွေ့  ကာလပတ်လုံး ဘယ်ဘုရားနဲ့ မဆိုလွဲဖို့ရာ သေချာပြီးသားလို့မှတ် …. (မှန်ပါ)၊ ရှင်းပြီးလား ….. (ရှင်းပါပြီဘုရား)။
ဘယ်ဘုရားနဲ့မဆို လွဲဖို့ရာသည် ဘယ်လိုဆုတောင်း ဆုတောင်း တောင်းချင် သလောက်တောင်း သက္ကာယမပြုတ်ရင် လွဲရမယ် ….. (မှန်ပါ့)၊ ရှင်းပြီလား ….. (ရှင်းပါပြီဘုရား)။
ဆုတောင်းလေး သာမညနဲ့ တကယ်ချမယ့် သက္ကာယဒိဋ္ဌိက အပါယ်ပို့ထားမှာနဲ့ဆိုတော့ ဆုတောင်း သာမညနဲ့ တကယ်ပို့မယ့်တရားနဲ့ ဘယ်သူ အတည်ပြုကြမယ် …… (တကယ်ပို့မယ့် သက္ကာယဒိဋ္ဌိကို အတည်ပြုရမှာပါဘုရား)။
တကယ်ပို့မယ့်တရား အတည်ပြုရမယ်လို့ ဦးဇံရင်တို့မှတ်ရလိမ့်မယ် ….. (မှတ်ရပါမယ်ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဆုတောင်းထားတာပဲ ကျုပ်တော့ အင်း - ဘုရားနဲ့တွေ့ ဖို့ရာ ရှေးဦးစွာ ဘုရားဖူးဖို့ရာ ၊ ရှေးဦးစွာ လှူဖို့ရာ အို- မတွေ့ ဘူး စိတ်သာချ၊ ဘာဖြစ်လို့ မတွေ့ တုံးဆိုတော့ မတွေ့ နိုင်တဲ့ တရားက မတွေ့အောင်လို့ ပို့ထားမယ့်တရားက ကျုပ်တို့ ဖြုတ်မှ မဖြုတ်ခဲ့ဘူးပဲကိုးဗျ …… (မှန်ပါ့ဘုရား)။
ဘယ်သူပါလိမ့် ….. (သက္ကာယဒိဋ္ဌိပါဘုရား)၊ အဲ - သက္ကာယဒိဋ္ဌိက အပါယ်လေးပါး ပို့ထားမယ့်တရား …… (မှန်ပါ့ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဘုရားပေါင်းဘယ်နှစ်ဆူပွင့်သွားပြီလဲ
ဒါကြောင့် ဘုရားပေါင်း ဘယ်လောက် ပွင့်သွားပြီလဲ ဦးဘအုန်းတို့ရေ ……. (မရေတွက်နိုင်ပါဘုရား)၊ ဂင်္ဂါမြစ်ထဲမှာ သဲလုံးနှင့်အမျှနော်၊ ဘာကြောင့်မတွေ့ ပါလိမ့်မတုံး၊ ဘယ်သူကများ လုပ်ထားပါလိမ့်မတုံး ….. (သက္ကာယဒိဋ္ဌိက ပို့ထားတာပါဘုရား)။
သက္ကာယဒိဋ္ဌိက ဘယ်ပို့ထားပါလိမ့်မတုံး ….. (အပါယ်ပို့ထားပါတယ်ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ နောက်ဘုရားတွေလဲ ဂင်္ဂါဝါဠု သဲစုမက ပွင့်အုံးမှာပဲ ဦးဘအုန်းရ ….. (မှန်ပါ့ဘုရား)၊ သူမပြုတ်ရင် ပို့ထားဦးမှာပဲ …. (မှန်ပါ့ဘုရား)၊ ရှင်းပြီလား ….. (ရှင်းပါပြီဘုရား)။
သူမပြုတ်ရင် ပို့ထားအုံးမှာဆိုသဖြင့် ဦးသူတော်တို့၊ အထူးအရေးမကြီးဘူးလား ….. (ကြီးပါတယ်ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ အိမ်မီးလောင်ချင်လောင်၊ ခေါင်းမီးလောင်ချင်လောင် ဟုတ်လား အ၀တ်မီးလောင်ချင်လောင်၊ အဲဒါ မငြိမ်းချင်နေ၊ အဲဒါ မငြိမ်းချင်နေ၊ သက္ကာယဒိဋ္ဌိကို အလျင်ဖြုတ်လိုက်ပါ …. (မှန်ပါ့ဘုရား)။
ဒါကြောင့် ဘုရားက အရေးကြီးတာကို ကြီးသလို ဟောတယ် …. (မှန်ပါတယ်ဘုရား) အဲဒါ ဘယ်ပါဠိတော်မှာ လာသတုံးဆိုတော့ အို …. သက္ကာယဒိဋ္ဌိဟာ ကွာတဲ့ ပညာယ ပရိဟာနေန၊ ပဿလောကံ သဒေ၀ကံ။ နိဝံဋ္ဌံ နာမရူပသ္မိ၊ ဣဒံ သစ္စန္တိ မညတိ၊ ဣတိဝုတ်ပါဠိတော်မှာ ပညာကင်းပြီး ၀ိပဿနာကင်းတဲ့အတွက် ကွာတဲ့ - တစ်သံသရာလုံးအပါယ်ချည်း နေရခဲ့ရတယ်၊ ဟေ့ …. (မှန်ပါ့ဘုရား)။
ငါ - ငါ ဒိဋ္ဌိမပြုတ်ခဲ့တဲ့အတွက် အပါယ်လေးပါးချည်းနေခဲ့ ရတယ်ဟေ့ - ဘုရားက ဘုရားဖြစ်လာတော့ ဟောရှာတယ် ….. (မှန်ပါ့ဘုရား)။
ကိုင်း - ဒကာ ဒကာမတို့ ၊ ဒီတစ်ခါ ဖြုတ်ရမယ့် ၀ိပဿနာရှုရင်ရှု၊ ရှုရင်ဖြုတ်တာပဲ ….. (မှန်ပါ့ဘုရား) ဒီတစ်ခါမှ မလုပ်တော့ဘူးဆိုရင်ဖြင့် ခင်ဗျားတို့ ဒီထက် ကိုယ်ကျိုးနည်းတာရှာမတွေ့ တော့ဘူး …. (မှန်ပါ့ဘုရား)၊ သဘောကျပြီလား ….. (ကျပါပြီဘုရား)။
သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ ဘေးချိတ်ပါ …… (မှန်ပါ့ဘုရား)၊ ကိုယ့်အရေး အရေးတကြီးလုပ်၊ လုပ်လိုက်ပါဆိုတာ တိုက်တွန်းလိုက်ပါတယ် ….. (မှန်ပါ့ဘုရား)။
စားဖို့ သောက်ဖို့ နေဖို့ထိုင်ဖို့ အလုံးစုံ အကုန်မပြည့်စုံတာ အရေးမကြီးပါနဲ့ ဦးဘအုန်းရ …. (မှန်ပါဘုရား)၊ အပါယ်မျိုးစေ့ဝမ်းထဲရှိ နေတာကို မရှိအောင်လုပ်ဖို့ရာ အရေးမကြီးဘူးလား ….. (ကြီးပါတယ်ဘုရား)။
အပါယ်မျိုးစေ့ ၀မ်းထဲရှိနေတာသည် ဘယ်သူပါလိမ့် …… (သက္ကာယဒိဋ္ဌိပါဘုရား)၊ အဲ- သက္ကာယဒိဋ္ဌိဆိုတော့ သူတစ်ခုရှိရင် ဦးဘတင်ရေ - ဒွါသဋ္ဌိ ဒိဋ္ဌိဃော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ - ပမုခေနေ၀ ဥပ္ပဇ္ဇန္တိ- ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတွေက၊ သူရှိလို့ ဒိဋ္ဌိတွေ အကုန်ဖြစ်နေတာ၊ ကဲ - ဘယ်လောက်ကြောက်စရာကောင်းတုံး ….. (ကြောက်စရာ ကောင်းပါတယ်ဘုရား)။
ဦးခင်မောင်ရေ - ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိ အယူမှားတွေက သက္ကာယဒိဋ္ဌိက ပွားလာတာ …. (မှန်ပါတယ်ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံး ကျုပ်တို့သည်ကား ဆိုလို့ရှိရင် ဒီဒိဋ္ဌိပို့ချက်ကြောင့် ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေနဲ့ လွဲရ, တရားတွေနဲ့လွဲရ ဟုတ်လား၊ ဘာနဲ့ချည်းအမြဲနေရတုံးဆိုတော့ ဒုက္ခပြီး ဒုက္ခသာ ဆက်နေခဲ့ရတယ်လို့ ဆိုလို့ရှိရင် အမှန်ပဲ ဆုံးဖြတ်ချက်ချရမယ် ….. (မှန်ပါ့ဘုရား)။ ကဲ - ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
ကဲ - ဒါဖြင့် ဒီဘ၀မှာ ဘုန်းကြီး၊ ပြောတဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ် အစပေါ်တဲ့ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်ပြီးပျက်တဲ့သဘော ခန္ဓာပဋိစ္စသမုပ္ပါဒ်လို့လဲ သိရမယ် ….. (မှန်ပါ့ဘုရား) ခန္ဓာပဋိစ္စသမုပ္ပါဒ်လို့ သိရမယ်ဆိုတဲ့စကားက တခြားကြောင့်ပြောရတာလို့ အောက်မေ့မနေနဲ့။
ပုဂ္ဂိုလ်သတ္တ၀ါ ပေါ်လာမှာစိုးလို့ …… (မှန်ပါ့ဘုရား)။ ဦးဘအုန်းဘယ်အကျိုးငှာတုံး ….. (ပုဂ္ဂိုလ်သတ္တ၀ါပေါ်လာမှာ စိုးလို့ပါဘုရား)။
အခု ပေါ်လာတဲ့ ဥပမာမယ်၊ သောတဉ္စပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတ၀ိညာဏံ - ကြားစိတ်ကလေး၊ ကြားစိတ်ကလေးက ပဋိစ္စသမုပ္ပါဒ်အစဟေ့၊ အဲဒီ ပဋိစ္စသမုပ္ပါဒ်အစကို ဒကာ ဒကာမတွေက သိပါမှ သြော်-ဒါပဋိစ္စသမုပ္ပါဒ်တရားလေးပါးလား … (မှန်ပါ့ဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
ဒီထဲက ငါလား, သူလားဆိုတာလေးက ပျောက်နေတယ်၊ အစတည်းကလဲ ဉာဏ်နဲ့ ပျောက်ပြီးသကာလာ သွားတော့ ငါလားသူလားလို့လဲ နဂိုကလဲ မထင်တဲ့အထဲမှာမှ သူကနေပြီးသကာလ ပျက်ပျက်ပြီး ပြလိုက်ပြန်တော့ မပြုတ်ဘဲ ခံနိုင်ပါ့မလား … (မှန်ပါ့)။
သဘောကျပါ့လား … (ကျပါပြီဘုရား)၊ နဂိုကလည်း ဓမ္မပေါ်တယ်၊ နောက်ကျတော့ ဓမ္မပဲ အနိစ္စ ရောက်တယ်ဆိုတော့၊ ဓမ္မပေါ်၍ ဓမ္မ အနိစ္စ ရောက်တယ်ဆိုတော့ ဘယ်မတုံးဗျ- ငါ-ငါ့ဥစ္စာ လာသေးလား … (မလာ-ပါဘုရား)။
သဘောကျရဲ့လား၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ၀ိပဿနာရှုမှု အလုပ်မှတစ်ပါး သာသနာတွင်း အလုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရေးတကြီး ထားရမယ့်အလုပ် သူပဲ … (မှန်ပါ)။
ဝိပဿနာ ရှုတာသက္ကာယဒိဋ္ဌိဖြုတ်တာ
ကိုင်း-ဒါဖြင့် သက္ကာယဒိဋ္ဌိဖြုတ်ပြီးသကာလ သွားတဲ့အခါကျလို့ရှိရင် သြော်-၃-နံပါတ် ၀ိပဿနာ သမ္မာဒိဋ္ဌိဟာ ဒို့ ၀ိပဿနာ ရှုရမယ်၊ ရှုရမယ်ဆိုတာ ဦးဇံရင်ရေ၊ သက္ကာယဒိဋ္ဌိဖြုတ်နေတာ … (မှန်ပါ့)၊ ရှင်းပလား… (ရှင်းပါပြီဘုရား)။
ဘာလုပ်နေတာ… (သက္ကာယဒိဋ္ဌိ ဖြုတ်နေတာပါဘုရား)၊ သက္ကာယဒိဋ္ဌိ ဖြုတ်နေတယ်ဆိုတာ ဒကာသစ်၊ ကိုမြရွှေတို့ ကျေနပ်ပလား၊ ကောင်းပြီ ဒါဖြင့်၊ ဒီအလုပ်ဟာ မလုပ်မဖြစ်တဲ့ အလုပ်ပဲ ထားဖြစ်အောင်ထားကြပါ… (မှန်ပါ့)၊ ဘယ်လိုဆုံးမပါလိမ့် … (မလုပ်မဖြစ်တဲ့အလုပ်ပဲ ထားရပါမယ်ဘုရား)။
ထမင်းနှစ်ထပ် စားမယ်ဆိုရင် တစ်ထပ်သာစားပါ၊ ကိစ္စမရှိပါဘူး၊ အိမ်တွေ ဘာတွေမိုးမလုံလို့ ကိစ္စမရှိပါဘူး၊ စိုရုံမှ တစ်ပါး အပိုမရှိဘူး၊ ဒီ-သူ့ မဖြုတ်လိုက်လို့ရှိရင်ဖြင့် (အပါယ်ရောက်ပါတယ်ဘုရား)။
အပါယ်ရောက်တယ်ဆိုတော့ ခင်ဗျားတို့က ဒါ သေးသေးကွေးကွေး မှတ်မနေနဲ့၊ အကုသိုလ်ဟူသရွေ့ ရေသောက်မြစ်ပါ… (မှန်ပါ့)။
ကိုင်း-ဒါဖြင့် ခင်ဗျားတို့ နည်းနည်းလေး ရှင်းအောင် ပြောပေးပါမယ် ဒကာ ဒကာမတွေ၊ ဘာလေးရှာရှာ ဘယ်သူ့ဖို့ရှာတာတုံး၊ ငါ့ဖို့ပေါ့၊ သူက လာတာချည်းပဲ၊ ဘယ်နှယ့်တုံး၊ ငါဖို့၊ ငါကပိုတော့ ဘာတုံး၊ ငါ့သမီး၊ ငါ့သားစားဖို့ဆိုတော့ တဏှာဘက်လှည့်၊ ငါ့ဖို့ဆိုတော့ ဒိဋ္ဌိဘက်လှည့်။
ငါ့သား ငါ့သမီး စားဖို့ဆိုတော့… (တဏှာဘက် လှည့်ပါတယ်ဘုရား)၊ ဒါဖြင့် ဘယ်သူ့မူတည်တာတုံး ….(ဒိဋ္ဌိမူတည်ပါတယ်ဘုရား)။
ဒိဋ္ဌိဟာ မူတည်လာတာထောက်လိုက်သဖြင့်၊ သြော်- ဒို့အမောဆိုက်နေတာ သူ့သတ္တိပါလား၊ တစ်နေ့မှ မနားရဘူး၊ ဒကာ ဒကာမတို့၊ အရောင်းနဲ့အ၀ယ်နဲ့နေလိုက်ကြတာ အမောကိုဆိုက်နေတယ် …. (မှန်ပါ့)။
အိုခြင်းဆိုးတွေလဲ တိုးလာပြီ …(မှန်ပါ)၊ အင်း-ဒူုလာပါဒရက်တွေလဲစွဲကုန်ကြပြီ ….(မှန်ပါ့)၊ ဘယ်နှယ်ကြောင့် ဒါတွေအစွဲခံပြီး သကာလ ဒီအထဲချည်းဘဲ တစ်နေ့လဲ ဒီအထဲ၊ မနက်ဖြန်လဲ ဒီအထဲဘာဖြစ်နေတာတုံး ဆိုလို့ရှိရင်ဖြင့် ငါရှိနေလို့ ငါ့ဥစ္စာဖြစ်ဖို့ လုပ်နေတာ … (မှန်ပါ့)။
ဘယ့်နှယ်ဖြေကြမတုံး… (ငါရှိနေလို့ ငါ့ဥစ္စာဖြစ်အောင် လုပ်နေတာပါဘုရား)၊ ငါရှိနေလို့ ငါ့ဥစ္စာဖြစ်ဖို့ လုပ်နေရတော့ ငါဆိုတဲ့ ဒိဋ္ဌိမပြုတ်ရင် ငါ့ဥစ္စာဖြစ်ဖို့ဆိုတဲ့ ရှာမှုဟာ လျှော့တော့မှာ မဟုတ်ပါဘူး … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သြော်-ဒီအထဲမှာ ဈေးချိုအမျိုးမျိုးထဲမှာ ထိုင်ပြီးသကာလ နေကြ၊ ရောင်းကြ၊ ၀ယ်ကြတာတွေ သွားပြီးကြည့်တော့ ပုတီးစိပ်နေလဲ အလကားပဲ … (မှန်ပါ့ဘုရား)၊ သဘောကျပြီလား… (ကျပါပြီဘုရား)ု။
တဏှာနဲ့ စိပ်နေတဲ့ပုတီး
ပုတီးစိပ်နေတာလဲ ဘာတုံးဆိုလို့ရှိရင် သူဈေးခေါ်နေတာ၊ သူ့ဥစ္စာ ဘာမှမဟုတ်ဘူး၊ ရိပ်မိပလား… ( ရိပ်မိပါတယ်ဘုရား)၊ အဲဒါတွေကလဲ ကုသိုလ်ဖြစ်တယ်လို့ ထင်နေတာ၊ တဏှာနဲ့ စိပ်နေတဲ့ ပုတီးပတ်တွေ ဦးဘတင်ရေ။
ဒကာ ဒကာမတို့ ဘယ်အကျိုးငှာလုပ်နေတာ၊ ငါဖို့ဖြစ်အောင် လုပ်နေတာပဲ၊ ရှင်းပြီလား …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အလုံးစုံ အကုန်သည်ကားဆိုလို့ရှိရင် ဘုရား၊ တရား၊ သံဃာ ကိုးကွယ်တာတောင်မှ အင်း-ဘုရားကိုးကွယ်၊ တရားကိုးကွယ်၊ သံဃာကိုးကွယ်လိုက်တာ ကိုယ့်မှာအကြောင်း ညီညွတ်နေလို့ သက္ကာယဒိဋ္ဌိဝင်ပူးပစ်လိုက်တာ…. (မှန်ပါ့ဘုရား)၊ ဘုရား ကိုးကွယ်တဲ့အထဲမှာတောင် မြှောင်လိုက်နေသေးတယ်… (မှန်ပါ့ဘုရား)။
တရားကိုးကွယ်တဲ့ အထဲကကော…. (မြှောင်လိုက်နေပါတယ်ဘုရား)၊ သံဃာ ကိုးကွယ်တဲ့ အထဲကကော … (မြှောင်လိုက်နေပါတယ်ဘုရား)။ အင်း-ငါဒါတွေကိုးကွယ်မိလို့ စီးပွားလေးဖြောင့်၊ အမလေး ဒုက္ခ… (မှန်ပါ့ဘုရား)။
ဘယ်သူမြှောင့်လိုက်တာတုံး… (သက္ကာယဒိဋ္ဌိမြှောင့်လိုက်တာပါဘုရား)၊ သက္ကာယဒိဋ္ဌိ မြှောင်လိုက်နေတာ ဒကာ ဒကာမ်တို့ ရိပ်မိကြပလား….(ရိပ်မိပါပြီဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ သူမပြုတ်သရွေ့သကာလပတ်လုံး တစ်ခါတည်းဉာ ဏ်သက်သက် ဉာဏ်စစ်စစ်ဖြစ်ဖို့ ဦးခင်မောင်ဘယ့်နှယ်လုပ်မတုံး …. လွယ်ပါ့မလား …(မလွယ်ပါဘုရား)။ ရောနေမှာပဲ … (မှန်လှပါဘုရား)၊ မရောပေဘူးလား … (ရောနေပါတယ်ဘုရား)၊ ရောနေကတည်းက ဒီဥစ္စာ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ -ဆိုတဲ့ဥစ္စာထဲ ဦးဘတင် သွင်းလိုက်တော့ … (မှန်ပါ့ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ… (အ၀ိဇ္ဇာပစ္စယာသင်္ခါရာထဲ သွင်းရမှာပါဘုရား)၊ ကုသိုလ် သင်္ခါရတဲ့၊ ကုသိုလ် သင်္ခါရလဲ အ၀ိဇ္ဇာပစ္စယာ… (သင်္ခါရပါဘုရား)၊ ကုသိုလ်သင်္ခါရဆိုကတည်းက သင်္ခါရ ပစ္စယာ ၀ိညာဏံဆိုတော့ ဇာတိ ချောက်ကျမယ်… (မှန်ပါ့ဘုရား)၊ မကျပါနဲ့ဆိုလို့ …. (မရပါဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ သူမပြုတ်ရင် အရုပ်ဆိုးချည်းပဲ လုပ်နေလိမ့်မယ် … (မှန်ပါ့)၊ သူမပြုတ်ရင် … (အရုပ်ဆိုးချည်း လုပ်နေမှာပါဘုရား)၊ ဦးဘအုန်း ယုံရဲ့လား… (ယုံပါတယ်ဘုရား)၊ သူမပြုတ် လို့ရှိရင် အရုပ်ဆိုးချည်း လုပ်မယ်ဆိုတဲ့ဥစ္စာတော့ ငါနဲ့ ငါ့ကုဋီလေး ဆောက်ဖို့ရာတောင် ငါနဲ့ မတည့်ဘူး ဘုမ္မိ
အရပ်ကျနေတယ်၊ ငါပါနေတယ်။
ကုဋီဆောက်တာတောင် သူဘုမ္မိရွေးနေတယ်ဆိုတည်းကိုကဒါဘာကြောင့်တုံး၊ ငါ့အသက်အန္တရာယ် ဖြစ်လိမ့်မယ် ဘယ်သူကပြောတာတုံး… (သက္ကာယဒိဋ္ဌိက ပြောတာပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ ကုဋီ ဆောက်ပြီးသကာလ သူတစ်ပါးလှူချင်တာတောင်မှ သက္ကာယဒိဋ္ဌိပါမပါ… ပါ-ပါတယ်ဘုရား)။
ရေအိုးစင်လေးတည်ချင်တော့… (ပါသေးတာပဲဘုရား)၊ ပါသေးတာပဲ တံခွန်းတိုင်လေးထူချင်တော့.. (ပါသေးတာပဲဘုရား) ဟ ဘယ်ထောင့်တော့ မထူကောင်းဘူး… (မှန်ပါ)၊ ဒါဟာဘာတုံး… (သက္ကာယဒိဋ္ဌိပါဘုရား)။
ငါ့အန္တရာယ်ဖြစ်မှာစိုးရတယ်၊ ဒါဘယ်က လာတာပါလိမ့် (သက္ကာယဒိဋ္ဌိက လာတာပါဘုရား)၊ ဒါဖြင့် ကုသိုလ်ဟူသည်မှာ သူမပြုတ်သရွေ့ ကာလပတ်လုံး အရောချည်းပဲ၊ သဘောကျပြီလား (ကျပါပြီဘုရား)။
အရောချည်းဆိုလို့ရှိရင် ဒကာ ဒကာမတို့ အဖြူထဲ အမည်းကွက်ပါတာတော့ ဘယ်တော့မှ ကြည့်မကောင်းဘူး …. (မှန်ပါ့) ဦးခင်မောင် ဘယ်နှယ့်ဆိုမတုံး… (ကြည့်မကောင်းပါဘူးဘုရား)၊ ဘယ်နည်းနဲ့ ကြည့်ကြည့်ဗျာ၊ ကြည့်လို့ကောင်းပါ့မလား (မကောင်းပါဘုရား)။
အဲဒီတော့ ခင်ဗျားတို့သည်ကားဆိုလို့ရှိရင် အကျိုးပေးကြလာတဲ့အခါ ကုသိုလ်လေးများဖြောင့်ဖြောင့် အကျိုးပေးချင်လိုက်တာ တယ် - တို့မီး ရှို့ မီးတွေများပါလား ….. (မှန်ပါ့ဘုရား)။
လုပ်တုန်းက သက္ကာယဒိဋ္ဌိနဲ့ ရောပြီးလုပ်၊ ပြီးတော့ တို့ မီး ရှို့ မီးပါတာပြောပြန်တယ် မခက်ဘူးလား ဦးဘအုန်း (ခက်ပါတယ်ဘုရား)၊ သဘောကျပြီလား …… (ကျပါတယ်ဘုရား)။
ဒကာဒကာမတို့ နေရာတိုင်းမှာ သူပါနေလို့ရှိရင် ဘယ်နည်းနှင့်မျှ နိဗ္ဗာန်မရောက်နိုင်ဘူး …. (မှန်ပ့ါဘုရား)၊ ရောက်ပါ့မလား ….. (မရောက်ပါဘုရား)။
မရောက်တော့ဘူးဆိုသဖြင့် ဒကာ ဒကာမတို့ ဘယ်သူ့ကြောင့် မရောက်တာတုန်း၊ ဒါနကြောင့် မရောက်တာလား၊ ဒါနက ရောက်အောင် ပို့နိုင်တယ် သူဆွဲထားလို့ မရောက်တာ …. (မှန်ပါ)၊
သီလလဲ ရောက်အောင်ပို့နိုင်တယ် ….. (သူဆွဲထားလို့မရောက်တာပါဘုရား)၊ သက္ကာယဒိဋ္ဌိက ဆွဲထားလို့သာ ငါအသက်ရှည်အောင် ငါစောင့်မယ်ဆိုတော့ မင့်အသက်ရှည်သာ ရှည်တော့နိဗ္ဗာန်မသွားနဲ့တော့ ….. (မှန်ပါ့ဘုရား)။
သွားပြီပေါ့၊ အသက်ရှည်အောင်လို့ ဥပုသ်စောင့် အသက်သာရှည်ပေးမှာပဲ ….. (မှန်ပါ့ဘုရား) နိဗ္ဗာန်တော့ ….. (မရောက်ပါဘုရား)။
ဘယ်သူက ပြောတာတုံး၊ အသက်ရှည်ချင်တာက ငါရှည်ချင်တာကိုးဗျာ့ ….. (မှန်ပါ့)၊ ရိပ်မိပြီလား၊ ဒါဖြင့် ခင်ဗျားတို့ ဥစ္စာကုသိုလ် အရောလေးများပါကြရဲ့ လား ……. (ပါ - ပါတယ်ဘုရား)။
အရောလေးပါတယ်ဆိုထဲကိုက အဆွဲဓာတ်က တက်မယ်ကြံရင်း ဆွဲချရင်း တက်မယ်ကြံရင်း …. (ဆွဲချရင်းပါဘုရား)၊ ဒါကြောင့် ဒါန နိဗ္ဗာန်မရောက်ဘူးလို့ ဘုန်းကြီးတို့ မဟောပါဘူး၊ သီလမရောက်ဘူးလို့ မဟောပါဘူး၊ သက္ကာယဒိဋ္ဌိပါရင် မရောက်ဘူး ….. (မရောက်ပါဘုရား) နောက်သက္ကာယဒိဋ္ဌိ ပြုတ်ရင် ….. (ရောက်ပါတယ်ဘုရား)။
သက္ကာယပြုတ်တော့ ညာဏ် ဦးစီးပြီးကောဗျာ ….. (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိပြုတ်တော့ သမ္မာဒိဋ္ဌိဝင်လာမှာပါ …. (မှန်ပါ့)၊ ကိုင်း - ဒါဖြင့် ဒကာ ဒကာမတို့ အရေးတကြီးလုပ်ရမှာ ဘယ်အလုပ်ပါလိမ့်၊ (၀ိပဿနာသမ္မာဒိဋ္ဌိ အလုပ်ပါဘုရား) ၀ိပဿနာအလုပ်ဆိုတော့ ဦးဘအုန်းက လွယ်လိုက်တာ ၀ိပဿနာ အလုပ်ဟာ ဘာလုပ်တာတုံး ….. (သက္ကာယဒိဋ္ဌိပြုတ်တာပါဘုရား)။
သက္ကာယဒိဋ္ဌိဖြုတ်တာ ….. (မှန်ပါ့)၊ ရှင်းပြီလား …. (ရှင်းပါပြီဘုရား)၊ အဲဒါကြောင့် ဒီကမှ မစလို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ကြောင်းအစ ၀ိပဿနာကမှ မစတော့ဘူး ဆိုလို့ရှိရင် ဦးခင်မောင်သွားပြီ ….. (မှန်ပါ့ဘုရား)း။
ဒါကြောင့် ကိုယ်တော်တိုင် ဟောတဲ့ ပါဠိတော်လေး ဦးခင်မောင်တို့ မှတ်စမ်း၊ ကတမော စ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ၊ ကတမော စ အဘယ်တရားသည် အသင်္ခတ ဂါမိ မဂ္ဂေါ - နိဗ္ဗာန်သို့ ရောက်တဲ့ လမ်းကောင်းတရား အစစ်အမှန်ဖြစ်ပါသတုံး။
ဘုရားကဘုရားမေးတာ၊ မြန်မာလို ပြန်ကြပါစို့ အဘယ်တရားသည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းဖြစ်ပါလိမ့်မတုံး၊ ၀ိပဿနာလို့ကို ဖြေချလိုက်တယ် ၊ သံယုတ်ပါဠိတော် ကလာတာ ….. (မှန်ပါ့ဘုရား)။
ဒီထက်ခိုင်လုံတာတော့ မရှိတော့ဘူး ….. (မှန်ပါ့ဘုရား)၊ ဒါ ဘာတုံး ….. (ဘုရားကိုယ်တော်တိုင် ဟောတာပါဘုရား)၊ အေး …. သံယုတ်ပါဠိတော်ဆိုတာ ဘုရားကိုယ်တိုင် ဟောတာ ….. (မှန်ပါ့)။
နိဗ္ဗာန်ရောက်ကြောင်းအစစ်
ကတမော စ ဘိက္ခဝေ အသင်္ခတဂါမိမဂ္ဂေါ၊ ၀ိပဿနာလို့ဘုရားက အဖြေထွက်ပေးလိုက်တယ် . ကဲ - နိဗ္ဗာန်ရောက်ကြောင်း အစစ် ဘယ်သူတဲ့တုံး၊ ကဲ - ဘယ့်နှယ်ကြောင့် ရောက်သတုံးဆိုတော့ သက္ကာယဒိဋ္ဌိ ပြုတ်လို့ရောက်တာ ….. (မှန်ပါ့ဘုရား)။ ပေါ်ပြီလား ….. (ပေါ်ပါပြီဘုရား) သက္ကာယ မပြုတ်ရင် ….. (မရောက်ပါဘုရား) ရှင်းပြီလား …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက နားလည်ပါပြီတဲ့၊ ခန္ဓာထဲမှာ တွေ့ဖို့လေးပဲ အရေးကြီးပါတယ် ….. (မှန်ပါ့ဘုရား)။ ခန္ဓာထဲမှာ ….. (တွေ့ ဖို့အရေးကြီးပါတယ်ဘုရား)။
တွေ့ ဖို့အရေးကြီးတယ် ဦးခင်မောင်ရေ ဘာအရေးကြီးပါလိမ့် …. (ခန္ဓာထဲတွေ့ ဖို့ အရေးကြီးပါတယ် ဘုရား) မလုပ်မဖြစ်တဲ့ အလုပ်လဲသိပါပြီဘုရား (မှန်ပါတယ်ဘုရား) ခန္ဓာထဲမှာ တွေ့ ဖို့ အလုပ်ကလေးက ခုပဲ အရေးကြီးတယ်ဆိုတော့ ခင်ဗျားတို့ ဘယ်မှရှာမနေနဲ့၊ မျက်လုံးဖွင့်လိုက် မြင်စိတ်ပေါ်လာလိမ့်မယ်၊ ဟာ ဒါလေးဖြစ်ပျက်ရှုလိုက်၊ တွေ့ တာပဲ (မှန်ပါ့ဘုရား)။
နားလေးထောင်ကြည့်လိုက် - ကြားတဲ့စိတ်ကလေး မပေါ်ဘူးလား ….. (ပေါ်ပါတယ်ဘုရား) ဒါလေးဖြစ်ပြီး ပျက်တာပဲလို့ သိလိုက် …. (မှန်ပါ့ဘုရား)၊ သက္ကာယဒိဋ္ဌိ ဖြုတ်နေတာ သဘောကျပလား၊ နှာခေါင်းလေးရှုလိုက်တော့ မွှေးတယ်၊ မွှေးတဲ့စိတ်ကပေါ်လာ (မှန်ပါဘုရား) ပေါ်တာလေးရှုလိုက်တာပေါ့ဗျာ၊ ဘယ်နှယ့်ရှုမတုံး ဖြစ်ပြီးပျက်တဲ့တရားကလေးပဲ ရှုချလိုက်၊ သက္ကာယဒိဋ္ဌိပြုတ်မပြုတ် …. (ပြုတ်ပါတယ်ဘုရား)။
အင်း …. ခန္ဓာကိုယ်မှာ ယားတယ်၊ ယားတဲ့နေရာလေး ယားတာဖြစ်ပျက်ရှု ….. (ဖြစ်လိုက်ပျက်လိုက်ပါဘုရား)၊ လေတိုက်လို့ကောင်းတယ် ….. (ကောင်းတဲ့စိတ်ကလေး ဖြစ်ပျက်ရှုရမှာ ပါဘုရား)။
ဖြစ်ပျက်ရှုတော့ဘာဖြစ်သွားသတုံး
အင်း .. ဖြစ်ပျက်ရှုလိုက်တော့ ဘာဖြစ်သွားတုံး ….. (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ ပြုတ်သွားတယ် ….. (မှန်ပါတယ်ဘုရား)၊ ဖြစ်တာမြင်သဖြင့်လဲ ဒကာဒကာမတို့ ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်တယ် …… (မှန်ပါ့ဘုရား)။
ပျက်တာမြင်သဖြင့် သဿတဒိဋ္ဌိနှင့် - သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ….. (မှန်လှပါဘုရား)၊ ပြုတ်တယ်ဆိုတော့ ဦးခင်မောင် ဘာစောဒကတက်စရာလိုသေးတုံး ….. (မလိုပါဘုရား)။
ဒါဖြင့် ဘုရားက နိဗ္ဗာန်ရောက်ကြောင်း ဘယ်သူတုံးလို့ မေးတော့ ၀ိပဿနာကွဆိုတာများ လွဲသေးလား …. (မလွဲပါဘုရား) အဲဒါသူက ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ရောက်ကြောင်းဟာ ၀ိပဿနာဉာဏ်လို့ ဆိုရပါလိမ့်မတုံးလို့ ဦးဘအုန်း မေးလို့ရှိရင် ဖြေတတ်ပလား (ဖြေတတ်ပါပြီဘုရား)။
အို - သက္ကာယဒိဋ္ဌိပြုတ်လို့ သူကဖြုတ်တာ… (မှန်ပါ့ဘုရား) သုဖြုတ်ရင်တော့ဒိဋ္ဌိကြောင့်ခင်ဗျားတို့
(မှန်ပါ့ဘုရား) သံသရာမှာ ဘုရားအဆူဆူနဲ့ လွဲတာ …… (ဒိဋ္ဌိရောက်နေလို့ပါဘုရား)။
ဒိဋ္ဌိမပြုတ်သည်နှင့် တစ်ပြိုင်နက်တည်း နိဗ္ဗာန်နဲ့လွဲ ဒိဋ္ဌိပြုတ်ရင် သမ္မာဒိဋ္ဌိရောက် မိစ္ဆာဒိဋ္ဌိပျောက်၊ သမ္မာဒိဋ္ဌိက ရောက်၊ ဘာမှခင်ဗျားတို့က သမ္မာဒိဋ္ဌိလာရပါလို၏ ဆုတောင်းလို့မရဘူး …. (မှန်လှပါဘုရား)။
မိစ္ဆာဒိဋ္ဌိပြုတ်ရင် ….. (သမ္မာဒိဋ္ဌိရောက်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိရောက်တယ်လို့ မှတ်ကြစို့လေ ဒကာ ဒကာမတို့၊ အဖြစ်နှင့် အပျက်သာ ရှိတယ်၊ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘူးဆိုတာ ဘာတုံး ….. (သမ္မာဒိဋ္ဌိရောက်နေပါတယ် ဘုရား)။
အဲဒီ သမ္မာဒိဋ္ဌိကို ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ တစ်နေ့မှာ နိဗ္ဗာန်ရောက်ရပါလို၏လို့ ဆုတောင်းရမှာလား ၀ိပဿနာအစစ်မဖြစ်သေးဘူးလာ …. (ဖြစ်နေပါတယ် ဘုရား)။
အစစ်ဖြစ်နေထဲက ကတမော စ ဘိက္ခဝေ အသင်္ခတဂါမိ မဂ္ဂေါ၊ ကတမော စ အဘယ်တရားသည် အသင်္ခတဂါမိမဂ္ဂေါ နိဗ္ဗာန်သို့ သွားတဲ့မဂ်လို့ ဆိုနိုင်ပါသတုံး၊ ၀ိပဿနာ ဒီအတိုင်း ဖြေချလိုက်တယ် …. (မှန်ပါ့ဘုရား)။
ဆိုတော့ ဦးဇံရင်တို့ အထူးရှာစရာလိုသေးလား …. (မလိုပါ ဘုရား) ကိုင်း - ဒါဖြင့် ဒကာ ဒကာမတို့ ၃- နံပါတ်ဟာဖြင့် သိပ်အရေးကြီးတယ် …. (မှန်လှပါဘုရား)။
ဘယ်အခြေအနေရောက်အောင် လုပ်ရမှာတုံး
မကြီးဘူးလား …. (ကြီးပါတယ် ဘုရား)၊ ကြီးတယ်တဲ့၊ ဒါဖြင့် ၃- နံပါတ်ကို ခင်ဗျားတို့က ၃- နံပါတ်ဟာ တပည့်တော်တို့က ဘယ်အခြေအနေရောက်အောင် လုပ်ရမှာတုံးလို့ မေးလို့ရှိရင် အင်း . ဖြစ်ပျက်မြင်အောင် ဆက်ဆက်ရှုပေါ့ …. (မှန်လှပါ့ဘုရား)၊ အဖြစ်အပျက်တွေကိုလဲ တစ်ခါတည်း မြင်သထက်မြင်ပြီး သကာလ မုန်းသထက်မုန်းအောင်လဲ ရှုပေးပေါ့ဗျာ …. (မှန်လှပါဘုရား)။
ဒါ ၀ိပဿနာဥာဏ်အဆုံးပါပဲ ….. (မှန်ပါ့) ဖြစ်ပျက်မြင်တာရယ် ဖြစ်ပျက်မုန်းတာရယ် ဒါ ၀ိပဿနာဥာဏ်အဆုံးလို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့) သဘောကျပြီလား ….. (ကျပါပြီဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့ ၄- နံပါတ်က ဟောလိမ့်မယ်၊ ၄- နံပါတ်က (မဂ္ဂသမ္မာဒိဋ္ဌိပါဘုရား) ကောင်းပြီတဲ့၊ မဂ္ဂသမ္မာဒိဋ္ဌိကို ပြောမယ်၊ မဂ္ဂသမ္မာဒိဋ္ဌိဆိုတဲ့ ဥစ္စာ ဒကာဒကာမတို့ ဒီအထဲမှာ မဂ္ဂင်ရှစ်ပါးကို ဆိုတယ် (မှန်ပါ့) မဂ္ဂင်ရှစ်ပါးထဲက ခေါင်းဆောင်ဖြစ်တဲ့ သမ္မာဒိဋ္ဌိကို ဆိုတာမှတ်ပေါ့ဗျာ …. (မှန်ပါ့ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိ၏ တန်ခိုးသတ္တိ
မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိကို ဆိုတာပေါ့ဗျာ၊ ကောင်းပြီ မဂ္ဂသမ္မာဒိဋ္ဌိက ခုနက ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ ဘာထူးသတုံး ….. အို ၀ိပဿနာ သမ္မာဒိဋ္ဌိက ဖြစ်ပျက်မြင်တာ မြင်ခြင်းကြောင့် သက္ကာယဒိဋ္ဌိသာ ဖြုတ်နိုင်တယ် …. (မှန်ပါ့ဘုရား)။
ဝိပဿနာ သမ္မာဒိဋ္ဌိက ဒီမှာလမ်းဆုံးတယ် …. (မှန်ပါ့ဘုရား)၊ ၀ိပဿနာသမ္မာဒိဋ္ဌိတန်ခိုးက (သက္ကာယဒိဋ္ဌိပြုတ်တဲ့ နေရာလမ်းဆုံးပါတယ်ဘုရား)။
ဖြစ်ပျက် မြင်တယ်၊ မြင်ခြင်းကြောင့် သက္ကာယဒိဋ္ဌိပြုတ်တယ် …. (မှန်ပါ့)၊ ဒီမှာ သူ့စွမ်းရည်သတ္တိကုန်တယ်၊ သေသေချာချာမှတ်ပါ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိ စွမ်းရည်သတ္တိက ဘယ်လိုများပါလိမ့် ….. (သက္ကယဒိဋ္ဌိပြုတ် လမ်းဆုံးခြင်း သတ္တိရှိပါတယ်ဘုရား) ဖြစ်ပျက်ကိုမြင်တယ်နော်၊ မြင်ခြင်းကြောင့် ဘာပြုတ်တုံး … (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ်ဘုရား)။
ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိပြုတ်တဲ့ အလုပ်ဟာ ၀ိပဿနာသမ္မာဒိဋ္ဌိအလုပ် …. (မှန်ပါ့ဘုရား)၊ ရှင်းပလား …. (ရှင်းပါတယ်ဘုရား) ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိပြုတ်တဲ့အလုပ်ဟာ ….. (၀ိပဿနာ အလုပ်ပါဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိအလုပ်၊ သာမည သမ္မာဒိဋ္ဌိလို့ မဆိုနဲ့ …. (မှန်ပါ့ဘုရား)၊ သမ္မာဒိဋ္ဌိတွေက နည်းတာတွေ မဟုတ်ဘူး …. (မှန်ပါ့ဘုရား)။
ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိပြုတ်တဲ့အလုပ်ဟာ …. (၀ိပဿနာ သမ္မာဒိဋ္ဌိအလုပ်ပါဘုရား)။ ဒီမှာ သုံးလေးရက် ဟောလာတာ ဦးဘအုန်း ဒါလေးလိုရင်းပဲ …. (မှန်ပါ့ဘုရား)၊ ဖြစ်ပျက်မြင်၍ သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့အလုပ်ဟာ ….. (၀ိပဿနာသမ္မာဒိဋ္ဌိအလုပ်ပါဘုရား)။
အဲ . ၀ိပဿနာ သမ္မာဒိဋ္ဌိအလုပ်ပဲ၊ ကောင်းပြီ ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိကတော့ သူ့အလုပ်ရှင်းကြပါစို့ ဆိုတော့ ၀ိပဿနာသမ္မာဒိဋ္ဌိ အလုပ်က ခုနက ရှင်းအောင်ပြောပြီးပါပြီ၊ မဂ္ဂသမ္မာဒိဋ္ဌိကတော့ ဘာလုပ်သတုံး ဦးဘအုန်း မေးဖို့မလိုဘူးလား …. (လိုပါတယ်ဘုရား)။
မဂ္ဂသမ္မာဒိဋ္ဌိက ဘာလုပ်သတုံး
ဦးခင်မောင် မလိုဘူးလား …. (လိုပါတယ်ဘုရား) မဂ္ဂသမ္မာဒိဋ္ဌိက ဘာလုပ်သတုံးလို့ မေးဖို့လိုလာတယ်၊ ဒကာ ဒကာမတို့  ဒါဂရုစိုက်ပြီး နားထောင်ပါ၊ မဂ္ဂသမ္မာဒိဓိက ဘာလုပ်သတုံး၊ သူလဲ သမ္မာဒိဋ္ဌိပဲ မဟုတ်လား …. (မှန်ပါ့ဘုရား)၊ သမ္မာက မှန်ကန်တာ ဒိဋ္ဌိက မြင်တာ အမှန်အကန် မြင်တာပဲ။
သူက ဘယ်လိုအမှန်အကန်မြင်သတုံး မေးဖို့မလိုဘူးလား …. လိုပါတယ်ဘုရား) အဲဒီတော့ကိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိကတော့ကွာတဲ့၊ သံယုတ်အဋ္ဌကထာဆရာက ဘယ်လိုလာသတုံးလို့ မေးလို့ရှိရင် ၀ိပဿနာသမ္မာဒိဋ္ဌိ ခန္ဓာတွေကို ခန္ဓာဖြစ်ပျက်တွေကို မြင်ပြီးသကာလ သက္ကာယဒိဋ္ဌိသုတ်သင်တာဟာ ၀ိပဿနာသမ္မာဒိဋ္ဌိအလုပ် …. (မှန်ပါ့ဘုရား)။
အဲဒီနောက်မှာမှတဲ့ ခန္ဓာဖြစ်ပျက်တွေကို မမြင်ဘဲနဲ့ နိဗ္ဗာန်ကိုမြင်တဲ့အလုပ်ဟာ မဂ္ဂင်သမ္မာဒိဋ္ဌိအလုပ် …. (မှန်ပါ့ဘုရား)။ ခန္ဓာဖြစ်ပျက် မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်တဲ့အလုပ်ဟာ …. (မဂ္ဂသမ္မာဒိဋ္ဌိအလုပ်ပါဘုရား) မဂ္ဂသမ္မာဒိဋ္ဌိအလုပ် ….. (မှန်ပါ့) ခန္ဓာဖြစ်ပျက်မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်တဲ့အလုပ်ဟာ ဘာပါလိမ့် …. (မဂ္ဂသမ္မာဒိဋ္ဌိအလုပ်ပါဘုရား)။
အမယ်လေး ထူးခြားကြီးပါလား …. (မှန်ပါ့ဘုရား) အင်မတန် ထူးခြားတယ်ဆိုတာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်ပါ (မှန်ပါ့) သြော် ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ မဂ္ဂသမ္မာဒိဋ္ဌိဟာ ဦးဘအုန်းတို့ ဦးခင်မောင်တို့ သိပ်ထူးခြားပါလား …. (မှန်ပါ့)။
မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်မမြင်ဘူး
မဂ္ဂသမ္မာဒိဋ္ဌိ၊ သူကတော့ ခန္ဓာဖြစ်ပျက်တော့ မမြင်ဘူးတဲ့ ပစ္ဆာဘူမိလဒ္ဓ၀ဋ္ဋံ ပစ္ဆာဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်သည်မှ နောက်ကာလ၌ ဘူမိလဒ္ဓံ - ဥာဏ်၏တည်ရာကိုရသော ၀ဋ္ဋံ - ချားရဟတ်ပမာချာချာပတ်၍ ခဏခဏ ဖြစ်ပျက်နေတဲ့တရားကြီးကို ဖြစ်ပျက်ကြိးကိုဟေ့ …. (မှန်ပါ့)။
ပရိဇာန မာနာ စွန့်၍ ကဲ ဖြစ်ပျက်မမြင်ဘူးတဲ့ကွ …. (မှန်ပါ့) မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်မြင်သေးလား …. (မမြင်ပါဘုရား) ဒါဖြင့် ပရိဇာနမာနာ စွန့်၍ မဂ္ဂသမ္မာဒိဋ္ဌိ နိဗ္ဗာန်မြင်တဲ့ မဂ္ဂသမ္မာဒိဋ္ဌိသည် ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်လာ၏ ….. (မှန်ပါ့) သူကတစ်မျိုးပါလား ….. (မှန်ပါ့) သံယုတ် အဋ္ဌကထာဆရာက သေသေချာချာဖွင့် ပါတယ် ….. (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတို့  ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်ပြီး ပေါ်လာတာ ဘာဆိုကြမယ် …. (မဂ္ဂသမ္မာဒိဋ္ဌိပါဘုရား)။
ကဲ ဒါဖြင့် ဦးခင်မောင်ရေ၊ ဒါလေး အထူးဂရုပြုဗျာ … (မှန်ပါ့) မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်ကို …. (မမြင်ပါဘုရား) ဖြစ်ပျက်ကိုမြင်နေရင် ၀ိပဿနာထဲ သွားအုံးမှာပေါ့ ….. (မှန်ပါ့)။
မဂ္ဂသမ္မာဒိဋ္ဌိက နိဗ္ဗာန်မြင်တယ်
မဂ္ဂသမ္မာဒိဋ္ဌိက ဖြစ်ပျက်ကို မမြင်ပါဘူးတဲ့ ဒကာဒကာမတို့ (မှန်ပါ့) ဖြစ်ပျက်မမြင်ဘဲနဲ့ နိဗ္ဗာန်မြင်ပြီး သကာလ နိဗ္ဗာန်မြင်တဲ့ ဥာဏ်က မဂ္ဂသမ္မာဒိဋ္ဌိ၊ သဘောကျပလား …. (ကျပါပြီဘုရား)။
အင်း …. သူကဘာမြင်ပါလိမ့် ….. (နိဗ္ဗာန်မြင်ပါတယ်ဘုရား) ဖြစ်ပျက်ကော …. (မမြင်ပါဘုရား)။
ဟ - ဖြစ်ပျက်မြင်ရင် သင်္ခါရတရား အာရုံပြုတယ် ဆိုအုံးမှာပေါ့ …. (မဆိုပါဘူးဘုရား) အဲဒီကျတော့မှ ပဋ္ဌာန်းပါဠိတော်နဲ့ သွားကိုက်တယ်၊ နိဗ္ဗာနံ မဂ္ဂဿ နိဗ္ဗာနံ - နိဗ္ဗာန်သည် မဂ္ဂဿဥပကာ ရကော - ကျေးဇူးပြုသည် ဟောတိ - ဖြစ်၏ ဆိုတော့ နိဗ္ဗာနဲ့ မဂ်ပဲ …. (မှန်ပါ့)။
ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိသည် ဖြစ်ပျက်ကိုမမြင်ဘူး၊ နိဗ္ဗာန်ကိုသာ မြင်တဲ့တရား ဒုက္ခချုပ်တာကိုသာ မြင်တဲ့တရား …. (မှန်ပါ့) ဒီတရားကို ဘာသမ္မာဒိဋ္ဌိလို့ ခေါ်ရမယ် …. (မဂ္ဂသမ္မာဒိဋ္ဌိပါဘုရား)။
ဒကာ ဒကာမတို့ မဂ္ဂသမ္မာဒိဋ္ဌိကို သေသေချာချာ မှတ်ပါ …. (မှန်ပါ့)၊ အရင်တရားလို ဖြစ်ပျက်မြင်သေးလား …. (မမြင်ပါဘုရား)၊ ဖြစ်ပျက်ဆုံးတာကို မြင်တယ် …. (မှန်ပါ့) ဖြစ်ပျက်အဆုံး ဆိုတာ နိဗ္ဗာန်ပဲ …. (မှန်ပါ့) ဖြစ်ပျက်အဆုံးကို မြင်တဲ့ဉာဏ်သည် ဘာသမ္မာဒိဋ္ဌိဆိုကြမယ် …. (မဂ္ဂသမ္မာဒိဋ္ဌိပါဘုရား)။
ဖြစ်ပျက်အဆုံးမြင်တဲ့ ဉာဏ်သည် (မဂ္ဂသမ္မာဒိဋ္ဌိပါဘုရား) ကျေနပ်ကြပလား …. (ကျေနပ်ပါပြီဘုရား)၊ သြော် - ဒါဖြင့် ဒို့ဟာ မဂ်ရဖို့သာ ဆုတောင်းဖို့မလိုပါဘူး၊ ၀ိပဿနာသမ္မာဒိဋ္ဌိဖြိုင်ဖြိုင် လုပ်ဖို့ပဲ ….. (မှန်ပါ့) ဒီမှာ ပေါ်လာတယ်ဗျ၊ ဦးခင်မောင်၊ ဒီမှာ မပေါ်လာဘူးလား …. (မှန်ပါ့)။
ဝိပဿနာသမ္မာဒိဋ္ဌိ ဖြိုင်ဖြိုင်လုပ်လိုက်၍ မဂ္ဂသမ္မာဒိဋ္ဌိဟာ လာမှာ …. (မှန်ပါ့) ရှင်းပြီလား …. (ရှင်းပါပြီဘုရား)။
မဂ္ဂသမ္မာဒိဋ္ဌိကို လာဖို့ရာသည် ခင်ဗျားတို့ ရှေ့ ပြေးဘာအရေးကြီးသတုံး …. (၀ိပဿနာသမ္မာဒိဋ္ဌိ အရေးကြီးပါတယ်ဘုရား) အင်း - ၀ိပဿနာသမ္မာဒိဋ္ဌိပဲ၊ အရေးကြီးပါတယ် ဒကာ ဒကာမတို့ တခြား ဘာမှ အရေးမကြီးပါဘူး။
ဒါဖြင့် ခင်ဗျားတို့ ဘာလုပ်နေကြရမတုံး …. (၀ိပဿနာသမ္မာဒိဋ္ဌိလုပ်နေရမှာပါ ဘုရား)၊ ၀ိပဿနာသမ္မာဒိဋ္ဌိပဲ လုပ်နေ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိပဲလုပ်နေပါ …. (မှန်ပါ့)။
ခင်ဗျားတို့ သန္တာန်ပေါ်ချင်တဲ့ ဝေဒနာပေါ် ပေါ်ချင်တဲ့စိတ်ပေါ် ပေါ်ချင်တာပေါ် ဦးခင်မောင် ၊ ရှုတတ်ပြီမဟုတ်လား ရှုတတ်ပြီတဲ့။
အဲဒါရှုနေတာ ၀ိပဿနာသမ္မာဒိဋ္ဌိလုပ်နေတာပဲ …. (မှန်ပါ့) သူကလဲ ဘာမှမမြင်ဘူး၊ ဖြစ်တာ ပျက်တာ သူက ဒါပဲမြင်တယ် သြော် ပျက်သွားပြီ သူ့အလုပ်က ဒါပဲ … (မှန်ပါ့)
ဒါလုပ်နေတဲ့အတွက် ဒိဋ္ဌိက အလိုလိုကွာနေတာပဲ၊ ဦးဘအုန်းရေ၊ ကျေနပ်ပလား …. (မှန်ပါ့) နောက် မဂ္ဂသမ္မာဒိဋ္ဌိကတော့ဖြစ်တာလဲ မမြင်ဘူး၊ ပျက်တာကော …. (မမြင်ပါဘုရား)။
ဝဋ်ပြတ်တာပဲ မြင်နေတယ် ….. (မှန်ပါ့ဘုရား) ချာချာလည်နေတဲ့ ၀ဋ်ကြီး၊ အင်း - ခုနက ဖြစ်လိုက်ပျက်လိုက်အင်း တော်တော် ကြာလာပြန်ပြီ ဖြစ်လိုက်ပျက်လိုက် တော်တော်ကြာလာပြန်ပြီ ဖြစ်လိုက်ပျက်လိုက် ….. (မှန်ပါ့ဘုရား)။
ဒါချည်း လှည့်ရှုနေရတာပဲ (မှန်ပါ့ဘုရား)၊ အဲဒီ ၀ဋ်ကြီးဟာ ရှုရင်းမတ္တနဲ့ ဦးခင်မောင်ရှာ မတွေ့တော့ဘူး …… (မှန်ပါ့ဘုရား)။
ချာချာလည်နေတဲ့ ဖြစ်ပျက်ဝဋ်ကြီးဟာ ဘာနှယ့်တုံး ….. (ရှာမတွေ့ တော့ပါဘူး ဘုရား)၊ ချာချာလည်နေတဲ့ ဖြစ်ပျက်ဝိပါက၀ဋ်ကြီးဟာ ရှာမတွေ့ တော့ဘူး …… (မှန်ပါ့ဘုရား) ဒါဝိပါက၀ဋ်လည်နေတာကို ဗျာ့ …. (မှန်ပါ့ဘုရား)။
ဖြစ်လိုက်ပျက်လိုက်၊ တစ်ခုပေါ်လိုက်၊ ဖြစ်လိုက်ပျက်လိုက်၊ တစ်ခုပေါ်တစ်ခုဖြစ်လိုက်၊ ပျက်လိုက် ၊
၊နောက်တစ်ခု ဖြစ်လိုက် ပျက်လိုက် ဦးဘတင် မလာဘူးလား …. (လာပါတယ်ဘုရား)။
ဒါတွေဟာ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေရဲ့  ဖြစ်ပျက်ပဲ မဟုတ်လား …. (ဟုတ်ပါတယ် ဘုရား) ဒါ ၀ိပါက ၀ဋ်ကြီး လည်နေတာပဲ မဟုတ်ဘူးလား …. (ဟုတ်ပါတယ် ဘုရား)၊ အဲဒီ ၀ိပါက ၀ဋ်ကြီးလည်နေတဲ့ ဥစ္စာ ရပ်စဲသွားတယ် …. (မှန်ပါ့ဘုရား)၊ ဦးဘအုန်းရေ၊ ဘာရပ်စဲသွားတာလဲ ….. (၀ိပါက ၀ဋ်ကြီးရပ်စဲသွားတာပါ ဘုရား)။
ဒါကြောင့် ဖြစ်ပျက်တွေ မမြင်တာ၊ ဖြစ်ပျက်တွေ ခဏခဏလည်နေတာက ၀ိပါက၀ဋ် လည်တာ…. (ဟုတ်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီဘုရား)။
ဖြစ်ပျက်တွေ ခဏခဏ တွေ့ နေတာက (၀ိပါက၀ဋ်ကြီးလည်နေတာပါဘုရား) ၀ိပါက၀ဋ်ကြီး ခဏခဏလည်နေတာတဲ့။ မဂ္ဂသမ္မာဒိဋ္ဌိ ပေါ်တော့မယ်ဆိုတော့ ရှာမတွေ့ တော့ဘူး …. (မှန်လှပါ့ဘုရား)။
ဝိပါက၀ဋ်ကြီးလည်နေတာ ရှာမတွေ့ ဘူး၊ ဘူမိလဒ္ဓ ၀ဋ္ဋံ ပရိဇာနမာနာ ဘူမိလဒ္ဓံ - ညာဏ်၏ တည်ရာကိုရသော ၀ဋ္ဋံ- ချားရဟတ်ပမာ ချာချာလည်နေတဲ့ ဖြစ်ပျက်ဝိပါက ၀ဋ်ကြီးကို ပရိဇာနမာနာ စွန့်လျက် မဂ္ဂသမ္မာဒိဋ္ဌိသည် ဥပ္ပဇ္ဇတိ - ဖြစ်၏တဲ့ ….. (မှန်ပါ့ဘုရား)။
သံယုတ် အဋ္ဌကထာ ဆရာက ….. (ဟောပါတယ်ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ သြော် မဂ်သမ္မာဒိဋ္ဌိ ပေါ်လာတယ်ဆိုကတည်းကိုက ဖြစ်ပျက်မတွေ့ ရဘူးသြော် ….. (မှန်ပါ့ဘုရား)၊ မဂ္ဂသမ္မာဒိဋ္ဌိပေါ်လာတဲ့အခါ …. (ဖြစ်ပျက်ရှာမတွေ့ တော့ပါဘုရား)။
ဘာတွေ့ ရမတုံး ….. (နိဗ္ဗာန်နဲ့ တွေ့ ရမှာပါဘုရား)၊ အဲ နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့က ၀င်းဝင်းကြီး ပေါ်လာလိမ့်မယ်၊ ဒီလို မအောက်မေ့နဲ့ …. (မှန်ပါ့ဘုရား)၊ သြော် - ဖြစ်ပျက်တွေ ရှာမတွေ့ တော့ပါလား ….. (မှန်ပါ့ဘုရား)။
ချုပ်ငြိမ်းတဲ့ သဘောလေးသာ ကျန်ပါတော့လား ….. (မှန်ပါ့ဘုရား) ချုပ်ငြိမ်းတဲ့သဘောလေးဟာ နိဗ္ဗာန်ပဲ …. (မှန်ပါ့ဘုရား) ချုပ်ငြိမ်းတဲ့ သဘောလေး ကျန်တယ်လို့ သိတာ မဂ်ဉာဏ်ပဲ …… (မှန်ပါ့ဘုရား)။
ဦးခင်မောင်နေရာကျပြီလား …. (ကျပါပြီဘုရား) ဦးဇံရပ်တို့ကော နေရာကျပြီလား …. (ကျပါပြီဘုရား) ဒါဖြင့် ဒကာဒကာမတို့ ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ မဂ္ဂသမ္မာဒိဋ္ဌိက ခင်ဗျားတို့ သန္တာန်မှာ ပေါ်ရင်ကိုပဲ ရှင်းပါပြီ ….. (ရှင်းပါတယ်ဘုရား)။
သြော် - ၀ိပဿနာ သမ္မာဒိဋ္ဌိကတော့ ဖြစ်ပျက်ချည်းမြင်နေတာကို မဂ္ဂသမ္မာဒိဋ္ဌိပေါ်တဲ့ အခါကျတော့ ဖြစ်ပျက်ရှာမတွေ့ ဘဲနဲ့ နိဗ္ဗာန်ကို မြင်နေတာကိုး …. (မှန်ပါ့ဘုရား) အမြင်ချင်း အင်မတန် မခြားနားဘူးလား …. (ခြားနားပါတယ် ဘုရား)။
ရှင်းပြီနော် …. (ရှင်းပါတယ် ဘုရား) ကောင်းပြီ ဒကာ ဒကာမတို့ မဂ္ဂသမ္မာဒိဋ္ဌိ ခြားနားတဲ့ဥစ္စာ ခင်ဗျားတို့ ရှုတဲ့ယောဂီ ပုဂ္ဂိုလ်မှာတော့ ဒီလိုပေါ်လိမ့်မယ် …. (မှန်ပါ့ဘုရား)။
ရှုတဲ့ယောဂီပုဂ္ဂိုလ်မှာတဲ့၊ ကဲ ဒါဖြင့် ဒီထက်ခိုင်လုံအောင် ဒီထက် ဒကာဒကာမတွေ မှတ်မိအောင် ဦးဘအုန်းတို့ မိလိန္ဒပဥှာ ထုတ်ကြဦးစို့နော် ….. မှန်ပါ့ဘုရား)
မိလိန္ဒပဥှာ ထုတ်လိုက်လို့ရှိရင် ပိုပြီးသကာလ ရှင်းမယ်၊ အခု ဒါ ၀ိပဿနာ သမ္မာဒိဋ္ဌိနှင့် မဂ်သမ္မာဒိဋ္ဌိကိုတော့ဖြင့် သံယုတ်အဋ္ဌကထာဆရာ ပြောတာနဲ့ပဲ ခင်ဗျားတို့လဲ တော်တော် သဘောကျပါပြီ …. (မှန်လှပါ့ဘုရား) သဘောမကျသေးဘူးလား …. (ကျပါပြီဘုရား)။
ဒါလေးတစ်ခေါက် ဆက်ပြောပါဦးမယ်၊ ၀ိပဿနာ သမ္မာဒိဋ္ဌိက ဘာမြင်တုန်း ….. (ဖြစ်ပျက်မြင်ပါတယ် ဘုရား)၊ အင်း - မဂ္ဂသမ္မာဒိဋ္ဌိကျတော့ ….. (နိဗ္ဗာန်မြင်ပါတယ်ဘုရား) ၊ နိဗ္ဗာန်မြင်တယ်ဆိုတော့ သြော် - သမ္မာဒိဋ္ဌိချင်းပေမယ့် တယ်ခြားနားပါလား ဆိုတာ ဦးဇံရင် ပေါ်လာတယ် …. (ပေါ်လာပါတယ်ဘုရား)။
သမ္မာဒိဋ္ဌိကတော့ အင်း - ၀ိပဿနာသမ္မာဒိဋ္ဌိ အမှန်အကန် မြင်ပုံကတစ်မျိုး မဂ္ဂသမ္မာဒိဋ္ဌိ အမှန်အကန်မြင်ပုံကတစ်မျိုး သြော် နှစ်မျိုး ထူးခြားပါလား ဆိုတာ ပေါ်လာတယ် …. (မှန်ပါ့ဘုရား)။
မိလိန္ဒမင်းကြီး
ဒါနဲ့ မိလိန္ဒမင်းကြီးဆိုတဲ့ ပုဂ္ဂိုလ်ကလဲ ဒကာဒကာမတွေ နှစ်တိုင်းလဲ ပြောနေလို့ ပညာရှိပုဂ္ဂိုလ်ဆိုတာလဲ ဦးဘအုန်းတို့ သိလောက်ပါပြီနော် …. (မှန်ပါ့ဘုရား) ရဟန္တာတွေတောင် ပြေးရတယ် သူမေးတာ မဖြေနိုင်လို့။
နောက်ကျတော့ သူလိုဘုန်းကံပါရမီနဲ့လာလို့ ပါရမီဖြည့်ဖက်ဆိုတဲ့ အရှင်နာဂသိန် ပေါ်လာလို့သာလျှင် ရဟန္တပုဂ္ဂိုလ်တွေ မြို့ နားရွာနား ကပ်နိုင်ကြတယ်ဆိုတာ ဦးခင်မောင် သူ့ဇာတ်ထုပ်မှာ ဒီအတိုင်းပေါ့ဗျာ …. (မှန်ပါ့ဘုရား)။
ရှင်နာဂသိန်
ကောင်းပြီ ရှင်နာဂသိန်က ဖြေတယ်၊ မိလိန္ဒမင်းကြီးက မေးတယ် အရှင်ဘုရား၊ နိဗ္ဗာန်မြင်ပုံလေး၊ အမိန့်ရှိစမ်းပါဘုရား နိဗ္ဗာန်မြင်ပုံလေး အရှင်ဘုရားတို့ကတော့ ရဟန္တာဖြစ်နေ အရှင်ဘုရား၊ နာဂသိန်ဆိုတာလဲ ရှင်နာဂသိန်ဆိုတာလဲ ရဟန္တာလို့ ဆိုတာလဲ ယုံကြည်ပါတယ် အဲဒီတော့ အရှင်ဘုရား နိဗ္ဗာန်မြင်ပြီးသား ဖြစ်ပါတယ်၊ အဲဒီအရှင်ဘုရား အလုပ်စဉ်နှင့်တကွ နိဗ္ဗာန်မြင်ပုံပြောစမ်းပါ ဆိုတော့ အလုပ်စဉ်နှင့်တကွ နိဗ္ဗာန်မြင်ပုံဆိုတော့ ကျုပ်တို့ အတုယူရတော့မယ်။ မယူရပေဘူးလား …. (ယူရပါတယ်ဘုရား)။
အလုပ်စဉ်နှင့်တကွ နိဗ္ဗာန်မြင်ပုံကို တပည့်တော်အား အမိန့်ရှိပါဆိုတော့ နို့မို့လို့ရှိရင်ဖြင့် ဒီလိုမှ မဖြေလို့ရှိရင်ဖြင့် အလုပ်စဉ်နှင့် နိဗ္ဗာန်မြင်ပုံမဖြေရင် နိဗ္ဗာန်မရှိဘူးလို့ ငြင်းမှာ …… (မှန်ပါ့ဘုရား) သဘောကျရဲ့ လား …. (ကျပါတယ်ဘုရား)။
နိဗ္ဗာန်
ဒါကြောင့် ဒကာဒကာမတွေ သူနဲ့ဆိုင်လာလို့ သမ္မာဒိဋ္ဌိငါးမျိုးနဲ့ ဆိုင်လာလို့ ဦးဘတင် သွင်းပြီနော်၊ မဆိုင်ကော မဆိုင်ဘူးလား …. (ဆိုင်ပါတယ်ဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိနှင့် မဂ္ဂသမ္မာဒိဋ္ဌိ ရောက်လာပြီး ကျုပ်တို့ ဟောလာတာ ….. (မှန်ပါ့ဘုရား) ကိုင်း ဒါဖြင့် အရှင်ဘုရား နိဗ္ဗာန်မရှိဘူးလား ရှိသလား ရှိတယ် ဒကာဒကာမတို့ မိလိန္ဒမင်းကြီးက မေးလို့ရှိတယ်လို့ ဖြေလိုက်တယ် …. (မှန်ပါ့ဘုရား)။
ရှိတယ်လို့ဖြေတော့ ပစ္စုပ္ပန်လား အတိတ်လား၊ အနာဂတ်လား သူမေးပြန်တယ်၊ ရှေ့ ပိုင်းထားပါတော့ ဒကာကြီး ပစ္စုပ္ပန်လဲမဟုတ် အတိတ်လဲမဟုတ် အနာဂတ်လဲ မဟုတ်ဘူး နိဗ္ဗာန်ဆိုတာမျိုးဟာ နို့ဒါဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးပါးမှ မရှိလို့ရှိရင် အရှင်ဘုရား နိဗ္ဗာန်ဟာ မရှိဘူးပေါ့ သူက လူကပ်ကိုဗျာ့ ….. (မှန်ပါ့ဘုရား)။
ကာလသုံးပါးမှ လွတ်တယ်
နိဗ္ဗာန်မရှိဘူးပေါ့ ဆိုတော့ အို ဒကာကြီး ပစ္စုပ္ပန်ကာလ နိဗ္ဗာန်နေရင်လဲ လူတိုင်းနိဗ္ဗာန်တွေ့ မှာပေါ့၊ အတိတ်နိဗ္ဗာန်ရှိနေလို့ရှိရင် အတိတ်က လူတွေဆုံကြတယ်၊ အနာဂတ်က လူတွေ နိဗ္ဗာန်နဲ့ဆုံရတော့မှာ မဟုတ်ဘူး၊ အနာဂတ်နိဗ္ဗာန် ရှိတယ်ဆိုလို့ ရှိရင်လဲ အခုပစ္စုပ္ပန်လူတွေ သေရင် သေရုံပဲနိဗ္ဗာန်ရောက်မှာ မဟုတ်ဘူးလား ….. (မှန်ပါ့ဘုရား)။
အဲဒီလိုကျတော့ ဒကာကြီး နိဗ္ဗာန်ဆိုတာ ကာလသုံးပါးမှလွတ်နေတဲ့ ကာလ၀ိမုတ် နိဗ္ဗာန်ဆိုတာ အို - ကာလ၀ိမုတ်ဆို နိဗ္ဗာန်မရှိဘူး ကိုယ်တော် သူက ဒီလို ယူပစ်လိုက်တာ …. (မှန်ပါ့ဘုရား)။
သဘောကျရဲ့ လား …. (ကျပါတယ်ဘုရား) အဲဒီတော့ ဒကာကြီး ကျုပ် ဥပမာပြောမယ် ခင်ဗျား သတိထားပြီး နားထောင်ပါတဲ့၊ နိဗ္ဗာန်ဆိုတာဟာ သေသေချာချာ ရှိပါတယ် ဆိုတော့။
ဝါးနှစ်လုံးဥပမာ
သူလောကီဥပမာဖြင့် ဒကာ ဒကာမတို့ ရှေးကတော့ မီးခြစ်မရှိတော့ ၀ါးနှစ်လုံးကို ပွတ်ကြရတယ်။ မီးထွက်အောင် မပွတ်ကြရဘူးလား၊ ပွတ်တဲ့အခါကျတော့ ဒီမီးဟာ အရင်က ရှိနှင့်သလား အခုပဲရှိတာလား အနာဂတ်ကလာတာလား မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နဂိုကလဲ ဒီဝါးဟာ ၀ါးပဲဝါးဟာ ၀ါးပဲ မီးမပါဘူး (မပါဘူးဘုရား)။
တောက်တတ်တဲ့ မီးမပါဘူးပေါ့ဗျာ၊ ကောင်းပြီ ဒါဖြင့် ဒီဝါးသည်ကားလို့ဆိုလို့ရှိရင် နှစ်လုံးပွတ်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကြာကြာသာပွတ် ပူပြီး သကာလ မီးမဖြစ်ပေဘူးလား ….. (မှန်ပါ့)။
ဒါဖြင့် ဒါ ပစ္စုပ္ပန် အတိတ်က ရှိတာလား၊ အခုရှိတာလား၊ အနာဂတ်ကာလာက လာတာလား မေးလို့ရှိရင် နဂိုဝါးထဲမှာ ဘယ်တုံးကမှ မရှိဘူး ရှိကြရဲ့ လား …. (မရှိပါဘုရား)။
ဘယ်တုံးက မရှိတာ ဘယ့်နှယ့်ကြောင့်တုံး ဆိုလို့ရှိရင် အိုလုံ့လပယောဂ အားထုတ်တဲ့ ပုဂ္ဂိုလ်ကြောင့် ပေါ်လာတာ ဦးခင်မောင် ဘယ်လိုကြောင့်တုံး …… (လုံ့လ ပယောဂကြောင့် ပေါ်လာပါတယ် ဘုရား)။
ဝိပဿနာရှုမှ နိဗ္ဗာန်ပေါ်တယ်
အဲဒီမှာလဲ ခင်ဗျားတို့ ၀ိပဿနာသာအားထုတ် နိဗ္ဗာန်ပေါ်လာတယ် ….. (မှန်ပါ့ဘုရား) ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလသုံးပါးထဲတော့ မရှိဘူး …. (မှန်ပါ့ဘုရား) အားထုတ်ရင်တော့ ပေါ်လာပါလိမ့်မယ်၊ အားမထုတ်ရင်တော့ဖြင့် (မပေါ်ပါဘူးဘုရား)။
ဒါဖြင့် ခင်ဗျားတို့က ဘုရားရှေ့ သွားပြီး ရေလှူ မီးလှူနဲ့ နိဗ္ဗာန်ပေးတော်မူပါနဲ့တော့ ဝေးပါသေးရဲ့  (မှန်ပါ့ဘုရား) ရနိုင်ပါ့မလား …. (မရနိုင်ပါဘုရား)။
ဝါးနှစ်လုံးဟာ ဒီအတိုင်း မီးထွက်သလား ဦးခင်မောင် ပွတ်ရသေးသလား (ပွတ်ရပါတယ် ဘုရား) ဒါ သာမည ပွတ်ပြီး ချထားလို့ကော ထွက်ပါ့မလား (မထွက်ပါဘုရား) အင်း သူ့မီးထွက်လောက်တဲ့ အခြေအနေ ရောက်အောင် ပွတ်မှပဲ ထွက်မှာပဲ …. (မှန်ပါ့) သဘောကျပြီလား …. (ကျပါတယ်ဘုရား)။
ဒီမှာလဲ နိဗ္ဗာန်ပေါ်ပေါက်လာအောင် အားထုတ်ရလိမ့်မယ် ….. (မှန်ပါ့ဘုရား) နိဗ္ဗာန် ပေါ်ပေါက်လာအောင်သာ ဖြစ်ပျက် အားထုတ်ဖြစ်ပျက်ချုပ်ပြီး နိဗ္ဗာန်ပေါ်မှာပဲ …. (ပေါ်မှာပါဘုရား) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
ဖြစ်ပျက်ချုပ်ပြီ နိဗ္ဗာန်ပေါ်လာလိမ့်မယ်ဆိုတာ သေချာပြီလား …. (သေချာပါပြီဘုရား) ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ပေါ်အောင် အားထုတ်နိဗ္ဗာန်ပေါ်လာမှာပဲ …. (မှန်ပါ့ဘုရား)။
ကာလသုံးပါးမှာတော့ဖြင့် မရှိဘူး ပေါ်လောက်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ရမယ် …. (မှန်ပါ့ဘုရား) ဒါပါရမီတွေ ဘာတွေ လိုမနေနဲ့ …. (မှန်ပါ့ဘုရား) သဘောကျပလား ဦးဘအုန်း …. (သဘောကျပါတယ် ဘုရား)။
ပါရမီ လိုသေးလား (မလိုပါဘုရား) မလိုပါဘူး၊ ပါရမီက ဘုန်းကြီးက အကုန်ပြည့်ပြီလို့ ပြောထားပြီပဲ …. (မှန်ပါ့ဘုရား) ဒီ ဒကာဒကာမတွေ အကုန်ပြည့်နေပြီလို့ ပြောထားတယ်။ အင်္ဂုတ္တုရ်မှာ လာတဲ့ ပါရမီနဲ့နှိုင်းချိန်ကြည့် ဧကန်ပြည့်နေတာ …. (မှန်ပါ့ဘုရား)။
အားထုတ်တဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်
အဲဒီတော့ကိုလဲ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာရှိတယ် …. (မှန်ပါ့ဘုရား) ဒါဖြင့် ဘုရား ၀ါးနှစ်လုံးပွတ်တာ နဂိုကလဲရှိတာမဟုတ်ဘူး၊ အခုပွတ်တဲ့ ခဏလေး ပွတ်ဆဲမှာပဲ သူရှိတာမဟုတ်ဘူး ….. (မှန်ပါ့ဘုရား) ရှိရဲ့လား …… (မရှိပါဘုရား)။
ကာလသုံးပါးမှ လွတ်ပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်လုံ့လပယောဂကြောင့် ထွက်တဲ့မီးပေါ့ဗျာ …. (မှန်ပါ့ဘုရား) ဒါတွင် မကသေးပါဘူး ဒကာကြီး စကြာမင်းဆိုတာ ရှိပါသေးတယ်၊ စကြာမင်းသည်ကား ဆိုလို့ရှိယင်ဖြင့် စကြာရတနာကြီး ကောင်းကင်ပျံ့ နိုင်တဲ့ စကြာရတနာကြီး အလိုလိုပေါ်မလာဘူးလား …. (ပေါ်လာပါတယ်ဘုရား)။
စကြာရတနာ
စကြာမင်းတို့၏ ထုံးစံအတိုင်း အ၀တ်ဖြူဝတ်ပြီး ငါးပါးသီလယူပြီးသကာလ မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မာဝိဟာရတရား ပွားများမှ စကြာရတနာကြီးက ကောင်းကင်က ပေါ်လာတာ … (မှန်ပါ့ဘုရား)။
နဂိုက ပေါ်လာတာ …. (မဟုတ်ပါဘုရား) စကြာအလုပ် လုပ်လိုက်တာနဲ့ (စကြာရတနာကြီး ပေါ်လာတာပါ ဘုရား) စကြာရကြောင်း အလုပ်လုပ်တာနဲ့ (စကြာရတနာလာတာပါဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ နိဗ္ဗာန်ရကြောင်း အလုပ်သာလုပ်ရလိမ့်မယ် …. (မှန်ပါ့ဘုရား) အော်…..- နေလို့တော့ဖြင့် …… (မရနိုင်ပါဘုရား) မရဘူးလို့ ဆိုတာ သေချာပလား …… (သေချာပါပြီ ဘုရား)။
သြော် - ခင်ဗျားတို့ ဘေးက လူကတော့ ပြုံးလိမ့်မယ် …. (မှန်ပါ့ဘုရား) ပြုံးစရာကြီးများကော အင်မတန် ကောင်းတယ်ဆိုတာကော ခင်ဗျားတို့ ရှက်စရာမကောင်းဘူးလား ….. (ကောင်းပါတယ်ဘုရား)။
ဘေးကလူလဲ ပြုံးပြသွား ခင်ဗျားတို့ကလဲ (ရှက်စရာကောင်းပါတယ်ဘုရား)။ မသိခင်တုန်းကဖြင့် အော် တာတော့ဖြင့် မသိလို့ အော်နေတာကို ကိစ္စမရှိဘူး …. (မှန်ပါ့ဘုရား) ဟုတ်လား …… ဟုတ်ပါတယ် ဘုရား)။
အခုအချိန်မှာ မသိအော် အော်လို့လဲ မဖြစ်တော့ဘူး ဒို့အော်တာ အလွဲပဲ ….. (မှန်ပါ့ဘုရား) အားထုတ်ဖို့ပဲသဘောကျပလား …. (ကျပါပြီဘုရား) ကဲ ဒါဖြင့် နိဗ္ဗာန်ရှိ မရှိ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ …..(ရှိပါတယ်ဘုရား)။
ရှိတယ်တဲ့ ဒါဖြင့် ဘုရား ရှိပုံလေး အရှင်ဘုရား နိဗ္ဗာန်အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက် အားထုတ်စဉ်ပဲ ပြောပါတော့ ဘုရား၊ နိဗ္ဗာန်ရောက်အောင် အားထုတ်ရင် နိဗ္ဗာန်ရောက်ပါတယ် ရပါတယ် ဆိုတော့ အားထုတ်စဉ်လေး ပြောပါတော့….. (မှန်ပါ့ဘုရား)။
အားထုတ်ပုံအလုပ်စဉ်
ဒီမှာ အားထုတ်စဉ် ရောက်လာတယ် ….. (မှန်ပါ့ဘုရား)။ ရိပ်မိပလား ….. (ရိပ်မိပါတယ်ဘုရား) ဒကာကြီးတဲ့ တဿတံ စိတ္တံ အပရာပရံ မနသိ ကရောတော။
ရှေ့ က ၀ိပဿနာ အတော်ကြိုးစားလိုက်စမ်းပါတဲ့ …… (မှန်ပါ့) ရှေ့ ကဘာနဲ့ ကြိုးစားရမယ်…… (၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ ပါဘုရား) ၀ိပဿနာ သမ္မာဒိဋ္ဌိချည်း ဒကာဒကာမတွေ ကြိုးစားနေ ကြိုးစားနေတော့ အင်း ဖြစ်ပျက် ဖြစ်ပျက်နဲ့ ၀ိပဿနာမဂ်နဲ့က ကိုက်ကိုက်ပြီး သွားတာပဲ၊ မသွားပေဘူးလား ……. (သွားပါတယ်ဘုရား)။
အင်း သွားရင်းမတ္တနဲ့ပဲ ဒကာ ဒကာမတို့တဲ့ ၀ိပဿနာသမ္မာဒိဋ္ဌိရှုရင်းရှုရင်းနဲ့ ကျုပ်တို့ဖြစ်ပျက် တွေဟာဖြင့် မြင်နေသေးတာပဲ ……(မှန်ပါ့)။
မြင်ရာကနေပြီး သကာလ တော်တော်ကြာကြာလို့ရှိရင် ရှုဥာဏ်လေးဟာ မမြင်တဲ့ဘက် ကူးသွားတယ် ဖြစ်ပျက်မရှိတဲ့ဘက် ကူးသွားတယ် …. (မှန်ပါ့)။
ပထမ ဖြစ်ပျက်ဘက်လှည့်နေတယ်။ ရှုရင်းရှုရင်းနဲ့ ဘာဖြစ်သွားတုံး …. (ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားပါတယ်ဘုရား) ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ်၊ တဿ တံ စိတ္တံ အပရာ ပရံမနသိကရော တော ပ၀တ္တံ သမတိက္ကမိတွာ ဖြစ်ပျက်တွေ လွန်သွားတယ် ….. (မှန်ပါ့)။
အပ၀တ္တံ သြက္ကမတိ ဖြစ်ပျက်မရှိဘက် လှည့်သွားတယ် …. (မှန်ပါ့) ဦးဘအုန်း ဘာတဲ့တုန်း …. (ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား)။
အင်း - နဂိုဝိပဿနာ ဉာဏ်တုံးကတော့ ဖြစ်ပျက်ဘက်ကို လှည့်နေပါတယ် (မှန်ပါ့) ခင်ဗျားတို့ ရှုတဲ့ဉာဏ်လေးကလေ (ဖြစ်ပျက်ဘက်လှည့်နေပါတယ်ဘုရား) အင်း - နောက်ကျတော့ ဒီဉာ
ဏ်လေးက ဘယ်လှည့်သွား …. (ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားပါတယ်ဘုရား)။
ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတယ်ဆိုတော့ ဒီဉာဏ်လေးရင့်လာတာကိုး … (မှန်ပါ့)၊ ၀ိပဿနာ ဉာဏ်ရင့်လာတာ …. (မှန်ပါ့)၊ ဘယ်လိုဆိုကြမတုံး …. (၀ိပဿနာဉာဏ် ရင့်လာပါတယ် ဘုရား)။
နိဗ္ဗာန်မြင်ပုံ
နဂိုကဖြစ်ပျက်ကလေး ရှုနေတာ ဘာဉာဏ်တုံး …. (၀ိပဿနာညာဏ်ပါဘုရား) ၀ိပဿနာ သမ္မာဒိဋ္ဌိဆိုတာ မသေချာဘူးလား ….. (သေချာပါတယ်ဘုရား)။
သူရင့်လာတော့ ဘယ်လိုများဖြစ်ပါတုံးဆိုတော့ ဖြစ်ပျက်မရှိဘက်လှည့်သွား ….. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါတယ်ဘုရား)၊ သူရင့်လာတော့ ဘယ်ဘက်လှည့်တုံး၊ (ဖြစ်ပျက်မရှိတဲ့ ဘက် လှည့်ပါတယ်ဘုရား)၊ ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတော့။
တေသံ - ထိုဖြစ်ပျက် နှစ်ပါးတို့၏ ၀ူပသမော - မရှိခြင်းသည်၊ သုခေါ - နိဗ္ဗာန်ပဲပေါ့ ….. (မှန်ပါဘုရား)၊ ဖြစ်ပျက်နှစ်ခုမရှိတာ ဦးခင်မောင် ဘာခေါ်မယ်တဲ့ …… (နိဗ္ဗာန် ဘက်လှည့်သွားပါတယ် ဘုရား)။
အင်း - ပထမကတော့၊ ၀ိပဿနာတုံးက ဘယ်ဘက်လှည့် ….. (ဖြစ်ပျက်ဘက် လှည့်ပါတယ်ဘုရား)။ ဖြစ်ပျက်ဘက်လှည့်နေတယ်နော် …… (မှန်ပါ့ဘုရား)၊ နောက်တော့ ရှုမှတ်များများလာတော့ ဖြစ်ပျက်ရှိတဲ့ ဘက်သူမလှည့်တော့ဘူး ….. (မှန်ပါ့)၊ (ဘယ်ဘက်ကူးပြောင်းသွားတုံး)၊ ဖြစ်ပျက်မရှိတဲ့ဘက် ကူးပြောင်းပါတယ် ဘုရား)။
ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားတယ်နော် ….. (မှန်ပါ့ ဘုရား)၊ သေချာပလား ….. (သေချာပါတယ်ဘုရား)၊ ဘယ်ဘက်ကူးပြောင်းသွားပါလိမ့် ….. (ဖြစ်ပျက်မရှိတဲ့ဘက် ကူးပြောင်းသွား ပါတယ် ဘုရား)။
အဲဒါ ဒကာကြီးတဲ့ ဖြစ်ပျက်မရှိတဲ့ဘက် ကူးပြောင်းသွားတာ၊ ဒကာကြီး ဒါနိဗ္ဗာန်ပဲ၊ မျက်မှောက်ပြုတယ်ဆိုတာ အဲဒါပဲလို့ သေချာဖြေလိုက်တယ်၊ ဦးခင်မောင်ကျေနပ်ပလား …… (မှန်ပါ့ဘုရား)။
အင်း - ရှုရင်းမတ္တနဲ့ မရှိပါလား - မရှိပါလားလို့ကော မသိဘူးလား …… (သိပါတယ်ဘုရား)၊ သြော် - ဒုက္ခတွေ မရှိတော့ပါလားလို့ကော မသိဘူးလား ….. (သိပါတယ်ဘုရား)။
ဖြစ်ပျက်မရှိတာ နိဗ္ဗာန်
အင်းဒီ ဒုက္ခမရှိတာ နိဗ္ဗာန်ပဲ ….. (မှန်ပါ့)၊ ဒုက္ခမရှိတာ ဘာခေါ်ကြမယ် ….. (နိဗ္ဗာန်ခေါ်ပါတယ်ဘုရား) ဒါဖြင့် နိဗ္ဗာန်ဆိုတာ မြို့ ကြီးလား ပြကြီးလား ဖြစ်ပျက် မရှိတာဘဲလား ….. (ဖြစ်ပျက်မရှိတာပါ ဘုရား)။ ဖြစ်ပျက်မရှိတာ နိဗ္ဗာန်ပဲဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း သေချာပလား ….. (သေချာပါပြီ ဘုရား)၊ ဖြစ်ပျက်မရှိတာ နိဗ္ဗာန်၊ မဖြစ်ပျက်တဲ့ဘက်ကို ရောက်ပါပေါ့လားလို့ သိတာက …. (မဂ်ဉာဏ်ပါဘုရား)၊ မဂ်ဉာဏ်ပဲ၊ ဖြစ်ပျက်မရှိတာ ….. (နိဗ္ဗာန်ပါဘုရား)၊ သိတဲ့ဉာဏ်က ….. (မဂ်ဉာဏ်ပါဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ သြော် - ၀ိပဿနာဉာဏ်ရင့်လာတာကို ခေါ်တာကိုး ….. (မှန်ပါ့ဘုရား)၊ ဦးခင်မောင် ဘယ်လိုမှတ်မတုံး ….. (၀ိပဿနာဉာဏ် ရင့်လာ၊ မဂ်ဉာဏ်ရင့်လာတာပါဘုရား)၊ ၀ိပဿနာဉာဏ်ရင့်လာတာ ဘာခေါ်ကြမယ် ….. (မဂ်ဉာဏ်ပါဘုရား)။
ဉာဏ်စဉ်တက် နေဖို့မလို
သြော် - ဒါဖြင့် ခင်ဗျားတို့က ဉာဏ်စဉ် တက်နေဖို့မလိုဘူး ….. (မှန်ပါ့)၊ ၀ိပဿနာဉာဏ် သူ့ဟာသူရင့်အောင်သာ ပွားများနေဖို့ပဲ …… (မှန်ပါ့)၊ ငါဘယ်ဉာဏ်ရောက်ပြီဆိုတဲ့ လှေကားထစ် မှတ်ပြီးတက်နေလို့တော့ မဖြစ်ဘူး ….. (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။
လှေကားထစ်မှတ်ပြီး တက်နေလို့တော့ မဖြစ်ဘူးဆိုတာ သေချာပလား …. (သေချာပါပြီဘုရား) အင်း - လှေကားထစ်မှတ်နေလို့ရှိရင်ဖြင့် ဒကာဒကာမတို့၊ ခုနစ်ထစ်ရောက်ပြီ၊ ဆယ်ခြောက်ထစ်ရောက်ပြီ …. ဘယ်ဒီလို သိနိုင်မတုံး၊ ဒါက ရှင်သာရိပုတ္တရာက သူ့ဉာဏ်နဲ့ ရေးထားတာ ပဋိသမ္ဘီ ဒါမဂ်ကလာတာ …. (မှန်ပါ့)၊
ဉာဏ်ရင့်အောင်သာပွားများပါ
စင်စစ်တော့ဖြင့် ဒကာဒကာမတို့၊ ဒီလိုတော့မဟုတ်တော့ဘူးတဲ့၊ ၀ိပဿနာဉာဏ် ရင့်သန်တာနဲ့၊ ဖြတ်ဆို မဂ်ဉာဏ်ဘက်ကူးတာပဲလို့ ရှင်နာဂသိန်ကတော့ ဟောထားတယ် …. (မှတ်ပါ့)။
ဝိပဿနာဉာဏ်ရင့်သန်တာနဲ့ …… (မဂ်ဉာဏ်ဘက် ကူးပါတယ်ဘုရား)၊ မဂ်ဉာဏ်ဘက် ကူးသွားတော့လဲ အာရုံလဲထူးသွားတယ် …… (မှန်ပါ့)၊ ၀ိပဿနာဉာဏ်က ဖြစ်ပျက်အာရုံပြုတယ် ….. (မှန်ပါ့ဘုရား)။
မဂ်ဉာဏ်က ဖြစ်ပျက်မရှိတဲ့ဘက်ကို ….. (အာရုံပြုပါတယ် ဘုရား)၊ အာရုံပြုတယ်ဆိုတော့ မသေချာဘူးလား ….. (သေချာပါတယ်ဘုရား)၊ ဒါဖြင့် ဒကာဒကာမတို့၊ ၀ိပဿနာဉာဏ် ၁- နံပါတ်လုံလောက်လို့ရှိရင်ဖြင့် မဂ်ဉာဏ် ၂-နံပါတ် လုံလောက်ဖို့ ခင်ဗျားတို့က ဘာမှအားစိုက်စရာမလိုဘူး …. (မှန်ပါ့)၊ ၀ိပဿနာဉာဏ်သာလျှင် ရင့်သန်ဖို့ သိပ်အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား ….. (မှန်ပါ့)။
ဒါဖြင့် မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ဖြေတာဖြင့် ဖြစ်ပျက်ရှုရင်း မတ္တနှင့် ဖြစ်ပျက်မရှိတဲ့ဘက် ကူးပဲသွားတယ်၊ အဲ - အဲဒါ နိဗ္ဗာန်ဘက် ကူးတာပဲလို့ ပြောလိုက်ပါတယ် ….. (မှန်ပါ့)၊ ဒါမဂ်ဉာဏ်ပေါ်တာပဲလို့ ဆိုလို့ရှိရင် မသေချာဘူးလား ….. (သေချာပါတယ်ဘုရား)၊ ရှင်းပြီနော် …. (ရှင်းပါတယ်ဘုရား)၊ ကဲ - နက်ဖြန်မှ ဖိုလ်ဉာဏ်ပြောကြစို့။
သာဓု …. သာဓု …. သာဓု။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ဟောကြားတော်မူသောတရားတော်
နားငြီးလဲ ပြောရမှာပဲ
(ငရဲမျိုးစေ့)
ဟောကြားသည့်နေ့ (၄-၁၀-၆၁)
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ကွာ … ဒီပြင်ဟာ စားရေးသောက်ရေး၊ နေရေး၊ ထိုင်ရေး ဒါကို ထည့်ပြီးစကားမပြောပါနဲ့တဲ့။
ငရဲရေသောက်မြစ်ဖြုတ်စမ်းပါ။
တိရစ္ဆာန်လည်း ရှာစားရတာပဲကွာတဲ့၊ မထူးပါဘူး၊ ဟောဒီငရဲ ရေသောက်မြစ် တစ်ခုတော့ မင်းတို့ အရေးတကြီး ဖြုတ်စမ်းပါကွာတဲ့၊ သိပ်မှာတာပဲ … (မှန်ပါ့)။
ငရဲရေသောက် မြစ်ဆိုတဲ့ဥစ္စာ ဘာတုံးဆိုလို့ရှိရင် အခုပေါ်လာတာကလေးတွေဟာ စိတ်ကလေးတွေမှန်း သိလျက်သားနဲ့ စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ အိပ်ချင်တဲ့ စိတ်ကလေးပေါ် လာတယ်၊ ၀တ်ချင်တဲ့ စိတ်ကလေးပေါ်လာတယ်၊ အဲဒါကို ငါလုပ်နေတဲ့ဥစ္စာ ဘုရားက အစက်ဆုပ်ဆုံးပဲ … (မှန်ပါ့ဘုရား)။
စားချင်တဲ့စိတ်၊ ၀တ်ချင်တဲ့စိတ်၊ အိပ်ချင်တဲ့ စိတ်၊ ပြောချင်တဲ့ စိတ်၊ ဆိုချင်တဲ့ စိတ် ဒီစိတ်ကလေးတွေဟာ သူ့အကြောင်း တိုက်ဆိုင်တော့ ပေါ်လာတာပဲ …… (မှန်ပါ့)၊ အဲဒါကို ဦးမာတင်တို့၊ ဦးသန်းမောင်တို့ကလည်း လာတဲ့စိတ်ကို ငါလုပ်နေတာပဲ ….. (မှန်ပါ့)။
လာတဲ့စိတ်ကို ….. (ငါလုပ်နေပါတယ်ဘုရား)၊ လာတဲ့ စိတ်ကို ငါမလုပ်ပါနဲ့လို့ သတိပေးလိုက်တယ်နော် ….. (မှန်ပါ့)။
ပေါ်လာတဲ့စိတ်ကို ငါမလုပ်ပါနဲ့
လာတဲ့စိတ်ကို ငါမလုပ်ပါနဲ့၊ လာတဲ့စိတ်ဟာ စိတ်တစ်မျိုးပဲ၊ ဒါဟာ စိတ်တစ်မျိုးပဲလို့ စားချင်တဲ့စိတ်လာတယ်၊ သြော် ….. ဒါ စားချင်တဲ့စိတ် တစ်မျိုးပဲ၊ ဒါလောက်တွင် ထားပါ …. (မှန်ပါ့ဘုရား)။
အိပ်ချင်တဲ့စိတ် လာပြန်တော့ အိပ်ချင်တဲ့စိတ် တစ်မျိုးပဲလို့ မှတ်လိုက်တာပေါ့ ….. (မှန်ပါ့)၊ ပြောချင်တဲ့ စိတ်လာရင်ကော ….. (ပြောချင်တဲ့စိတ် တစ်မျိုးပါဘုရား)။
ဒီလိုသာ မှတ်နေ ဦးမာတင်တို့၊ ဦးသန်းမောင်တို့ရေ ….. (မှန်ပါ)၊ ဒီ့ပြင် ဘာမှမပြောင်းပါနဲ့ … (မှန်ပါ့)။
စားချင်တဲ့ စိတ်လာလည်း သြော် …. စားချင်တဲ့စိတ်ပဲ၊ အိပ်ချင်တဲ့စိတ်လာရင် …. (အိပ်ချင်တဲ့စိတ်ပါပဲ ဘုရား)။
သူ့ကိစ္စနဲ့ သူပေါ်လာတာလို့ သိနေ
ကျင်ကြီးစွန့်ချင်တဲ့စိတ်လာရင် ကျင်ကြီးစွန့်ချင်တဲ့ စိတ်ကလေးလို့သိ ….. (မှန်လှပါ)၊ ကျင်ငယ်စွန့်ချင်ရင် ကျင်ငယ်စွန့်ချင်တဲ့ စိတ်ကလေးလို့သိ …. (မှန်ပါ့)။
ဒီလိုချည့် ပေါ်တဲ့စိတ်ကို သူ့ကိစ္စနဲ့သူပေါ်လာတာကိုး၊ သူ့ကိစ္စနဲ့ သူပေါ်လာတာကိုး …. လို့ ဒီ ဒကာ ဒကာမတွေက သိနေလို့ရှိရင် ဒါ ငါမဟုတ်၊ ငါဥစ္စာ မဟုတ်ဆိုတာ ပေါ်လာတာပဲ …. (မှန်ပါ့)၊ ရှင်းပြီနော် ….. (ရှင်းပါပြီဘုရား)။
ဒါ အထူးဂရုစိုက်ပြီးတော့ နားထောင်ပါလို့ ဆိုတာ သတိပေးတယ်နော် …. (မှန်ပါ့)။
ငါပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်
အရေးကြီးဆုံးက ဘာအရေးကြီးဆုံးတုံး ….. ဆိုတော့ ငါပြုတ်ဖို့၊ ငါ့ဥစ္စာပြုတ်ဖို့၊ ဒါအရေးကြီးဆုံး မှတ်စမ်းပါ ….. (မှန်လှပါဘုရား)။
ငါပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်၊ ငါ့ဥစ္စာပြုတ်ရင် တဏှာပြုတ်ပါတယ် ….. (မှန်လှပါ)။
ငါ့ဥစ္စာပြုတ်ရင် တဏှာပြုတ်တယ်
ငါပြုတ်ရင် ….. (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)၊ ငါ့ဥစ္စာပြုတ်ရင် …. (တဏှာပြုတ်ပါတယ်ဘုရား)၊ တဏှာပြုတ်တယ်လို့ အားလုံး ဒကာ ဒကာမတွေ မှတ်စမ်းပါ ….. (မှန်ပါ)။
သြော် …. ဒါဖြင့် ဘယ်လိုဖြုတ်ပြီးတော့ ဘယ်လိုလုပ်ရမှာတုံးလို့ မေးတဲ့အခါကျတော့ ခုနင်က ပြောခဲ့တဲ့အတိုင်းတဲ့၊ ဘာကလေးပေါ်လာတာ ငါမဟုတ်တာသိနေဖို့ အရေးအကြီးဆုံးပါပဲ …. (မှန်ပါ့)။
ငါမဟုတ်တာသိနေဖို့ အရေးကြီးတယ်
ဥပမာမယ် ….. ဆေးလိပ်သောက်ချင်တယ်၊ ဆေးလိပ်သောက်ချင်တာကိုး ….. လို့ သိနေရမယ်၊ ငါမဟုတ်ဘူး …. (မှန်ပါ့)။
တံတွေးထွေးချင်ရင်ကော ….. (တံတွေးထွေးချင်တဲ့ စိတ်ပါဘုရား)၊ တံထွေး ထွေးချင်တဲ့စိတ်ပဲ၊ ငါမဟုတ်ဘူး ….. (မှန်လှပါ)။
ဥပမာမယ် ….. ဒကာ ဒကာမတွေက ဒီပစ္စည်းကလေး တစ်ခုကိုင်ချင်တယ်၊ ကိုင်ချင်တဲ့စိတ်ကလေးပေါ်လာတာကိုး ….. (မှန်ပါ့ဘုရား)။
ပေါ်လာတဲ့စိတ်တိုင်း ပေါ်လာတဲ့စိတ်တိုင်းဟာ သူ့ကိစ္စနဲ့သူပေါ်လာတော့ကို သူ့အကြောင်း တိုက်ဆိုင်လို့ပေါ်လာတယ်၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့၊ စိတ်ကလေးပဲ၊ စိတ်ကလေးပဲ၊ စိတ်ကလေးပဲ လို့ ဦးမာတင်တို့၊ ဦးသန်းမောင်တို့က သိနေရမယ် ….. (မှန်လှပါဘုရား)။
ထိုကဲ့သို့ သိနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီခန္ဓာကိုယ်ထဲ ပေါ်သရွေ့  စိတ်တွေဟူသရွေ့ ဟာ ပေါ်လာတဲ့စိတ်ကို ပေါ်တိုင်း၊ ပေါ်တိုင်း သိနေလို့ရှိရင် ဒိဋ္ဌိပြုတ်တယ် …. (မှန်ပါ့ဘုရား)။
ပေါ်လာတဲ့စိတ်ကို …. (ပေါ်တိုင်း ပေါ်တိုင်း သိနေလို့ရှိရင် ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)၊ ဒိဋ္ဌိပြုတ်တယ်၊ ဒါကလေးကို တစ်ခါတည်းမှတ်ထားပါ ….. (မှန်ပါ့)။
အသက်ရှုချင်တဲ့စိတ်
ပေါ်လာတဲ့စိတ်ကို ပေါ်တိုင်း ပေါ်တိုင်း သိရင် …. (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ရှုချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ သြော် ….. ရှုချင်တဲ့စိတ်ကိုး … လို့ သိပေး …. (မှန်ပါ)။
ရှိုက်ချင်တဲ့စိတ်ပေါ်လာရင်ကော …. (ရှိုက်ချင်တဲ့စိတ်လို့ သိရပါမယ်ဘုရား)။
ဒီလို ပေါ်တိုင်း ပေါ်တိုင်း သိရင် ဘာပြုတ်သတုံး …… (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)။
နေရာကျပြီ၊ နေရာကျပြီ …. နောက်က ဒကာ ဒကာမကြီးတွေ ဂရုစိုက်ပါ ….. (မှန်ပါ့)။
မိမိစိတ်ရယ်လို့ မရှိဘူး၊ သူပေါ်လာရင် ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာတဲ့စိတ်ကလေးကို ဘာရယ်လို့တော့ ခင်ဗျားတို့က အဘိဓမ္မာနဲ့ နာမည်မတင်ချင်နေ …. (မှန်ပါ့)။
သြော် … စားချင်တဲ့စိတ်ပေါ်ပြန်ပြီ၊ ဆေးလိပ်သောက်ချင်တဲ့စိတ် ပေါ်ပြန်ပြီ၊ အိပ်ချင်တဲ့စိတ်ပေါ်ပြန်ပြီ ….. (မှန်လှပါဘုရား)။
စိတ်ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ်တယ်
ဣဿာစိတ်ပေါ်ပြန်ပြီ၊ မစ္ဆရိယစိတ်ပေါ်ပြန်ပြီ … (မှန်ပါ့)၊ ဣဿာဆိုတာ ငြူစူတာ၊ မစ္ဆရိယဆိုတာ ၀န်တိုတာ …. (မှန်ပါ့ဘုရား)၊ ပေါ်တိုင်း ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ်တယ်လို့ မှတ်ထားကြပါ။
အဲဒါ အခုဘုန်းကြီးပြောတော့သာ လွယ်တယ်နော်၊ ဦးမာတင်တို့၊ ဦးသန်းမောင်တို့ ကိုယ်ဟာကိုယ်ကျတော့ ခင်ဗျားတို့ လပ်လစ်သွားတယ် …. (မှန်လှပါ)၊ လစ်လပ်သွားတယ်။
အဲဒီတော့ …. ယနေ့သည် အဆင်းကလေးမြင်တယ်၊ ဖြူနီကြောင်ကျားမြင်တယ်၊ ဟော …. မြင်ချင်တဲ့စိတ် ပေါ်ပြီ …. (မှန်ပါ့ဘုရား)။
ဘုန်းကြီးဟောတဲ့ တရားကိုကြားကြတယ်၊ ကြားတဲ့စိတ်ပေါ်တယ် … (မှန်ပါ့)။
အနံကလေးနံတယ်၊ သြော် … အနံ့သိတဲ့စိတ်ကလေးပေါ်နေတယ်၊ လျှာပေါ်ချိုချဉ်ဖန် ငန်ကလေး တင်လိုက်တယ်၊ သြော် …. ငန်တာသိတဲ့စိတ်၊ ချိုတာသိတဲ့စိတ်ကလေး ပေါ်လာတယ်၊ ဖန်တာသိတဲ့စိတ်ကလေး ပေါ်လာတယ်၊ ပေါ်တိုင်း ပေါ်တိုင်း သိလို့ရှိရင် ဒိဋ္ဌိပြုတ်ပါတယ် …. (မှန်လှပါဘုရား)။
ပေါ်တိုင်း ပေါ်တိုင်းသိရင် …. (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိပြုတယ်လို့ မှတ်ထားကြစမ်းပါ …. (မှန်ပါ့)။
ကောင်းပြီ၊ ဘယ်စိတ်ပေါ်ပေါ် ပေါ်တိုင်း ပေါ်တိုင်း သိရင် ဘာဖြစ်ကြမယ် …. (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)။
ဘယ်နှယ်ကြောင့် ဒိဋ္ဌိပြုတ်ပါလိမ့်
ဒိဋ္ဌိ ဘယ့်နှယ်ကြောင့် ပြုတ်ပါလိမ့်မလဲလို့ အမေးထုတ်တော့မှ နဂိုက ငါထင်နေတယ်၊ ပြောချင်တဲ့စိတ်ကလေးပေါ်တာကို ငါပြောလိုက်ရမယ်လို့ ငါပြောလိုက်ရတော့မလား ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ခင်ဗျားတို့က သုံးချင်လဲ သုံးပါတယ် ….. (မှန်လှပါဘုရား)။
အိပ်ချင်တဲ့ စိတ်ကလေးပေါ်လာပြန်ရင်လည်း ငါအိပ်တော့မယ်၊ ခင်ဗျားတို့က အိပ်ချင်တဲ့စိတ်ကို ငါလုပ်ပစ်မယ်လို့ ငါမရောစေနဲ့ ပြောတာပါ ….. (မှန်ပါ့)၊ ရှင်းကြပလား ….. (ရှင်းပါပြီဘုရား)။
ဘာတဲ့တုံး …… (ငါမရောစေနဲ့ ပါဘုရား)၊ ငါမရောစေနဲ့တဲ့၊ ဒီဥစ္စာ ငါရောရင် ဒိဋ္ဌိဖြစ်လို့ …. (မှန်ပါ့)၊ ရှင်းပြီနော် …… (ရှင်းပါပြီဘုရား)။
ဒါဖြင့် စိတ်ပေါ်တိုင်း ပေါ်တိုင်း ဘာစိတ်ပေါ်ပေါ် စားချင် စားချင်တဲ့စိတ်လို့ သိ၊ အိပ်ချင်တဲ့စိတ်လို့သိ၊ ဒီလိုသိနေလို့ရှိရင် ဘာပြုတ်သလဲ ….. (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ဒါကို ထပ်ပြန်တလဲလဲ မှတ်မိအောင် ပြောနေတယ်လို့ မှတ်ပါ ….. (မှန်ပါ့)။
စိတ်အစဉ်အတိုင်းပေါ်နေတာ
ဒါဖြင့် ဦးမာတင်တို့ သန္တာန်၊ ဦးသန်းမောင်တို့ သန္တာန်မှာ တစ်စိတ်ပြီး တစ်စိတ်လာနေမှာပဲ …. (မှန်လှပါဘုရား)၊ မလာပေဘူးလား …. (လာပါတယ်ဘုရား)။
တစ်စိတ်ပြီး တစ်စိတ် လာနေမယ်၊ အဲဒီလာတဲ့စိတ်ကို သြော် …. တစ်စိတ်လာပြန်ပြီ၊ သြော်… တစ်စိတ်လာပြန်ပြီ၊ သြော် … တစ်စိတ်လာပြန်ပြီလို့ သိနေလို့ရှိရင်ဖြင့် သြော် … ဒါငါမဟုတ်တာကလေးတွေ သူ့အကြောင်းတိုက်ဆိုင်လို့ ပေါ်တဲ့စိတ်ကလေးတွေ စိတ်အစဉ်အတိုင်း ပေါ်နေတာကိုး၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီ တစ်စိတ် အစဉ်အတိုင်း ပေါ်နေတာကိုးလို့ သိပြန်လို့ရှိရင်ဖြင့် ဒါ ခင်ဗျားတို့ ဒိဋ္ဌိပြုတ်တဲ့ ၀ိပဿနာဖြစ်လာလိမ့်မယ် …. (မှန်ပါ့ဘုရား)၊ ဒိဋ္ဌိပြုတ်တဲ့ ၀ိပဿနာဖြစ်မယ် …. (မှန်ပါ့ဘုရား)။
ဝိပဿနာလို့သာဆိုရတယ်၊ ဒိဋ္ဌိပြုတ်တဲ့ ၀ိပဿနာဖြစ်ပါတယ်၊ ခုနင်က အနိစ္စမြင်တဲ့ ၀ိပဿနာ၊ ဒုက္ခမြင်တဲ့ ၀ိပဿနာ မဟုတ်သေးပါဘူး …. (မှန်ပ့ါ)။
ဒါဖြင့် ဒါ ပေါ်တိုင်း ပေါ်တိုင်း ဘယ်စိတ်ပေါ် ပေါ် သိနေလို့ရှိရင်ဖြင့် ဘာပြုတ်သတုံး …. (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ရှင်းပြီနော် ….. (ရှင်းပါပြီဘုရား)။
ဘာစိတ်ပေါ်ပေါ် သိနေရင် ….. (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ အဲဒီတော့ ဒိဋ္ဌိဟာ အထူးဖြုတ်ရမှာလား၊ ပေါ်တဲ့စိတ်ကို ပေါ်တိုင်း ပေါ်တိုင်း သိရမှာလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ …. (ပေါ်တိုင်း ပေါ်တိုင်း သိရမှာပါဘုရား)။
ပုဂ္ဂိုလ်သတ္တ၀ါဖျောက်တယ်
ပေါ်တိုင်း ပေါ်တိုင်း သိနေလို့ ဒီစိတ် စိတ်တစ်မျိုးပေါ်ပြန်ပြီ၊ စိတ်တစ်မျိုးချုပ်သွားပြီ၊ စိတ်တစ်မျိုးပေါ်ပြန်ပြီ၊ စိတ်တစ်မျိုးပေါ်ပြန်ပြီလို့ ဦးသန်းမောင်တို့၊ ဦးမာတင်တို့က သိနေလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တ၀ါ ပျောက်တယ် …. (မှန်ပါ့ဘုရား)၊ မပျောက်ဘူးလား … (ပျောက်ပါတယ်ဘုရား)။
ပုဂ္ဂိုလ် သတ္တ၀ါပျောက်ထွက်သွားတော့ကို ပုဂ္ဂိုလ်မဟုတ်ဘူး၊ သတ္တ၀ါလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူး၊ စိတ်ကလေးပေါ်နေတာပဲ၊ စိတ်ကလေးပေါ်နေတာပဲ၊ ဒီလိုသိပြီး ခင်ဗျားတို့ ပေါ်တဲ့စိတ်ကို အမှတ်ပြုသိနေကြလို့ရှီရင် ဒိဋ္ဌိပြုတ်တယ်မှတ်ပါ …. (မှန်လှပါဘုရား)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒိဋ္ဌိဖြုတ်နည်းပြောပြီးလို့ရှိရင် ၀ိစိကိစ္ဆာဖြုတ်နည်း ပြောတော့မယ်နော် …. (မှန်ပါ့)၊ ဒိဋ္ဌိဟာ သူ့ဟာက ပေါ်တိုင်း ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ်တယ် …. (မှန်ပါ့)၊ သို့သော်လည်း ဒါက သက္ကာယဒိဋ္ဌိသာပြုတ်တာ …. (မှန်ပါ့)၊ မှတ်မိကြပလား … (မှတ်မိပါပြီဘုရား)။
ဘာပြုတ်သတဲ့တုံး … (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ သဿတနဲ့ ဥစ္ဆေဒိဋ္ဌိ မပြုတ်သေးပါဘူး …. (မပြုတ်သေးပါဘုရား)။
ဘုရားတစ်ဆူပွင့်မှ တစ်ခါကြားရတာ
သေသေချာချာမှတ်ကြပါ၊ ဒကာ ဒကာမတွေ ဒီဥစ္စာ ဘုရားတစ်ဆူပွင့်မှ တစ်ခါကြားရ တယ်လို့ အောက်မေ့ရတယ် ….. (မှန်ပါ့ဘုရား)၊ ဘုရားတစ်ဆူပွင့်မှ တစ်ခါကြားရတာ …. (မှန်ပါ့ဘုရား)။
အခုပဲ ခင်ဗျားတို့ မကြားဘူးလို့၊ မဖြုတ်တတ်လို့ရှိရင်ဖြင့် ငါမဟုတ်တာကို ငါလုပ်နေလိမ့်မယ်ဆိုတာလည်း ဦးသန်းမောင်တို့၊ ဦးမာတင်တို့ ငြင်းဖို့မလိုဘူး ….. (မလိုပါဘုရား)၊ ငါမဟုတ်တာ ငါလုပ်ကြတော့မှာပဲ …. (မှန်ပါ့)။
ငါမဟုတ်တာ ငါလုပ်နေကြတယ်
ဒီဟာကို ငါမဟုတ်တာ ငါလုပ်လို့ရှိရင် ဒီရောဂါဟာ ကူးစက်တော့မယ် ….. (မှန်ပါ့ဘုရား)၊ ဘယ်လိုကူးစက်မလဲ၊ ဘာမှမဆိုင်တဲ့ ဟိုဘက်က ရုပ်နာမ်ကိုလဲ ငါ့သားလုပ်တော့မယ်၊ ငါ့သမီးကော မလုပ်ဘူးပေလား …. (လုပ်ပါတယ်ဘုရား)။
ပေါ်လာတဲ့ စိတ်ကလေးကို ငါမဟုတ် သူမဟုတ်၊ စိတ်ကလေးတွေသာ ပေါ်နေတာ၊ စိတ်စဉ်တန်း ပေါ်နေတာလို့ မသိလို့ရှိရင်ဖြင့် ဒီရောဂါဟာ ၊ ဒိဋ္ဌိရောဂါဟာ ပွားသွားတော့မယ် …. (မှန်ပါ့)၊ ဒီရောဂါဟာ ပွားသွားတော့မယ်ဆိုတာ မှတ်ရုံပဲ ….. (မှန်လှပါ)၊ ဒီ ရီကော်ဒါ Recroder ကလေးလည်း ငါ့ဟာ ၊ ဒီမိုက်ကရိုဖုန်း microphone ကလေးလည်း ငါ့ဟာ ….. (မှန်ပ့ါ)၊ သြော် … ဒါတွေ ဘယ်က လာပါလိမ့်မတုံး ….. (မှန်ပါ့)။
သြော် …. ဒါ ဘယ်က လာပါလိမ့်မတုံး၊ ဒီ ….. ငါ့ဥစ္စာတွေ ဘယ်ကများ လာပါလိမ့်မတုံး၊ ခုနင်က ပေါ်လာတဲ့ စိတ်ကို ငါရယ်လို့ ထင်နေလို့၊ ဒီစိတ်က ဟိုဟာကို ပိုင်တယ်လို့ ထင်ပေးလိုက်တော့ ငါဥစ္စာဘက် ကူးသွားတယ် …. (မှန်ပါ့)၊ ရှင်းကြပါလား …. (ရှင်းပါပြီဘုရား)။
ဒိဋ္ဌိဖြုတ်နေတယ်လို့ မှတ်ပါ
မိမိစိတ်ကို ငါထင်နေရင် ပစ္စည်းကို ငါ့ဥစ္စာလို့ တစ်ခါတည်းကူးစက်ပြီး ဒီဝေဒနာပွားသွားတာပဲ …. (မှန်ပါ့ဘုရား)၊ ဒါဂရုစိုက်ပြီး နားထောင်ပါ၊ ဘာဟောနေသတုံးလို့ မေးမနေနဲ့၊ ဒိဋ္ဌိဖြုတ်နေတယ်လို့သာ အောက်မေ့ …. (မှန်လှပါ့ဘုရား)။
ဘာလုပ်နေတာတုံး … (ဒိဋ္ဌိဖြုတ်နေပါတယ်ဘုရား)၊ ဒိဋ္ဌိဖြုတ်နေတယ်ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ လေးလေးစားစား မှတ်ပါလို့ ပြောတာနော် …. (မှန်ပါ့)။
လေးလေးစားစား ဘယ့်နှယ့်မှတ်ရမတုံး၊ ခင်ဗျားတို့ အမိသတ်နိုင်တယ်၊ အဖသတ်နိုင်တယ်၊ သူတစ်ပါးဥစ္စာတွေ လိမ်လည်တယ်၊ ကောက်ကျစ်တယ်၊ ခိုးတယ်၊ ၀ှက်တယ်၊ ဓားပြတိုက်နိုင်တယ်၊ သူပုန်ထ နိုင်တယ်ဆိုတာက ဒိဋ္ဌိက ပွားတာ …. (မှန်လှပါ)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
ဒိဋ္ဌိကပေါက်ဖွားတာ
ကျန်တဲ့ အကုသိုလ်ဟူသရွေ့  ….. (ဒိဋ္ဌိပွားတာပါဘုရား)၊ ဒါကြောင့် သူ့ကို အရေးတကြီးဖြုတ်နေတာ ….. (မှန်လှပါ)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ကျန်တဲ့ အကုသိုလ်တွေဟူသရွေ့  ခင်ဗျားတို့ အမိလည်းသတ်နိုင်တယ်၊ အဖလည်းသတ်နိုင်တယ်၊ ဘုရားလည်း သတ်နိုင်တယ်ဆိုကြပါစို့ …. (မှန်လှပါဘုရား)။
ဘယ်က လာတာတုံး …. ဦးမာတင်တို့၊ ဦးသန်းမောင်တို့ (ဒိဋ္ဌိ ပေါက်ဖွားလာတာပါ ဘုရား)။
ဒိဋ္ဌိသည် ငရဲရေသောက်မြစ်
ဒါဖြင့် သူဟာ ငရဲရေသောက်မြစ်ဆိုတာ မမှန်ဘူးလား ….. (မှန်ပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ တို့ဆရာဘုန်းကြီး အခုအရေးတကြီး ပြောနေတာ ရေသောက်မြစ်အရင်းကျကျ ဖြုတ်ပေးနေတာကိုး …. (မှန်လှပါ)။
တို့အပါယ်ကို သွားမှာ စိုးရိမ်လို့ ဒီရေသောက်မြစ်ဖြတ်ပေးနေတာပါလားလို့ ဆိုတာ၊ လေးလေးစားစား မှတ်ပါလို့ ပြောလိုက်တယ် …. (မှန်ပါ့)၊ ရှင်းပြီနော် ….. (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် စားချင်တဲ့စိတ်ပေါ်လည်း စားချင်တဲ့စိတ်လို့ သိပါ …. (မှန်ပါ့)၊ အိပ်ချင်တဲ့စိတ်ပေါ်လာရင် …. (အိပ်ချင်တဲ့စိတ်လို့ သိရပါမယ်ဘုရား)၊ အိပ်ချင်တဲ့စိတ်လို့ သိပေးနေ … (မှန်ပါ့)။
ပြောချင်တဲ့စိတ်လာရင် ပြောချင်တဲ့စိတ်လို့ သိပေးနေလို့ရှိရင် သြော် …. ဒါဟာ စိတ်ကလေး၊ စိတ်ကလေး၊ စိတ်ကလေးဆိုတာ စိတ်ကလေးတွေ သိသိ၊ သိသိနေတော့ ငါက ဒီအထဲမရောလို့ရှိရင် ငါပြောချင်တယ်ဆိုတဲ့ ဥစ္စာမလာတော့ပါဘူး …. (မှန်ပါ့)။
ငါ့ကိုယ် ငါဟာကော လာသေးရဲ့ လား …. (မလာတော့ပါဘုရား)။
မလာတော့ဘူး၊ ဒါ စိတ်ကလေး သီးသန့်ပေါ်တာ၊ ဒါ စိတ်ကလေး သီးသန့်ပေါ်လာလို့ ဘုန်းကြီးတို့ ဒကာဒကာမတွေ သိနေရမယ် …. (မှန်ပါ့)။
ဒါဖြင့် ဒီဥစ္စာ စားချင်တဲ့ တဏှာ …. (မှန်ပါ့)၊ စားချင်တဲ့ တဏှာပြီးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေမှာ မစားရမနေနိုင်တဲ့ တဏှာ လာပြန်တယ် ….. (မှန်ပါ့)။
တဏှာကနှစ်မျိုး
ဒါက စားချင်တဲ့ တဏှာ၊ ဒါက မစားရ မနေနိုင်တဲ့ တဏှာပါ …. (မှန်ပါ့)။
ဒါက ဘာတုံး …. (စားချင်တဲ့ တဏှာပါဘုရား)၊ ဒီဟာက …. (မစားရမနေနိုင်တဲ့ တဏှာပါဘုရား)။
သြော် … တဏှာက နှစ်မျိုးရှိတယ်ကိုး …. (မှန်ပါ့) သဘောကျပြီနော် …. (မှန်ပါ့ဘုရား)၊
(၁) စားချင်တဲ့ တဏှာ
(၂) မစားရ မနေနိုင်တဲ့ တဏှာဘယ်နှမျိုးရှိသတုံး … (နှစ်မျိုးရှိပါတယ်ဘုရား)။
(၃) မစားရ စားရအောင် အားထုတ်မယ်ဆိုတဲ့ အလုပ်ပေါ်လာပြန်ပြီ …. (မှန်ပါ့)၊ မစားရရင် စားရအောင် အားထုတ်မယ် …. (မှန်ပ့ါ)၊ ဒီအလုပ်ကော မလာဘူးလား ….. (လာပါတယ်ဘုရား)။
ဒါဖြင့် စားချင်တဲ့ တဏှာ၊ မစားရ မနေနိုင်တဲ့ တဏှာမစားရ စားရအောင် အားထုတ်တဲ့ တရားဘယ်နှမျိုးရှိသတုံး …. (သုံးမျိုးပါဘုရား)။
နှစ်သက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်
သုံးမျိုးရှိတယ် …. တဲ့၊ ခင်ချင်တဲ့ တဏှာ၊စွဲစွဲလမ်းလမ်း တဏှာမဟုတ်ဘူးလား …….(မှန်ပါ့)။
ခင်ဖို့ရာ အားထုတ်တဲ့အလုပ် မဟုတ်ဘူးလား …. (မှန်ပါ့)၊ ဒါ သုံးမျိုးကတော့ဖြင့် နေရာတိုင်းရှိမှာပဲ …. (မှန်ပါ့)၊
နေရာတိုင်းရှိတော့ စာလိုသုံးတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ….(မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
တဏှာပစ္စယာ (ဥပါဒါနံပါဘုရား)၊ တဏှာပစ္စယာဆိုတာ ဒီကြားထဲမှာ အကြောင်း အကျိုးဆက်သေးတယ်၊ တဏှာပစ္စယာ …. (ဥပါဒါနံပါဘုရား)။
ဒီကြားထဲပြတ်နေလို့ ပစ္စယာဆိုတဲ့ အကြောင်းကလေး ပြတ်နေရင် ဒါမပေါ်ပါဘူး ….. (မှန်ပါ့)။
ဒါကြောင့် တဏှာပစ္စယာ ဥပါဒါနံ …. (မှန်ပါ့)၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ …. (မှန်ပါ့)။
ဒါ သေသေချာချာ မှတ်ပါ …. တဲ့၊ ဒီနေ့ ခပ်ရှင်းရှင်းပြတယ် …. (မှန်ပါ့)။
ပေါ့ပေါ့တန်တန်မလုပ်ပါနဲ့
မြင်ကြရဲ့ လား နောက်ကလူတွေ …. (မြင်ပါတယ် ဘုရား)၊ မမြင်ရင် မြင်အောင်ကြည့်မှ မရဘူး ….. (မှန်ပါ့)။
မမြင်ရင် မြင်အောင်ကြည့်မှ မရဘူး၊ ခပ်ကျဲကျဲထိုင်ရတယ်၊ ခေါင်းချင်း ခြားခြားကလေးသွားရတယ်၊ ပုလိပ်များ policemen များ တန်းသလို …. (မှန်ပါ့)။
တစ်ယောက်ခေါင်းကြားကို တစ်ယောက် ခေါင်းဝင်ရတယ်၊ ဒီလိုမှရတယ်၊ နို့မဟုတ်ရင် မရဘူး … (မှန်ပါ့)။
စားချင်တာက တဏှာ၊ မစားရမနေနိုင်တာက …. (ဥပါဒါန်ပါဘုရား)၊ မစားရ စားရအောင် အားထုတ်မယ်ဆိုတာက ….. (ကမ္မဘ၀ပါဘုရား)၊ ကံ၊ ကာယကံ၊ ၀စီကံ ….. (မှန်ပါ့) ရှင်းပြီနော် …. (မှန်ပါ့)။
ဒါ သေသေချာချာကြည့်ပါ၊ ဒကာ ဒကာမတို့၊ ဒါကို ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့၊ ကိုယ့်သန္တာန်ဖြစ်နေတာ ကိုယ်မသိလို့ ပြောပါတယ် …. (မှန်ပါ့)။
ဒီသုံးခုဟာ အချက်အချာပဲ
ခင်ချင်တာဟာ တဏှာ …. (မှန်ပါ့)၊ စွဲစွဲလမ်းလမ်းဖြစ်တာက …. (ဥပါဒါန်ပါ ဘုရား)၊ စွဲစွဲလမ်းလမ်းဖြစ်လို့ မခင်ရင် မနေနိုင်ဘူးဆိုတဲ့ အားထုတ်မှုက …. (ကမ္မဘ၀ပါဘုရား)။
ဒါ ခင်ဗျားတို့ သန္တာန် ဒီသုံးခုတန်းတာပဲ …. လို့ မှတ်လိုက်စမ်းပါ၊ ဒီဘ၀မှာ ဒီသုံးခုဟာ အချက်အချာပဲ ….. (မှန်ပါ့ဘုရား)၊ ဒီသုံးခုဟာ အချက်အချာပဲလို့ မှတ်ကြပါ။
ခင်ဗျားတို့ ပါးစပ်ထဲမျာ ရ ထားတာကလေးတစ်ခုက တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ …. (မှန်ပါ့)၊ ကမ္မဘ၀ ပစ္စယာ ဇာတိ၊ ဒီသုံးခုကလေးတော့ ရအောင်လုပ်ထားပါ … (မှန်လှပါ)။
ဒါ ခင်ဗျားတို့ သန္တာန်မှာ ….. တဲ့၊ တစ်ခုသော ၀တ္ထုပစ္စည်းကို မြင်တယ်၊ မြင်ရင် လိုချင်တယ်၊ လိုချင်ရင် တဏှာပဲ …. (မှန်ပါ့ဘုရား)။
ဘယ်တော့မှ မရပ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ။ လိုချင်လို့ရှိရင်ဖြင့် စွဲစွဲလမ်းလမ်း ရချင်တာပဲ …. (မှန်လှပါ)၊ ဥပါဒါန်မလာဘူးလား … (လာပါတယ်ဘုရား)။
စွဲစွဲလမ်းလမ်း လိုချင်လို့ရှိရင် အားထုတ်ရမှာပဲဆိုတာ ကမ္မဘ၀ကော မလာဘူးလား …. (လာပါတယ်ဘုရား)။
ဒီသုံးခုကစဉ်ပြီး တန်းသွားတယ်
ဒါ ဒီသုံးခု ဦးသန်းမောင်တို့ သန္တာန်မှာ၊ ၀မ်းထဲမှာ အစဉ်တန်းတာပဲ၊ စဉ်ပြီး တန်းသွားတာပဲ … (မှန်လှပါ)။
မျက်လုံးပေါက်ကလည်း ဒီသုံးခုတန်းနေတာပဲ၊ နားပေါက်ကလည်း ….(ဒီသုံးခုတန်းနေပါတယ် ဘုရား)၊ နှာခေါင်းပေါက်ကကော …. (တန်းနေပါတယ်ဘုရား)၊ လျှာပေါက်ကကော …. (တန်းနေပါတယ်ဘုရား)။
ကိုယ်ပေါက်က …. (တန်းနေပါတယ်ဘုရား)၊ မနောပေါက်က ….. (တန်းနေပါတယ်ဘုရား)၊ အဲ …. တစ်ပေါက်ပြလိုက်ရင် ပြီးတာပဲ။
ကိုင်း … ဒါဖြင့် ခင်ဗျားတို့ ရွတ်ထားတဲ့ ပါဠိကိုရွတ်ပါဆိုတော့ တဏှာ ဒါက တဏှာ (မှန်ပါ့)၊ ဒါက ပစ္စယာ …. (မှန်လှပါ)၊ ဒါက ဥပါဒါန် … (ဥပါဒါန်ပါဘုရား) ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ဒီက ဘာတုံး …. (တဏှာပါဘုရား)၊ ဒီအနီးကလေးက (ပစ္စယာပါဘုရား)၊ ဒါက … (ဥပါဒါန်ပါဘုရား)။
ဒီတစ်ခုနဲ့တစ်ခု အကြားထဲမှာ ပစ္စယာဆိုတာကလေးက သူနဲ့သူဆက်ပေးတယ် … (မှန်လှပါဘုရား)၊ တဏှာနဲ့ ဥပါဒါန်ကို ဆက်ပေးတယ်၊ ပစ္စယာဆိုတဲ့ သဘောကလေးဟာ …. (မှန်ပါ့ဘုရား)။
ပစ္စယာဆိုတာ ဆက်ပေးတဲ့သတ္တိ
တရားတစ်မျိုးတော့ မဟုတ်ပါဘူးတဲ့ …. (မှန်ပါ့)၊ ဆက်ပေးတဲ့ သတ္တိဟာ ရှိသကိုး …. လို့ သိအောင်ပြတာ …. (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါကလေးဟာ ဘာကလေးပါလိမ့် …. (ပစ္စယာပါဘုရား)၊ ပစ္စယာဆိုတာကကော …. အကြောင်းတရားက အကျိုးတရားကို ဆက်ပေးတယ်တဲ့ …. အဆက်မပြတ်ပါဘူး ပြောတာပါ …. (မှန်ပါ့ဘုရား)။
အဆက်ပြတ်သေးရဲ့ လား …. (မပြတ်ပါဘုရား)၊ တဏှာပစ္စယာ ဥပါဒါနံ ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ …. ဒါဖြင့် တဏှာပစ္စယာ ဥပါဒါနံဆိုတော့ ဒီတဏှာကလေးဟာက လိုချင်ပြီးတော့ကို ချုပ်သွားတယ်၊ ချုပ်သွားပြီးတော့ ဥပါဒါန်ပေါ်တယ် ….. (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ပေါ်သတုံးဆိုတော့ ဒီပစ္စယာကလေးကြောင့် ပေါ်တာ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဘယ်သူ့ကြောင့် ပေါ်တာတုံး ….. (ပစ္စယာကြောင့် ပေါ်ပါတယ်ဘုရား)။
ပစ္စယာဆိုတာအကြောင်း
ပစ္စယာဆိုတာ အကြောင်း …. (မှန်ပါ့)၊ ဘယ်သူ့အကြောင်းတုံးလို့ မေးဖို့မလိုဘူးလား ….. (လိုပါတယ်ဘုရား) လိုတော့ ရှေ့ ချုပ်သွားသော တရား၏အကြောင်း ….. (မှန်ပါ့)။
ဒါဖြင့် တဏှာပစ္စယာ ဥပါဒါနံမှာ ဒီတဏှာက အကြောင်းပြုလို့ ဥပါဒါန်ဖြစ်တယ် …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
တဏှာက …. (အကြောင်းပြုလို့ ဥပါဒါန်ဖြစ်ပါတယ် ဘုရား)။
တဏှာကအကြောင်းပြုလို့
ဒါသေသေချာချာ မှတ်ပါ …. တဲ့၊ တဏှာက အကြောင်းပြုလို့ ဥပါဒါန်ဖြစ်တယ်၊ သြော် … ဒါဖြင့် ဒါဟာ ဒီတဏှာ၏စွမ်းရည်သတ္တိကလေးပြတာ၊ ပစ္စယာဆိုတာ ……. (မှန်လှပါဘုရား)၊ ရှင်းပြီနော် ……(ရှင်းပါပြီဘုရား)။
ကောင်းပြီ …. ဒါဖြင့် ဒီတဏှာက ချုပ်သွားတော့ ပစ္စယာကလေးက ကျန်ရစ်တော့ ဒါ ပေါ်တာပဲ …. (မှန်ပါ့)။
ဒီတရားကိုဖြစ်ခွင့်ပေးခဲ့တယ်
ဒါဖြင့် ဒီတရားကလေးဟာ ချုပ်သာသွားခဲ့တယ် ….. တဲ့ ဒီတရားကို ဖြစ်ခွင့်ပေးခဲ့တယ် … (မှန်ပါ့)၊ မပေးဘူးလား ….. (ပေးခဲ့ပါတယ်ဘုရား)။
ဘာဖြစ်လို့တုံး …. တဏှာပစ္စယာဥပါဒါန်ကိုး …. (မှန်ပါ့)၊ သဘောပါရဲ့ လား …. (ပါ ပါပြီဘုရား)။
ဒါဖြင့် ဦးမာတင် မေးမယ်၊ ဦးသန်းမောင်က မေးမယ်၊ ဘုန်းကြီးကော မေးမယ်၊ ခင်ဗျားတို့ ကြိုက်သလိုဖြေ၊ မှားရင် ဘုန်းကြီး သြော် …. ဒါဟာ သဿတဒိဋ္ဌိသေပြီ၊ ဥစ္ဆေဒိဋ္ဌိ သေပြီဆိုတာ ဘုန်းကြီး ရှင်းပြမယ်နော် …. (မှန်ပါ့)။
တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ဒီလိုချည့်သွားမှာပဲ …. (မှန်ပါ့)၊ ကမ္မဘ၀ပစ္စယာ ဆိုလို့ရှိရင်လည်း ဒီအတိုင်းလာမှာပဲ …. (မှန်ပါ့)။
ဒီကြားထဲ ပစ္စယာတော့ ပါရမှာပဲ ….. (မှန်ပါ့)၊ ပြီးတော့မှ သူ ကမ္မဘ၀ ပစ္စယာ ဇာတိ၊ ဒီလို ….. လာမှာပဲ၊ မလာပေဘူးလား …. (လာပါတယ်ဘုရား)။
စာရထားတာနဲ့ဘာမှမဆိုင်ဘူး
အဲဒီတော့ ခင်ဗျားတို့ စာရထားတာနဲ့ ဘာမှ မဆိုင်ဘူးလို့ အောက်မေ့ပါ ….. (မှန်ပါ့)။
ဘယ့်နှယ်ကြောင့် ဘာမှ မဆိုင်ဘူးလို့ ဆိုသတုံးလို့ မေးစရာလိုတော့ ကြည့်လေ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ကျုပ်တို့အမြင်က ဒါ ဖြစ်နေတယ် ….. (မှန်ပါ့)၊ စာကတော့ တဏှာ ပစ္စယာ ဥပါဒါနံ။
ကျုပ်တို့အမြင်က အခု ဆရာဘုန်းကြီးပြလိုက်တော့ ….. တဏှာပစ္စယာ ဥပါဒါနံ။
သြော် …. ဒီတဏှာမှာ အကြောင်းရှိတယ်၊ ဥပါဒါန်ဖြစ်စေတဲ့ အကြောင်းကလေး သူ့ထဲမှာ ပါတယ် ….. (မှန်ပါ့) မပါဘူးလား …. (ပါ ပါတယ်ဘုရား)။
ဒါကြောင့် …… တဏှာပစ္စယာ ဥပါဒါနံ …. (မှန်ပါ့)၊ ဒီဥပဒါနံ အလိုလိုပေါ်တာလား၊ တဏှာက အကြောင်းပြုတာလား ….. (တဏှာက အကြောင်းပြုတာပါဘုရား)။
ဒါဖြင့် ဒီတဏှာအကြောင်းကလေးနဲ့ သူဆက်တယ် …. (မှန်ပါ့)၊ မဆက်ဘူးလား ….. (ဆက်ပါတယ်ဘုရား)။
အကြောင်းအကျိုးဆက်တယ်
အံမာလေး …. ဒါကလေး မနည်းပြောရပါလား၊ ဆက်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆက်ပါတယ်လို့ သိသွားရင် အတော်ကျေနပ်တယ် ….. (မှန်ပါ့ဘုရား)၊ တဏှာပစ္စယာ …. (ဥပါဒါနံပါဘုရား)၊ မဆက်ဘူးလား ….. (ဆက်ပါတယ်ဘုရား)၊ တဏှာတည်းဟူသော အကြောင်းတရားနဲ့ ဥပါဒါန်ဟာ ဆက်နေတယ် …. (မှန်ပါ့)၊ တဏှာတည်းဟူသော တရားက အကြောင်းမပြုခဲ့လို့ရှိရင် ဒီဥပါဒါန်ပေါ်မှာ မဟုတ်ဘူး ….. (မှန်ပါ့ဘုရား)၊ ပေါ်မလား …. (မပေါ်ပါဘုရား)၊ ဒါဖြင့် တဏှာနဲ့ ဥပါဒါန်အကြောင်း အကျိုးဆက် မဆက် …. (ဆက်ပါတယ်ဘုရား)၊ ဆက်တယ်နော် …. (မှန်ပါ့)။
ကဲ ….. ဆက်လို့ရှိရင်ဖြင့် အခု ဥပါဒါန်ပေါ်နေပြီ ….. (မှန်ပါ့)၊ မပေါ်သေးဘူးလား ….. (ပေါ်နေပါပြီဘုရား)။
ရှေ့ ဓမ္မကချုပ်သွားလို့ ပေါ်ခွင့်ပေးခဲ့တယ်
အလိုလိုပေါ်တာလားတဲ့၊ ရှေ့ ဓမ္မက ပေါ်ခွင့်ပေးခဲ့တာလား ….. (ရှေ့ ဓမ္မက ပေါ်ခွင့်ပေးခဲ့တာ ပါဘုရား)၊ သဘောကျပလား …. (ကျပါပြီ)၊ ရှေ့ ဓမ္မက ချုပ်သွားလို့ ပေါ်ခွင့်ပေးခဲ့တယ် ….. (မှန်ပါ့)။
သြော် …. ဒါဖြင့် တို့သန္တာန်ဖြစ်တဲ့ စိတ်တွေဟာ ဒီလိုပါပဲ၊ ဆက်ဆက်သွားမှာပဲဆိုတာ မသိဘူးလား ….. (သိပါတယ်ဘုရား)။
အဲဒီတော့ကို ရှေ့ ချုပ်သွားတဲ့အကြောင်းနဲ့ နောက်အကျိုးနဲ့ဟာ ဆက်နေတယ် …. (မှန်ပါ့)၊ မဆက်ဘူးလား ….. (ဆက်ပါတယ်ဘုရား)။
ဆက်တာသိရင်ဖြင့်တဲ့ ဦးမာတင်က ရှင်းတယ်၊ ဦးသန်းမောင်တို့ နောက်လာတဲ့ ဒကာ ဒကာမကြီးတွေက မရှင်းဘူး၊ မရှင်းမှာစိုးလို့ ထပ်ပြောတာ …. (မှန်ပါ့)။
ဒါဖြင့် ဒီအကြောင်းချုပ်သွားငြားသော်လည်း ဒီအကျိုးပေါ်သင့် မပေါ်သင့် ….. (ပေါ်သင့်ပါတယ်ဘုရား)။
ဘာဖြစ်လို့ ပေါ်သင့်သတုံးဆိုတော့ ပစ္စယာတဲ့၊ အကြောင်းကဆက်နေပါတယ် ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ရှေ့ အကြောင်းကြောင့် ပေါ်လာတဲ့အကျိုး
ဒါဖြင့် ဒီအကျိုးဟာ အလိုလိုပေါ်တာလား၊ ရှေ့ အကြောင်းကြောင့် ပေါ်တာလား …. (ရှေ့အကြောင်းကြောင့် ပေါ်တာပါဘုရား)။
ရှေ့ အကြောင်းကြောင့် ပေါ်ခဲ့လို့ရှိရင်ဖြင့်တဲ့ ဥစ္ဆေဒ ဒိဋ္ဌိဒကာ ဒကာမတွေ လွတ်သွားပြီ … (မှန်ပါ့)။
ဒါကလေးက အလိုလိုပေါ်တာလား၊ အကြောင်းကြောင့် ပေါ်တာလား ….. (အကြောင်းကြောင့် ပေါ်တာပါဘုရား)၊ ဒါဖြင့် အကြောင်းနဲ့အကျိုးဟာ ပြတ်သေးရဲ့ လား …. (မပြတ်ပါဘုရား)။
ဒီတစ်လုံးပိုင်ရင် ဥစ္ဆေဒ ဒိဋ္ဌိမဖြစ်ဘူး
မပြတ်လို့ယူတဲ့အတွက် ဥစ္ဆေဒိဋ္ဌိဆိုတာ ပြတ်တယ်လို့ ယူတယ်၊ အခုတော့ ဥစ္ဆေဒ ဒိဋ္ဌိဖြစ်သေးရဲ့ လား …. (မဖြစ်ပါဘုရား)၊ ရှေ့ အကြောင်းနဲ့ ဒီအကျိုးဟာလေ …. (မပြတ်ပါဘုရား)၊ မပြတ်တာသိနေတယ်၊ သြော် …. ဒီအကြောင်း မရှိဘဲနဲ့ ဒီအကျိုးပေါ်ပါ့မလား ….. (မပေါ်ပါဘုရား)။
ကောင်းပြီ ….. ဒါကလေးတစ်လုံး ခင်ဗျားတို့ ပိုင်လို့ရှိရင် ဥစ္ဆေဒ ဒိဋ္ဌိဖြင့် တို့သန္တာန်မှာ မရှိဘူးလို့ မှတ်လိုက်စမ်းပါ …. (မှန်ပါ့)၊ ဘာမှမရှိတာတုံး …. (ဥစ္ဆေဒိဋ္ဌိမရှိပါဘုရား)။
အဲဒီ ဥစ္ဆေဒ ဒိဋ္ဌိရှိနေလို့ရှိရင်လည်း ဘုန်းကြီးက ဘယ်လိုပဲ ဟောတတ် ပြောတတ်ငြားသော်လည်း ဒီ ဓမ္မကလေးတွေကို ဟောမှာကိုး၊ နောက်ဖြစ် ဟောတော့မယ် …… (မှန်ပါ့)၊
ဒါမသိရင်သောတာပန်မတည်နိုင်ဘူး
ဒါမှ အကြောင်းအကျိုးဆက်နေတဲ့သဘော မသိလို့ရှိရင် ခင်ဗျားတို့ကို ဘုန်းကြီး ဘယ်လောက်ပဲ ဟောဟော ခင်ဗျားတို့ သောတာပန် မတည်နိုင်ဘူး ….. (မှန်ပါ့)၊ သိပ်ကြောက်စရာ ကောင်းတယ် …. (မှန်လှပါ)၊ သောတာပန်တည်ခွင့်ကို မပေးနိုင်ဘူး၊ ဒီ ဥစ္ဆေဒ ဒိဋ္ဌိခံနေလို့ ….. (မှန်လှပါဘုရား)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ဘာခံနေသတုံး …. (ဥစ္ဆေဒ ဒိဋ္ဌိခံနေပါတယ်ဘုရား)၊ ဒါကြပ်ကြပ်စဉ်းစားပါ ….. (မှန်ပါ့)၊ ခင်ဗျားတို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တလုပ်ရင် တည်မယ်လို့ ထင်နေတယ်၊ မဟုတ်ဘူး မရောက်နိုင်ဘူး၊ ဒါအရင်ရှင်းပြီးမှ လုပ်ရင် ရောက်မယ် …. (မှန်ပါ့)၊ ဒါအရင်က မရှင်းဘဲနဲ့လုပ်ရင် ….. (မရောက်ပါဘုရား)၊ မရောက်ဘူးလို့ သေသေချာချာမှတ်ပါ …. (မှန်ပါ့)။
ဒါရှင်းဖို့သိပ်အရေးကြီးတယ်
ဒါဖြင့် သြော် …. ၀ိပဿနာ၏ အခြေအမြစ်ကို ပြောနေတာကိုးဆိုတာကို ဦးမာတင်တို့၊ ဦးသန်းမောင်တို့က မှတ်ရမယ် ….. (မှန်လှပါဘုရား)၊ မပျင်းနဲ့ ဒီဥစ္စာကို၊ ဒါ …. ရှင်းဖို့ သိပ်အရေးကြီးတယ် ….. (မှန်ပါ့)။
ဒါ ရှင်းပြီးတယ်ဆိုရင်ဖြင့် ဖြစ်ပျက် နှစ်ခါသုံးခါ မြင်တယ် ဆိုရင် ခင်ဗျားတို့ ခဏကလေးနဲ့ ပြီးသွားမယ် …. (မှန်ပါ့)၊ ဒါ …. မရှင်းဘဲနဲ့ အားထုတ်ရင် ဘုရားလက်ထက်က နှစ်ပေါင်းများစွာ အားထုတ်နေတာမရဘူး …. (မှန်ပါ့)။
ဒိဋ္ဌိခံနေရင် အားထုတ်လို့မရဘူး
ဒါ …. မရှင်းဘဲနဲ့ အားထုတ်ရင် ….. (မရပါဘုရား)၊ ရကိုမရဘူး၊ ဒိဋ္ဌိ အပင်းခံနေတယ် ….. (မှန်ပါ)၊ ဒိဋ္ဌိအပင်းခံနေတာ ဘယ်လို အားထုတ်၊ အားထုတ်မရဘူး …. (မှန်ပါ့)၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို မပေါ်လာဘူး ….. (မှန်ပါ့)။
ကဲ … ဘယ်လောက်ကြောက်စရာကောင်းသတုံး ….. ။ (ကောင်းပါတယ်ဘုရား)၊ ဘာဖြစ်လို့တုံး ….. ရှင်းသင့်တာ မရှင်းလို့ …. (မှန်ပါ့)၊ ဒိဋ္ဌိခွာသင့်တာကို …. (မခွာလို့ပါဘုရား)၊ မခွာလို့ ဆိုတော့ သိပ်နစ်နာနေတယ် …. (မှန်ပါ့)။
ကြပ်ကြပ်စဉ်းစားကြပါ၊ ဒီဥစ္စာ ဆရာရင်း သမားရင်း ပြောနေတယ်လို့ အောက်မေ့ ….. (မှန်လှပါဘုရား)။
ရှင်းပေးတဲ့ဆရာသမားကရှားတယ်
နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ဟာ ဘုန်းကြီးတို့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ချင်လို့လည်း မဟုတ်ဘူး၊ ဒီလို ရှင်းပေးတဲ့ ဆရာသမားက ရှားတယ် …. (မှန်ပါ့)။
ရောက်လာရင် မင်း ရှုကွာ၊ စားတာ သိသွားတာသိ၊ နေတာသိအောင် လုပ်ကွာဆိုတော့ ဒိဋ္ဌိတွေမဖြုတ်ဘဲ ဗရပွေနဲ့ဆိုရင် ဘယ်ကလာ ရမှာတုံး …. (မှန်ပါ့)။
ဒါဖြင့် တဏှာပစ္စယာ၊ ဥပါဒါနံဆိုတာ ဒီဥပါဒါနံဟာ ဦးမာတင် အကြောင်းကင်းသလား မကင်းဘူးလား ….. (မကင်းပါဘုရား)၊ ဘယ်အကြောင်းရှိသတုံး …… (ပစ္စယာအကြောင်းရှိပါတယ် ဘုရား)၊ တဏှာအကြောင်းရှိတယ် ….. (မှန်ပါ့ တဏှာအကြောင်းရှိပါတယ်ဘုရား)၊ ဒါဖြင့် တဏှာကအကြောင်းလိုက်ပို့ ဥပါဒါန်ပေါ်တာ …. (မှန်ပါ့)။
ဒါဖြင့် တဏှာနဲ့ ဥပါဒါန်သည် အကြောင်းအကျိုးဆက်လျက်ပဲ ….. (ဆက်လျက်ပါဘုရား)၊ ဆိုနိုင်ကြမယ် …. (ဆိုနိုင်ပါတယ်ဘုရား)။
ဒါဖြင့် တဏှာသည် ချုပ်ပျောက်ပင် သွားငြားသော်လည်း သူ့သတ္တိ ဒီမှာ ပေးထားခဲ့တဲ့အတွက် အကျိုးတရားပေါ်ရတယ် (မှန်ပါ့)၊ မပေါ်ဘူးလား ….. (ပေါ်ပါတယ်ဘုရား)။
အကြောင်းနဲ့အကျိုးဆက်ဆက်ပေါ်တာ
သြော် …. ဒါဖြင့် တို့သန္တာန်မှာ စိတ်တွေဟာ တစ်စိတ်ပြီးတစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် တန်းပေါ်တယ်၊ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဆက်ဆက်ပေါ်တာကိုး …… (မှန်လှပါ)၊ ဒီလို မသိဘူးလား…. (သိပါတယ်ဘုရား)။
ခုနင်က စားချင်တဲ့စိတ်ပြီး အိပ်ချင်တဲ့စိတ်၊ အိပ်ချင်တဲ့ စိတ်ပြီး ကျင်ကြီးကျင်ငယ် စွန့်ချင်တဲ့ စိတ်တွေ ဆက်ဆက်မသွားဘူးလား …. (သွားပါတယ်)။
ဒါ အကြောင်းအကျိုးဆက်သွားတာ ….. (မှန်ပါ့)၊ သိပလား …. (သိပါပြီဘုရား)။
အကြောင်းအကျိုးဆက်သွားတာ သိသဖြင့် အကြောင်းအကျိုးပြတ်သေးရဲ့ လား ….. (မပြတ်ပါဘုရား)၊ ဒါဖြင့် မပြတ်ဘူးဘုရား၊ ဆက်နေတယ်လို့ သိပြီနော် …. (မှန်ပါ့)။
ဥစ္ဆေဒဒိဋ္ဌိစင်တယ်
အကြောင်းအကျိုး …… (မပြတ်ပါဘုရား)၊ ဘယ်ဒိဋ္ဌိစင်သွားသတုံး ….. (ဥစ္ဆေဒိဋ္ဌိစင်သွားပါတယ်ဘုရား)။
အဲ …. ပြတ်တယ်ယူမှ ဥစ္ဆေဒိဋ္ဌိဖြစ်တာကိုး ….. (မှန်ပါ့)၊ အခုတော့ မပြတ်မှန်းသိတော့ ဥစ္ဆေဒ ဒိဋ္ဌိစင်မသွားဘူးလား ….. (စင်သွားပါတယ်ဘုရား)။
အဲဒီ ဥစ္ဆေဒဒိဋ္ဌိစင်သွားတော့ ဥစ္ဆေဒိဋ္ဌိ စင်ပလား …. (စင်ပါပြီဘုရား)။
ပြန်ပြီးပြတယ်၊ ပြန်ကြည့်ပါအုံး …. (မှန်ပါ့)၊ တဏှာပစ္စယာ ဘာတဲ့တုံး ….. (ဥပါဒါနံပါဘုရား)။
ဖြတ်ဆို …. ဒီတဏှာက ချုပ်သွားတယ်၊ ချုပ်သွားတော့ သူ့ပစ္စယာကလေး ထားပစ်ခဲ့တဲ့အတွက် ဒါ လာပေါ်လာတယ် ….. (မှန်ပါ)၊ မပေါ်ဘူးလား ….. (ပေါ်ပါတယ်ဘုရား)။
ချုပ်လည်းချုပ်တယ်၊ သတ္တိလည်းထားခဲ့တယ်
ဒါဖြင့် ရှေ့ တဏှာဟာ ချုပ်လည်းချုပ်တယ်၊ သတ္တိလည်း ထားခဲ့တယ် ….. (ထားခဲ့ပါတယ်ဘုရား)။
ချုပ်ကော ….. (ချုပ်လည်းချုပ်ပါတယ်ဘုရား)၊ သတ္တိကော ….. (သတ္တိလည်းထားခဲ့ပါတယ် ဘုရား)၊ ထားခဲ့လို့ ပေါ်တာပေါ့ …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
သဿတဒိဋ္ဌိစင်တယ်
ရှေ့ တဏှာချုပ်တာ ခင်ဗျားတို့ သိထားဖို့ သိထားဖို့ …. (မှန်ပါ့)၊ ဒါကလေးက ချုပ်တယ်လို့ သိသဖြင့် သြော်….. ဖြစ်လည်းဖြစ်တယ်၊ ချုပ်လည်း ချုပ်တယ်လို့သိတယ်၊ ချုပ်တာကလေးသိသဖြင့် သဿတဒိဋ္ဌိစင်တယ် ….. (မှန်ပါ့)၊ ဒါပေါ်တာသိသဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်တယ် ….. (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
တကယ်ရှင်းရဲ့ လား …. (မှန်ပါ့၊ ရှင်းပါတယ်ဘုရား)၊ သေသေချာချာလုပ်နော် ….. (မှန်ပါ့)၊ သေသေချာချာလုပ် ဒီဥစ္စာ ဘုရားတစ်ဆူမှ တစ်ခါပေါ်တာ …. (မှန်ပါ့) လွယ်လွယ်ကူကူ မှတ်မနေနဲ့ …. (မှန်ပါ့)။
နည်းတဲ့သတ္တိမဟုတ်ဘူး
ဒါသိရင် သိတဲ့အချိန်က စပြီး အပါယ်မသွားဘူး ….. (မှန်ပါ့)၊ နည်းနည်းသတ္တိ မဟုတ်ဘူး …. (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ပြန်ပြတယ်၊ ခင်ဗျားတို့က စားချင်တဲ့စိတ် တဏှာကလေးပေါ်တယ်၊ ၀က်သားစားချင်တယ်၊ ပုစွန်စားချင်တယ်၊ စားချင်တဲ့ တဏှာကလေးပေါ်တော့ မစားရ မနေနိုင်ဘူးဟေ့ ဥပါဒါန်လာတယ် … (မှန်လှပါ)။
မနေနိုင် ငါ သွားမယ်ဆိုတော့ ကာယကံ ၀စီကံ လာတယ်၊ မလာဘူးလား …. (လာပါတယ်ဘုရား)။
ဒါ ခင်ဗျားတို့ သန္တာန်မှာ တန်းနေတယ်ဆိုရင် လွဲပါ့မလား ….. (မလွဲပါဘုရား)။
ဒါဖြင့် သုံးကြပါစို့တဲ့၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဟုတ်လား….. (မှန်ပါ့)။
ပစ္စယာလုပ်သွားပြီး ပျက်တယ်
ကောင်းပြီ၊ ဒါဖြင့် ဒီတဏှာကလည်း ခင်ဗျားတို့သိတဲ့ အတိုင်းတဲ့၊ သင်္ခါရမို့ ပျက်သွားတယ် … (မှန်ပါ့)၊ ဖြစ်ပြီးပျက်ရတာပဲ၊ စိတ်ကလေးကိုး ….. (မှန်ပါ့)၊ ဖြစ်ပြီးတော့ ….. (ပျက်ရပါတယ်ဘုရား)။
ဒါ သိလိုက်တယ်၊ တဏှာကလေးဟာ ပစ္စယာလည်း လုပ်သွားတယ်၊ သူလည်း ပျက်တယ် … (မှန်ပါ့)။
ပစ္စယာလည်း …. (လုပ်သွားပါတယ်ဘုရား)၊ ပျက်လည်းပျက်တယ် …. (မှန်ပါ့)။
သက္ကာယဒိဋ္ဌိကောပါသွားတယ်
ဒါဖြင့် ပျက်တာမြင်သဖြင့် ဘယ်ဒိဋ္ဌိစင်သတုံး ….. (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)၊ နေရာကျပြီ၊ ပျက်တာမြင်သဖြင့် သဿတဒိဋ္ဌိစင်တယ်၊ သက္ကာယဒိဋ္ဌိစင်တယ်၊ (မှန်ပါ့ဘုရား)၊ သဘောကျပလား … (ကျပါပြီဘုရား)။
ပျက်တာမြင်သဖြင့် ….. (သဿတဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိ စင်ပါတယ်ဘုရား)၊ သက္ကာယဒိဋ္ဌိကောပါသွားတယ် ….. (မှန်ပါ့)၊ မပါသေးဘူးလား …. (ပါ ပါတယ်ဘုရား)။
ဒါဖြင့် ပျက်တာမြင်သဖြင့် ဘာစင်သွားပါလိမ့် ….. (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)၊ သဿတဒိဋ္ဌိဆိုတာ ခိုင်မြဲတယ်ယူတာ ….. (မှန်ပါ့)၊ ခိုင်ကြရဲ့ လား ….. (မခိုင်ပါဘုရား)။
ပစ္စယာဆိုတဲ့ သဘောကလေးကို မြင်လိုက်တဲ့အတွက် သူက ကျေးဇူးပြုလို့ ဟောဒီ ဥပါဒါန ပေါ်တာကလေးဟာ ခင်ဗျားတို့သန္တာန်မှာ မရှိဘူးလား၊ ရှိသလား …… (ရှိပါတယ်ဘုရား)။
ရှိတော့ကို သြော် ….. အရင်တရားဟာ ချုပ်လည်း ချုပ်သွားတယ်၊ နောက်တရားကိုလည်း အမွေပေးခဲ့တယ်၊ ဖြစ်ခွင့်ပေးခဲ့တယ် ….. (မှန်လှပါဘုရား)၊ မဆိုနိုင်ဘူးလား ….. (ဆိုပါတယ်ဘုရား)။
အဲ … ဖြစ်ခွင့်ပေးတယ်လို့ဆိုသောကြောင့်၊ ဖြစ်တာလည်းမမြင်ရသောကြောင့် သြော် …. ဒီဥစ္ဆေဒ ဒိဋ္ဌိ မရှိဘူး …. (မှန်ပါ့)။
ဒိဋ္ဌိ (၃) ခုစင်သွားပြီ
သူသည် သေသွားငြားသော်လည်း ဒီတရားကို အကြောင်းအကျိုး ဆက်ထားခဲ့တယ် …. (မှန်ပါ့)၊ မဆက်ဘူးလား ….. (ဆက်ပါတယ်ဘုရား)။
ဒါဖြင့် ဆက်တာသိသဖြင့် ဥစ္ဆေဒ ဒိဋ္ဌိကော ရှိသေးရဲ့ လား ….. (မရှိပါဘုရား)။
ဒါဖြင့် ဒီလိုလုပ်၊ ဟောဒီ တရားကလေးပျောက်သွားရင် ဘာဒိဋ္ဌိစင်သတုံး ….. (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)၊ ဟောဒီတရားကလေးပေါ်လာတာ သူ့အကြောင်း ကင်းရဲ့ လား …. (မကင်းပါဘုရား)၊ မကင်းလို့ဆက်သွားတာမြင်သဖြင့် …. (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်ဘုရား)၊ သုံးခုစင်သွားပြီ ….. (မှန်ပါ့)။
ပေါ်တာ စိတ်ပဲလို့သိရင် သက္ကာယဒိဋ္ဌိစင်တယ် …. (မှန်ပါ့ဘုရား)။
နောက်ပေါ်တိုင်း ပျက်တိုင်းသိရင် …. (သဿတဒိဋ္ဌိစင်ပါတယ်ဘုရား)။
နားငြီးလဲပြောရမှာပဲ
မရှင်းမချင်းပြောနေမှာပဲ၊ ခင်ဗျားတို့ နားငြီးလည်း ပြောရမှာပဲ၊ နားမငြီးလည်း ပြောရမှာပဲ၊ ဒီဥစ္စာ ငရဲမျိုးစေ့ကိုးဗျ ….. (မှန်လှပါ)။
ခင်ဗျားတို့ဝမ်းထဲ ငရဲမျိုးစေ့ရှိနေတာကို အဝေးကြီးကလာပြီး ဒါကလေးမှ ထုတ်ယူမပေး လို့ရှိရင် ခင်ဗျားတို့ကံနဲ့ ခင်ဗျားတို့ဆိုရာလည်း ရောက်တယ် ….. (မှန်ပါ့ဘုရား)။
အပါယ်ချတာဒိဋ္ဌိကချတာ
အပါယ်ချတာ ဒိဋ္ဌိက ချတာနော် …… (မှန်ပါ့)၊ ခင်ဗျားတို့က ကံမကောင်းလို့ အပါယ် ရောက်လာတယ်လို့ ထင်ကြတယ်၊ ဒိဋ္ဌိကချတာ ……. (မှန်လှပါဘုရား)။
တဏှာကိုလည်း ငါ ဥပါဒါန်ကိုလည်း ငါ ….. (မှန်ပါ့)၊ ဒီကံကြောင့် ဒါလောက်မဟုတ်ဘူး၊ ပေါ်ပလား …… (ပေါ်ပါပြီဘုရား)။
ခင်ဗျားတို့အထက်ကတော့ ဘယ်လိုထင်သတုံးလို့ မေးတော့ အကုသိုလ်က အပါယ်ချလိုက်တယ်၊ ခင်ဗျားတို့က ဒီလိုဖြစ်နေတယ် ….. (ဒီလိုဖြစ်နေပါတယ်ဘုရား)။
အာဇာနည်ခေါင်းဆောင်ကြီးတွေ
စင်စစ် ဘုန်းကြီး တစ်ခု ဥပမာပြမယ်၊ ခင်ဗျားတို့ ရန်ကုန်မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံမှုမှာ ဂဠုန်စောကို ကြိုးပေးလိုက်တယ်၊ ဟုတ်လား ….. (မှန်ပါ့)။ (ဂဠုန် တပည့်တွေက သတ်တာပါဘုရား)။
သို့သော် ….. အကြောင်းရင်းကတော့ ဂဠုန်စောပဲ …... (မှန်ပါ့)၊ မဆိုနိုင်ဘူးလား …. (ဆိုနိုင်ပါတယ်ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဒိဋ္ဌိကအမိန့်ပေးစာ
ဒီမှာ ကံကတော့ ပစ်ချလိုက်တယ်လို့ဆိုတာပဲ၊ ဒိဋ္ဌိက နောက်က အမိန့်ပေးလို့ ချလိုက်တာ ….. (မှန်ပါ့)၊ ဒိဋ္ဌိက အမိန့်ပေးလို့ ကံက ပစ်ချလိုက်တာ ….. (မှန်ပါ့)။
ဒိဋ္ဌိပြုတ်တော့ အပါယ်မကျဘူးဆိုတော့ ကံကဘာတတ်နိုင်သေးသတုံး ….. (ဘာမှမတတ်နိုင်ပါဘုရား)၊ တတ်နိုင်သေးရဲ့ လား ……. (မတတ်နိုင်ပါဘုရား)၊ ဒီကတည်းက ကံသွားပြီပေါ့ဗျာ ….. (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့က အခိုင်းအစေက စွဲချက်တင်နေတယ် ….. (မှန်ပါ့)၊ ကြိုးကလေးဆွဲတဲ့လူကို စွဲချက်တင်နေတယ်၊ ကြိုးကလေးဆွဲတာ ဘာဆိုင်သတုံးဗျာ၊ ဒီက စက်ရှင်မင်းကြီး Sessions Judge က အမိန့်ထုတ်တာက လိုရင်းပဲ၊ မဟုတ်ဘူးလား …. (ဟုတ်ပါတယ်ဘုရား)။
ခင်ဗျားတို့က ကြိုးဆွဲတဲ့လူကို ကံလုပ်နေတာ …… (မှန်ပါ့)၊ ရှင်းပလား …… (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒိဋ္ဌိနဲ့ ကံဟာ နောက်က ဒကာတွေရော ဒကာမတွေ ဘယ်ဟာက ကြောက်စရာကောင်းသတုံး …. (ဒိဋ္ဌိက ကြောက်စရာကောင်းပါတယ်ဘုရား)။
ခင်ဗျားတို့က ကံကိုကြောက်တယ်
အခု ခင်ဗျားတို့က ကံကြောက်တယ်တဲ့၊ အတော်ရှော်တဲ့ လူတွေပဲ၊ မရှော်ဘူးလား …. (ရှော်ပါတယ်ဘုရား)၊ သေသေချာချာရှော်ပါတယ် ….. (မှန်ပါ့)။
သြော် ….. ဒါအမိန့်ပေးတဲ့လူကို ကြောက်ရမယ်၊ သတ်တဲ့လူက အခိုင်းအစေပဲ ….. (မှန်ပါ့ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ယခု လက်သည်စစ်စစ် ဖမ်းတော့ကို အခု တရားပွဲမှာ စစ်စစ် ဖမ်းလိုက်တဲ့အခါကျတော့ အခုနောက်ဆုံးပိတ်မှာဆိုရင် အသတ်ခိုင်းတဲ့ လက်သည်စစ်ကို ဖမ်းကြတာပဲ ….. (မှန်ပါ့)၊ သတ်တဲ့လူတော့ ဒါလောက် အရေးမကြီးဘူး၊ ကြီးရဲ့ လား ….. (မကြီးပါဘူး)။
ဒိဋ္ဌိကအပါယ်ချတာ
ဒီမှာလည်း ခင်ဗျားတို့ အပါယ်ချတာဟာ ကံက ချတာလား၊ သြော် ….. ဒါ အမိန့်ပေးနေတဲ့ ဒိဋ္ဌိက ချတာလား ….. (ဒိဋ္ဌိက ချတာပါဘုရား)။
ဟုတ်မှ ဟုတ်ကဲ့လားလို့မေးတော့ ခင်ဗျားတို့ ရ ထားတဲ့ ပရိတ်ကြီးထဲသွားကြည့်၊ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်လိုက်တဲ့အတွက် အပါယ်အကျိုးပေးမှ လွတ်တယ်ဆိုပြီး သဟ၀ဿဒဿန သမ္ပဒါယမှာ လာတယ် ….. (မှန်ပါ့)။
ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်လိုက်တဲ့အတွက် အပါယ်လေးပါးကျသေးရဲ့ လား ….. (မကျပါဘုရား)၊ ကံပယ်လိုက်လို့လာရဲ့ လား …… (မလာပါဘုရား)။
အဲဒါတွေတော့ မတွေ့ တော့ အပါယ်ကျလိမ့်မယ်၊ ဒီကံတွေချည့် လုပ်နေလို့ရှိရင်တဲ့၊ ဆွဲချနေတာ ကံကိုချည့်ပြောနေတာပဲ ….. ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘယ်သူ့ကြောင့် အပါယ်ကျတာတုံး…… (ဒိဋ္ဌိကြောင့် အပါယ်ကျတာပါဘုရား)၊ ဘုရားကလည်း ဒိဋ္ဌိကြောင့်လို့ ဟောတော်မူတယ် ….. (မှန်ပါ့)၊ မဟောဘူးလား ….. (ဟောပါတယ်ဘုရား)။
သူများပါးစပ်လမ်းဆုံးနေတယ်
ဘယ့်နှယ့်ကြောင့် ခင်ဗျားတို့ ကံဘက်ပြောင်းသွားတာတုံး၊ သူများ ပြောသံကြားနဲ့ သူများပါးစပ် လမ်းဆုံးနေတာလား၊ သူများပါးစပ် လမ်းဆုံးတာ ကြောက်စရာအကောင်းဆုံးပဲ ….. (မှန်ပါ့ဘုရား)။
ဒါဖြင့် ခင်ဗျားတို့အလုပ်က ဘာလုပ်ကြမှာတုံး …. လို့ မေးတဲ့အခါကျတော့ ပေါ်တိုင်း ပေါ်တိုင်းကို ပေါ်တဲ့တရားမြင်စိတ်ပေါ်ပြီ၊ ကြားစိတ်ပေါ်ပြီ၊ နံစိတ်ပေါ်ပြီ၊ စားစိတ်ပေါ်ပြီ၊ ကုသိုလ်စိတ်ပေါ်တယ်၊ အကုသိုလ်စိတ်ပေါ်တယ်၊ ရှူစိတ်ပေါ်တယ်၊ ရှိုက်စိတ်ပေါ်တယ်လို့ ခင်ဗျားတို့ သိနေလို့ရှိရင်ဖြင့် သူတို့၏ ပင်ကိုဖြစ်စဉ်ကို ခင်ဗျားတို့က သိတဲ့အတွက် သက္ကာယသာဖြစ်၍ ဒိဋ္ဌိမဖြစ်ဘူး ….. (မဖြစ်ပါဘုရား)။
သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ်
ဒိဋ္ဌိမဖြစ်တော့ ဘာဖြစ်သတုံးဆိုတော့ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
သက္ကာယနဲ့ …..(သမ္မာဒိဋ္ဌိနဲ့ တွဲပါတယ်ဘုရား)၊ အရင်တုန်းကတော့ ….. (မိစ္ဆာဒိဋ္ဌိနဲ့ တွဲပါတယ်ဘုရား)၊ မိစ္ဆာဒိဋ္ဌိနဲ့ တွဲတယ် ….. (မှန်ပါ့)။
အဲဒါ ဆရာသမားဆီရောက်လို့ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ တွဲနေတာ။
အဲဒီတော့ သောတာပန်မှာလည်း ဘုန်းကြီးပြောတဲ့ စိတ်တွေအကုန်ပေါ်တာပဲ၊ သူက ဒါနဲ့ ချည့်သွားသွားတွဲတယ်၊ ပုထုဇဉ်ကတော့ ဒါနဲ့သွားတွဲတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့ သွားသွားတွဲတယ် …… (မှန်ပါ့)၊ ထူးပလား …. (ထူးပါပြီဘုရား)။
သြော် ….. ဒါဖြင့် တို့ဆရာဘုန်းကြီးသင်တာ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့တွဲ ….. (မှန်ပါ့)၊ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိဖြုတ် ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
သက္ကာယနဲ့ ….. (သမ္မာဒိဋ္ဌိနဲ့ တွဲရပါမယ်ဘုရား)၊ ဘယ်သူ့ကို ဖြုတ်ရမတုံး ….. (မိစ္ဆာဒိဋ္ဌိကို ဖြုတ်ရပါမယ်ဘုရား)။
ရှေးတုန်းကတော့ မိစ္ဆာဒိဋ္ဌိနဲ့ တွဲတယ်
အဲ ….. ရှေးတုန်းက တစ်သံသရာလုံးကတော့ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိနဲ့သာ သွားသွားတွဲတယ်၊ တွဲတာ မတွဲတာကို ဦးသန်းမောင်တို့၊ ဒကာကြီး ဦးမာတင်တို့က နားထောင်ကြည့်၊ ကိုယ်ကိုယ်တိုင် တွဲပါတယ် …. (မှန်ပ့ါ)။
ဒါကလေးတွေဟာ ယားစိတ်၊ ယံစိတ် မဟုတ်လား ….. (မှန်ပ့ါဘုရား)။
တစ်ခါတည်း ဘာဖြစ်တုံး၊ ခင်ဗျား ဒကာမကို ပြောလို့ရှိရင် အို ….. ငါ ယားလို့ပေါ့ကွ၊ ယားတဲ့စိတ်နဲ့ ငါနဲ့သွားတွဲတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲတယ် ….. (မှန်လှပါ)။
နို့ …. အခု ဘယ့်နှယ်နေသတုံး၊ မဟုတ်ဘူးလား …. (မှန်ပါ့)၊ ငါ သက်သာသွားပြီ၊ ငါနဲ့ သက်သာတဲ့ သုခနဲ့ သွားတွဲတယ်၊ ပျောက်သွားတော့ သုခနဲ့လည်း ငါပဲ သွားတွဲတယ် ….. (မှန်ပ့ါ)။
ဒါဖြင့် သက္ကာယနဲ့ ….. (မိစ္ဆာဒိဋ္ဌိနဲ့ သွားသွားတွဲတယ်)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)၊ သက္ကာယနဲ့ ….. (မိစ္ဆာဒိဋ္ဌိနဲ့ သွားသွားတွဲပါတယ်ဘုရား)၊ အခု တွဲသေးရဲ့ လား …. (မတွဲပါဘုရား)။
အခုတော့ ဒကာ ဒကာမတွေ သက္ကာယနဲ့ တွဲချင်ရင် သမ္မာဒိဋ္ဌိနဲ့တွဲ ….. (မှန်ပါ့)။
သက္ကာယနဲ့ ဘာနဲ့ တွဲကြမလဲ ….. (သမ္မာဒိဋ္ဌိနဲ့ တွဲရပါမယ်ဘုရား)။
အရိယာတို့၏ တပည့်သား
ဒါဖြင့် သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့တွဲတာက အရိယာတို့၏ တပည့်သားဖြစ်မှ တွဲတတ်တယ် …. (မှန်ပါ့)။
သုတ ၀ါ - အကြားအမြင်ရှိသော အရိယာ သာဝကော - အရိယာတို့၏ တပည့်သားဖြစ်မှ သက္ကာယနဲ့ သမ္မာဒိဋ္ဌိတွဲတတ်တယ် ….. (မှန်ပါ့) ရှင်းပလား …. (ရှင်းပါပြီဘုရား)။
အရိယာတို့၏ တပည့်သား မဟုတ်ဘူး၊ တော်အောင်ကြီးလာတဲ့၊ တော်အောင်နဲ့ပဲ ဆန်ပေါလို့ ကြီးလာတဲ့ပုဂ္ဂိုလ်မျိုးတွေကျတော့ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲတယ် ….. (မှန်ပါ့)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဒါဖြင့် သက္ကာယကြောင့် အပါယ်ကျတာလား၊ မိစ္ဆာဒိဋ္ဌိကြောင့် အပါယ်ကျတာလား ….. (မိစ္ဆာဒိဋ္ဌိကြောင့် အပါယ်ကျတာပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အတွဲတွဲလို့ …. (မှန်လှပါ)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
ပေါ်တဲ့ ဓမ္မနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲ၊ ပေါ်တဲ့ ဓမ္မနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲ၊ ခင်ဗျားတို့က လောကွတ်များလွန်းပါတယ် ….. (မှန်ပါ့ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ သုတ၀ါ အရိယာသာဝကော ဖြစ်မှသာ လာရင် ဒါနဲ့သွားနိုင်တယ် …. (မှန်ပါ့) သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် …. (မှန်ပါ့)။
သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ်
ဒါဖြင့် မြင်စိတ်ပေါ်လာတယ်၊ မြင်စိတ်လို့ ကိုယ်ကသိပေး …. (မှန်ပါ့)၊ မြင်စိတ်နဲ့ သူနဲ့သွားတွဲတာ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် …. (မှန်ပါ့)၊ ကြားစိတ်ပေါ်လို့ရှိရင်၊ ကြားစိတ်လို့သိလိုက်ရင် သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် ….. (မှန်ပါ့)၊ ပေါ်တော့ကော ….. (နံစိတ်နဲ့ သွားတွဲရပါမယ်ဘုရား)၊ နံစိတ်ရယ်လို့ ဒီကသိ ….. (မှန်ပါ့)၊ ဘာနဲ့ သွားတွဲသတုံး ….. (သမ္မာဒိဋ္ဌိနဲ့ သွားတွဲပါတယ်ဘုရား)၊ ဒီအရင်တုန်းကတော့ (မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲပါတယ်ဘုရား)။
ကြားတာဟာက ငါကြားတာကွ၊ ငါ …. နားနဲ့ဆတ်ဆတ်အံမာလေး …. (မှန်လှပါဘုရား)၊ ငါ နားနဲ့ ဆတ်ဆတ်လို့ မသုံးဘူးလား …. (သုံးပါတယ်ဘုရား)။
ဒါဖြင့် ကြာစိတ်နဲ့ ဦးသန်းမောင်တို့ ဒီဒိဋ္ဌိ သွားသွားတွဲတယ် …. (မှန်ပါ့) မတွဲပေဘူးလား …. (တွဲပါတယ်ဘုရား)
ဒါဖြင့် မတွဲကောင်းတာနဲ့ သွားတွဲတယ်၊ တွဲကောင်းတာနဲ့ သွားမတွဲတဲ့အတွက် ခင်ဗျားတို့မှာ နစ်နာပါတယ် …. (မှန်လှပါဘုရား)၊ ရှင်းပြီနော် …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒီက ရှေ့ အတွဲမှန်အောင် တွဲကြမလားလို့ ဒီနေ့တရားစ ပေးတယ် …. (မှန်ပါ့ဘုရား)၊ ဒါပေါ်တိုင်းသိနေရမယ် …. (မှန်လှပါဘုရား)။
ဝမ်းထဲက သိနေရင်တော်ပြီ
ပေါ်တိုင်း ဘာတုံး ….. (သိနေပါမယ်ဘုရား)၊ မြင်တာက မျက်လုံးထဲမှာ၊ သိတာက ၀မ်းထဲက သိရင် တော်ပြီ …… (မှန်ပါ့ဘုရား)။
ဖြစ်တာက ကိုယ်ပေါ်မှာ၊ ၀မ်းထဲက ဒီဥစ္စာ သြော် …. ယားစိတ်ကလေး ပေါ်ပြီလို့ သိရင်တော်ပြီ ….. (မှန်ပါ့)။
လောဘစိတ်ပေါ်လာရင်
ကောင်းတဲ့စိတ်ကလေးပေါ်တယ်လို့ သိရင် တော်ပြီ၊ လောဘလေး ပေါ်တာကော … (လောဘစိတ် ပေါ်မှန်းသိရင် တော်ပါပြီဘုရား)၊ သိရင်တော်ပြီ၊ သဘောကျပလား….. (ကျပါပြီဘုရား)။
ဒေါသစိတ် ပေါ်လာရင်ကော …. (ဒေါသစိတ်ပေါ်လာတယ်လို့သိရင် တော်ပါပြီဘုရား)၊ ဒေါသိစိတ ပေါ်မှန်းသိရင် တော်ပြီ၊ ၀မ်းထဲက သိ သိပေး …. (မှန်ပါ့)။
မောဟစိတ်ပေါ်လာရင်
မောဟစိတ် ပေါ်လာရင်ကော ….. (မောဟစိတ်မှန်းသိရင် တော်ပါပြီဘုရား)၊ ၀မ်းထဲက သိပေးနေရင် တော်ပြီ။
ဒါဖြင့် ဒီက သက္ကာယ၊ ဒီက သမ္မာဒိဋ္ဌိ …… (မှန်ပါ့ ဘုရား)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
သက္ကာယဒိဋ္ဌိသာ နားလည်တယ်
သက္ကာယနဲ့ သမ္မာဒိဋ္ဌိ ခင်ဗျားတို့ တွဲတက်ပြီတဲ့၊ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိ ကွဲသွားပြီ ….. (မှန်ပါ့ဘုရား) ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
သက္ကာယနဲ့ …… (မိစ္ဆာဒိဋ္ဌိ ကွဲသွားပါပြီဘုရား)၊ ကွဲပြီ (မှန်ပါ့)၊ အခု ဘာနဲ့ တွဲနေကြသလဲ …. (သမ္မာဒိဋ္ဌိနဲ့ တွဲနေပါတယ်ဘုရား)။
သက္ကာယနဲ့ ….. (မိစ္ဆာဒိဋ္ဌိနဲ့ တွဲနေပါတယ်ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ နားလည်ထားတာက သက္ကာယဒိဋ္ဌိသာ နားလည်တယ်၊ သက္ကာယ သမ္မာဒိဋ္ဌိကို နားမလည်ဘူး ….. (မှန်ပါ့)၊ မဟုတ်ဘူးလား …. (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိလို့ ပါးစပ်ထဲမှာကို ဝေနေတယ် ပြောကြတာ …. (မှန်ပါ့)။
သြော် …. သက္ကာယနဲ့ ဒိဋ္ဌိတော့ တွဲတတ်တယ်၊ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ မတွဲတတ်ဘူးဆိုတော့ကို ခင်ဗျားတို့ဟာ အဆိပ်ဆေးသာ နှုတ်တက်နေတာပဲ၊ အဆိပ်ဖြေတဲ့ ဆေးကို မလာဘူး …. (မှန်ပါ့)၊ လာသေးရဲ့ လား ….. (မလာပါဘုရား)။
ယနေ့ ဘယ်တရားအားထုတ်ရမှာတုံး
ကောင်းပြီ …. ဒါဖြင့် ယနေ့ အားထုတ်ရမယ် တရားဘယ်တရားတုံးဘုရားလို့ ဆိုလို့ရှိရင် ရှူလိုက် ရှိုက်လိုက် ရှူလိုက် ရှိုက်လိုက်လုပ်နေတော့ ရှိုက်မှန်း သိရာကနေပြီးတော့ ဖျတ်ဆို မျက်လုံးကလေး ဖွင့်လိုက်လို့ မြင်စိတ်ပေါ်လာတယ်၊ မြင်စိတ်ဖြစ်ပြီလို့ သိပေး …. (မှန်ပါ့)၊ ကြားစိတ်ဖြစ်ရင် …. (ကြားစိတ်ဖြစ်ပြီလို့ သိပေးရပါတယ်ဘုရား)၊ နံစိတ်ဖြစ်ရင် …. (နံစိတ်ဖြစ်ပြီလို့ သိရပါမယ်ဘုရား)။
အဲဒီကဲ့သို့ သိ သိနေတော့ သြော် …. ဘယ်လိုသိရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သမ္မာဒိဋ္ဌိ ….. (မှန်ပါ့)၊ သမ္မာကမှန်ကန်တာ၊ ဒိဋ္ဌိက သိတာ …..(မှန်ပါ့)။
အမှန်သိသွားပြီ
သြော် …. ဦးသန်းမောင်တို့၊ ဦးမာတင်တို့ အမှန်သိရောပေါ့ …. (မှန်ပါ့)။
ဘာတုံး …. (အမှန်သိသွားပါပြီဘုရား)၊ အရင်တုန်းကတော့ အမှားသိ ….. (မှန်ပါ့ အမှားသိပါဘုရား)၊ အရင်တုန်းကတော့ ….. (အမှားသိပါတယ်ဘုရား)။
အဲ …. ငါမြင်တယ်ဆိုတော့ …. သြော် …. ဒီဥစ္စာက မျက်လုံး စိတ်က မြင်တာ၊ မျက်လုံးစိတ် ငါလုပ်လိုက်တဲ့အတွက် အမှားသိဖြစ်နေတယ် …. (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒီနေ့ တရားနာရတာ ထူးခြားပြီး အားထုတ်ဖို့ တာဝန်ပေးတာဖြင့် တို့ရပြီ …. (မှန်ပါ့)။
အပြင်ဧည့်သည် ဘယ်နှယောက် ….(ခြောက်ယောက်ပါ ဘုရား)။ အတွင်းဧည့်သည် …. (ငါးယောက်ပါဘုရား)၊ အိမ်သည် …. (နှစ်ယောက်ပါဘုရား)။
အိမ်သည်နှစ်ယောက်
ဒါတွေ မပေါ်လို့ရှိရင် အခု နောက်ထပ် အားထုတ်မယ့် ပုဂ္ဂိုလ်များ ဒါကလေးနှစ်ခု သြော် …. လေကလေး ထွက်လာတယ်၊ သူက လုပ်တာ …. (မှန်ပါ့)။
လေကလေး ပြန်ရှိုက်နိုင်တာကော …. (သူလုပ်တာပါဘုရား)၊ ရှိုက်တဲ့စိတ်က လုပ် …. (မှန်ပါ့)၊ ဒါကလေးသိ …. (မှန်ပါ့)။
ဒါကလေး သိရာမှ စိတ်ထဲက ဟာ ဘုန်းကြီး ဘာလှူဦးမယ်ဆိုရင် ဒါ ကြားဖြတ် ပေါ်လာတာ၊ ကြားဖြတ်ပေါ်ရင် သူတို့မရှိဘူး …. (မှန်ပါ့)၊ ဒါ ကုသိုလ်စိတ်ကလေးလို့ သိပေး ….. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
ဒီနေ့က ဥပမာ - အိုက်လွန်းလို့ ယပ်ခတ်ချင်တဲ့အခါ ကျတော့ အိုက်တဲ့စိတ်ကလေး ပေါ်နေတဲ့ နေရာကို …. သြော် …. အိုက်တဲ့စိတ်ပေါ်ပြန်ပြီဆိုပြီး ဒီကသိပေး ….. (မှန်ပါ့)။
အသိက နောက်ကလိုက်ပေးပါ
အိုက်တာလေး ပျောက်သွားပြန်လည်း ပျောက်တဲ့စိတ်ကလေးပေါ်ပြီလို့ ပျောက်တဲ့စိတ်သာ ကိုယ်ပေါ်မှာပဲ ပျောက်သွားတယ်၊ ဒီကနေ သိပေး ….. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
ဒါဖြင့် ဒါတွေ ပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့ ဘာလုပ်ရမှာတုံး …. (သိရပါမယ်ဘုရား)၊ အသိနောက်က လိုက်ပေး (မှန်ပါ့)၊ ရှင်းကြပလား ….. (ရှင်းပါပြီဘုရား)။
ပေါ်တိုင်း ပေါ်တိုင်း ….. (အသိနောက်ကလိုက်ပေးရပါမယ်ဘုရား)၊ ဘယ်နှခုတုံး …. (ဆယ့်သုံးခုပါဘုရား)။
ဆယ့်သုံးခုတည်းဆိုလို့ရှိရင် ခင်ဗျားတို့ မများဘူးလို့ ဆိုရမယ် …. (မှန်ပါ့)၊ များသေးလား ….. (မများပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီလို သိတာဟာ ဘာတုံးလို့ မေးတော့ နိဂုံးချုပ်ပဲ ပြောလိုက်ပါမယ်၊ ဒိဋ္ဌိနှစ်မျိုးရှိတယ် …. (မှန်ပါ့)။
ဒိဋ္ဌိနှစ်မျိုးရှိတယ်
၁။ အနုသယသဘောနဲ့ ကိန်းနေတဲ့ ဒိဋ္ဌိတစ်မျိုး၊
၂။ ထကြွလာတဲ့ သဘောနဲ့ ကိန်းနေတဲ့ဒိဋ္ဌိတစ်မျိုး ….. (မှန်ပါ့)။
ဒါဖြင့် အနုသယဒိဋ္ဌိ၊ ပရိယုဋ္ဌာနဒိဋ္ဌိ၊ ဒိဋ္ဌိ ဘယ်နှမျိုးတုံး (နှစ်မျိုးပါဘုရား)။
အဲ …. စာလိုဖြစ်နေတော့ ခင်ဗျားတို့ နားမလည်ဘူး၊ ဒါက ဘုရားဟောတဲ့ သဘောအတိုင်း ပြောတာ ….. (မှန်ပါ့)၊ ခင်ဗျားတို့ ရှင်းအောင် တစ်မျိုးပြောရမယ်။
ကြောင်နဲ့ကြွက်ဥပမာ
ခင်ဗျားတို့ ရှင်းအောင်ကတော့ ကြောင်ဟာ ဦးသန်းမောင် ကြွက်ကို မြင်လို့ရှိရင် နေနိုင်တဲ့ အကောင်မျိုးမဟုတ်ပါဘူး၊ နေနိုင်ပါ့မလား ….. (မနေနိုင်ပါဘုရား)။
ဒါဖြင့် သူ့ဝမ်းထဲမှာ ကြွက်ကိုမြင်ရင် ဖမ်းမယ်ဆိုတဲ့ စိတ်ကလေးဟာ ၀မ်းထဲမှာ ရှိတယ်၊ ဒါ အနုသယ သဘောပဲ ကိန်းနေတယ် …. (မှန်ပါ့)။
ကြွက်မြင်ရင် ဖမ်းမယ်ဆိုတဲ့ စိတ်ကလေးဟာ ၀မ်းထဲမှာ ကိန်းနေတယ် …. (မှန်ပါ့)၊ သဘောကျလား ….. (ကျပါပြီဘုရား)။
တစ်ခါ ကြွက်ကလေးက သူနဲ့ မနီးမဝေးလာတဲ့အခါ ကျတော့ ဖျတ်ဆို ကပျာကယာထ လိုက်ပြီး ခြေသည်း လက်သည်းကလေးက ထွက်လာတယ်၊ မခုပ်သေးဘူး …. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
၁။ ခုပ်တတ်တဲ့စိတ် အနုသယဒိဋ္ဌိ
ဒါဖြင့် ဒါက ပင်ကိုက ကြွက်မြင် ခုပ်မယ်ဆိုတဲ့စိတ်၊ ခုပ်တတ်တဲ့စိတ် သူက ….. (မှန်ပါ့)၊ သူကတော့ ခုပ်မယ် ပြင်တဲ့စိတ် …. (မှန်ပါ့)၊ သဘောကျပလား ….. (ကျပါပြီ ဘုရား)။
ကောင်းပြီ …. ဒါဖြင့် ကြောင်ဟာ ဘယ်နှစိတ်ရှိသလဲ (နှစ်စိတ်ပါဘုရား)၊ ပင်ကို ခုပ်တတ်တဲ့ စိတ်၊ ကြွက်မြင်မှ ခုပ်ဖို့ ပြင်တဲ့စိတ် ….. (မှန်ပါ့)၊ သဘောကျပလား …. (ကျပါပြီဘုရား)။
၂။ ခုပ်မယ် ပြင်တဲ့စိတ် ပရိယုဋ္ဌာန ဒိဋ္ဌိ
ဒါဖြင့် ကြွက်မြင်ရင် ခုပ်တတ်တဲ့ စိတ်ကတစ်မျိုး၊ ခုပ်မယ်ပြင်တဲ့ စိတ်ကတစ်မျိုး …. ။ (မှန်ပါ့)၊ နှစ်မျိုးရှိတယ်။
အဲ …. ယနေ့တော့ဖြင့်၊ ဒီ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိ နှစ်မျိုးရှိသွားပြီ …. (မှန်ပါ့ဘုရား)၊ ဒါ အနုသယဒိဋ္ဌိ ဆိုတာက ပင်ကိုသဘောက ခင်ဗျားတို့ ၀မ်းထဲမှာ ကိန်းနေတဲ့ ဒိဋ္ဌိ …. (မှန်ပါ့ဘုရား)။
ကြွက်မြင်ရင် ခုပ်ချင်တဲ့ သဘောကလေးဟာ ပင်ကိုသဘောကရှိတယ်…. (မှန်ပါ့)၊ နောက် ကြွက်မြင်တဲ့အခါ ခြေသည်း လက်သည်းထွက်လာတဲ့ စိတ်ကောမရှိဘူးလား …. (ရှိပါတယ်ဘုရား)၊ အဲဒီ ဒိဋ္ဌိကလဲတစ်မျိုးပဲ ….. (မှန်ပါ့)။
ပေါ်တိုင်းပေါ်တိုင်း သိပါ
ဒါဖြင့် အနုသယ ဒိဋ္ဌိ၊ ပရိယုဋ္ဌာန ဒိဋ္ဌိ …. (မှန်ပါ့)၊ ဒီနေ့ ဒါတွေကို ပေါ်တိုင်း ….. ပေါ်တိုင်း သိလိုက်သဖြင့် ဟောဒီ ဒိဋ္ဌိပြုတ်သွားပြီး …. (ပရိယုဋ္ဌာန ဒိဋ္ဌိပြုတ်ပါပြီ)၊ အနုသယ ဒိဋ္ဌိ မပြုတ်ဘူး …. (မှန်ပါ့)။
အနုသယ ဒိဋ္ဌိကတော့ ဘုန်းကြီးက နောက်အလုပ်ဆက်ပေးရဦးမယ် …. (မှန်ပါ့)။
ထကြွတဲ့ ဒိဋ္ဌိပြုတ်တယ်
ဒါဖြင့် ဒိဋ္ဌိနှစ်မျိုးရှိရာတွင် ပရိယုဋ္ဌာန ထကြွတဲ့ ဒိဋ္ဌိပြုတ်ပြီ …. (မှန်ပါ့)၊ ကိန်းနေတဲ့ ဒိဋ္ဌိ မပြုတ်သေးဘူး ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒီ ဒိဋ္ဌိပြုတ်ရင် သောတာပန် အငယ်၊ ဒီ ဒိဋ္ဌိပြုတ်ရင် သောတာပန်အကြီး …. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
သောတာပန်အငယ်စား ဖြစ်ပါတယ်
ကြွက်မြင်ရင် လက်သည်းပြင်တာဆိုတဲ့ ဒိဋ္ဌိ မျိုးပြုတ်ရင် သောတာပန်အငယ်စား ဖြစ်ပါတယ်၊ အတွင်းမှာရှိတဲ့၊ ခုပ်တတ်တဲ့စိတ် ပျောက်သွားပြီဆိုရင် သောတာပန်အစစ် …. (မှန်ပါ့)၊ သဘောပါ ပလား ….. (ပါ ပါပြီဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီဟာတွေ ပေါ်တိုင်း ပေါ်တိုင်း သိနေရင် ခုနင်က ကြွက်မြင်ရင် ခြေသည်း လက်သည်းပြင်တဲ့ ဒိဋ္ဌိပြုတ်တာ ….. (မှန်ပါ့)၊ ပရိယုဋ္ဌာနပြုတ်တယ်၊ အနုသယမပြုတ်နိုင်ဘူး …. (မှန်ပါ့)။
အနုသယတော့ ခင်ဗျားတို့ အားထုတ်လို့ဖြစ်ပျက်တွေ နောက်တော့ ဆုံးပါလိမ့်မယ်၊ အဲဒီ ဆုံးတဲံအခါကျတော့မှ သူပြုတ်ပြီပြောရမယ် ….. (မှန်ပါ့)၊ ရှင်းပလား …. (ရှင်းပါပြီဘုရား)။
တစ်ဘ၀၊ နှစ်ဘ၀ အပါယ်မကျ
ဒါဖြင့် ဒီနေ့သည် ဘာဖြစ်တဲ့နေ့တုန်းလို့ မေးလို့ရှိရင်ဖြင့် ပေါ်တိုင်း ပေါ်တိုင်းသာ နောက်အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်ထုတ်ကြမယ်လို့ ဆိုလို့ရှိရင်ဖြင့် အပါယ်ကို ကျစေတတ်တဲ့ ဒိဋ္ဌိ၊ အပါယ်ကို အမြဲတမ်း ကျစေတတ်တဲ့ ဒိဋ္ဌိ၊ အပါယ်ကို ကျစေတတ်တဲ့ ဒိဋ္ဌိ၊ တစ်ဘ၀ နှစ်ဘ၀ကျအောင် ပြုတ်တယ် ….. (မှန်ပါ့ဘုရား)။
အမြဲတမ်း ဒိဋ္ဌိလွတ်အောင်တော့ နောက်မှ ဟောရမယ်၊ ဟောရလိမ့်မယ်၊ ဟောလို့လည်း မပြီးဘူး၊ အဲဒါက ….. (မှန်ပါ့ဘုရား)။
ဒီဘ၀ အပါယ်မကျတော့ဘူး
ခင်ဗျားတို့ အားထုတ်ရမယ် …. (မှန်ပါ့)၊ အခုဟောလို့ နားလည်တာနဲ့ ဒီဘ၀ စုတေမနေ၊ သေလွန်းလို့ ရှိတောင် အပါယ်တော့ မကျဘူး …. (မှန်ပါ့)။
ဘုန်းကြီးက ဟောရဲတယ် …. (မှန်ပါ့)၊ ပရိယုဋ္ဌာန ပြုတ်သွားတယ် …. (မှန်လှပါ)၊ ရှင်းပြီနော် …. (ရှင်းပါပြီဘုရား)။
ဒါဖြင့် အားလုံး ဒကာဒကာမတွေ ကိုယ့်ဒုက္ခ ကိုယ့်အပါယ်သွားရမယ့် ဒုက္ခ ကိုယ့်ဇာတ်သိမ်းတာ ဖြစ်သောကြောင့် ပေါ်တိုင်းသိကြပါ …. (မှန်ပါ့)၊ ရှင်းပလား …… (ရှင်းပါပြီဘုရား)။
ဘာလုပ်ရမတုံး ….. (ပေါ်တိုင်း သိမှာပါဘုရား)။
ပေါ်တိုင်း သိပါ၊ သဘောပါပလား ….. (ပါ ပါပြီဘုရား)။
ကဲ …. ဒီနေ့ ဒီတွင် တော်ပါဦး …..။
သာဓု …. သာဓု …. သာဓု …..။