မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ လိပ်စာက အမှတ် (၈၂)။ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က ၅၄၁၈၆၀ ပါ။
တစ်လကို ဆယ်ရက်တရားစခန်း နှစ်ကြိမ်ဖွင့်လှစ်ပါတယ်။
တရားစခန်း ၀င်လိုတဲ့ ယောဂီတွေဟာ မြန်မာ လဆန်း (၁၁) ရက် သို့မဟုတ် လပြည့်ကျော် (၁၁) ရက်နေ့တွေရဲ့  နေ့လည် ၁၂း၀၀ နာရီမှ စတင်ပြီး ယောဂီလက်ခံပါတယ်။
စခန်းဝင်ရောက်လိုတဲ့ ယောဂီက ကိုယ်တိုင်လာရောက်စာရင်းပေးရပါတယ်။ မှတ်ပုံတင်နဲ့ ဆွမ်းစရိတ် (၁၀) ရက်အတွက် ၅၅၀၀ ကျပ် ပေးသွင်းရပါတယ်။
လစဉ် မြန်မာလဆန်း (၆) ရက်နေ့နဲ့ မြန်မာလပြည့်ကျော် (၆)ရက်နေ့ တွေမှာ တရားစခန်းကို ဖွင့်ပါတယ်။ ၀င်ရောက်မယ့် ယောဂီတွေက မတိုင်ခင်တစ်ရက်အလိုမှာ ညနေ ၄း၀၀ နာရီမှာ ရောက်ရှိရပါတယ်။
အဖွဲ့ခွဲ
ပြည်တွင်းမှာတော့ လက်ရှိ အဖွဲ့ခွဲပေါင်း ၆၀၀ ကျော်ရှိပြီး ပြည်ပအဖွဲ့ခွဲများအတွက် ဆက်သွယ်နိုင်ကြပါတယ်
နာယက
အဖွဲ့ချုပ်မှာ နာယကဆရာတော်ကြီး (၁၅)ပါးရှိပါတယ်။
တရားစာအုပ်၊ ကက်ဆက်ခွေ၊ စီဒီ
မိုးကုတ်ဆရာတော်ကြီးရဲ့ တရားစာအုပ်၊ တရားခွေနဲ့ အမ်ပီသရီးခွေတွေကို အဖွဲ့ချုပ်မှာ မှာယူနိုင်ပါတယ်။ စာအုပ်စာတမ်းများ ရောင်းတဲ့ဆိုင် ဖုန်းနံပါတ်က ၇၂၅၁၃၂ ဖြစ်ပါတယ်။ မိုးကုတ်ဝိပဿနာနဲ့ ပတ်သက်တဲ့ စက်ဝိုင်းများ ပုံများ စာအုပ် အခွေများကို စုံစမ်းနိုင်ပါတယ်။
|